Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ကောရိန္သု 2:6 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

6 ငါသည် ဉာဏ်ပညာနှင့် ယှဉ်သောစကားကို ဝိညာဉ်ရေးရာ ရင့်ကျက်သော သူရို့အား ပြောဆိုပါ၏။ သို့ရာတွင် ထိုဉာဏ်ပညာကား ဤလောကနှင့် သက်ဆိုင်သည်မဟုတ်။ လောကီမင်းများနှင့်လည်း မသက်ဆိုင်။ လောကီမင်းရို့၏ တန်ခိုးအာဏာသည်လည်း ပျက်ပြယ်တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကောရိန္သု 2:6
36 ပူးပေါင်းရင်းမြစ်များ  

ဆူးပင်များကြား၌ ကျသောမျိုးစိဟူသည်ကား တရားစကားကို ကြားသော်လည်း ဤဘဝအတွက် စိုးရိမ်စိတ်များနှင့် လောကီတပ်မက်မှုများက တရားစကားကို လွှမ်းမိုးကြီးစိုးထားသဖြင့် အသီးမသီးနိုင်သောသူကို ဆိုလိုခြင်းဖြစ်၏။


ထိုအခါ ယေသျှုက “သင်သည် ပြည့်စုံသောသူတစ်ယောက်ဖြစ်ချင်လျှင် သခင်၏ဥစ္စာဟိသမျှကို ရောင်းချပြီး၊ ဆင်းရဲသားတိကို ပီးလိုက်ပါ။ ထိုသို့ပြုလျှင် သင်သည် ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ ပြီးမှ ပြန်လာ၍ ငါ့နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။


သင်ရို့၏ ကောင်းကင်ဘုံသျှင်အဖသည် ပြည့်စုံသည့်နည်းတူ — သင်ရို့သည်လည်း ပြည့်စုံခြင်း ဟိကြလော့။


ထိုအခါ သူဌေးသည် သစ္စာမဟိသော ဘဏ္ဍာစိုး၏ လိမ္မာပါးနပ်စွာပြုသော လုပ်ဆောင်ချက်အတွက် သူ့ကို ချီးမွမ်းလေ၏။ အကြောင်းမူကား ဤလောကသားတိသည် လောကီကိစ္စဆောင်ရွက်ရာ၌ အလင်း၏ သားသမီးတိထက် လိမ္မာပါးနပ်ကြ၏။”


လောက၌ မြတ်သောသူရို့ကို အရှက်ရစီခြင်းငှာ ယုတ်သောသူ၊ အထင်သေးခံရသောသူနှင့် လူရာမဝင်သောသူရို့ကို ရွီးကောက်တော်မူ၏။


ဝိညာဉ်တော်သည် လူတစ်ယောက်အား ဉာဏ်ပညာစကားကို လည်းကောင်း၊ ထိုဝိညာဉ်တော်အားဖြင့် အခြားတစ်ယောက်အား အသိပညာစကား ကို လည်းကောင်း ပီးတော်မူ၏။


ညီအစ်ကိုမောင်နှမရို့၊ သင်ရို့သည် စဉ်းစားဆင်ခြင်မှု၌ အသျှေတိကဲ့သို့ မဖြစ်စီကတ်ကေ့။ ဆိုးညစ်သောအမှု၌ အသျှေတိကဲ့သို့ ဖြစ်ကြလော့။ သို့ရာတွင် သင်ရို့၏ စဉ်းစားဆင်ခြင်မှုတွင်ကား ရင့်ကျက်သောသူရို့ကဲ့သို့ ဖြစ်ကြလော့။


ညီအစ်ကိုမောင်နှမရို့၊ ငါသည် သင်ရို့ထံပါးသို့ ရောက်လာ၍ ဘုရားသခင်၏ လျှို့ဝှက်နက်နဲသော သမ္မာတရားကို ဟောပြောသောအခါ စကားလုံးကြီးများ၊ တတ်မြောက်ထားသော ပညာများနှင့် ယှဉ်၍ ဟောပြောသည်မဟုတ်။


ထို့ကြောင့် ငါရို့သည် လူ၏ဉာဏ်ပညာအားဖြင့် သွန်သင်ဟောပြောခြင်းကို မပြုဘဲ၊ ဝိညာဉ်တော်ကို ခံယူရဟိကြသော သူရို့အား ဝိညာဉ်ရေးရာနှင့်ဆိုင်သော အရာများကို ယှင်းပြသောအခါ ဝိညာဉ်တော်၏ သွန်သင်ပီးသော စကားများကိုသာ အသုံးပြုကြ၏။


လောကီမင်းတစ်ဦးတစ်ယောက်မျှ ဤဉာဏ်ပညာတော်အကြောင်းကို မသိနားမလည်ကတ်။ အကယ်၍ သိနားလည်ကြလျှင် သူရို့သည် ဘုန်းတန်ခိုးတော်၏ အသျှင်ကို လက်ဝါးကပ်တိုင်တွင် တင်၍ သတ်ကြလိမ့်မည်မဟုတ်။


ညီအစ်ကိုမောင်နှမရို့၊ အထက်က ငါသည် သင်ရို့အား ဝိညာဉ်တော်၌ အသက်ရှင်သော သူရို့ကို ဟောပြောသကဲ့သို့ ဟောပြော၍မဖြစ်။ လောကီသားရို့ ပြုမူကြသည့်အတိုင်း ပြုမူကြသော ခရစ်တော်၌ အသျှေတိကို ဟောပြောသကဲ့သို့ ဟောပြောရ၏။


ငါရို့၏ ဝါကြွားစရာအကြောင်းမှာ ဤလောက၌ အသက်ရှင်စဉ်ကာလ အထူးသဖြင့် သင်ရို့နှင့် ဆက်ဆံရာတွင် လောကနှင့်ဆိုင်သော အသိဉာဏ်ကို အမှီမပြုဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကို အမှီပြုလျက် ဟိသည်ကို လည်းကောင်း ဘုရားသခင် ပီးသနားတော်မူသော ရိုးသားဖြူစင်ခြင်းနှင့် သန့်ယှင်းစင်ကြယ်ခြင်းဖြင့် လည်းကောင်း ကျင့်ကြံပြုမူလျက်ဟိသည်ကို ကိုယ့်ကိုကိုယ်သိသောစိတ်က သက်သီခံလျက်ဟိ၏။


ညီအစ်ကိုမောင်နှမရို့၊ ဝမ်းမြောက်ကြလော့။ ပြည့်စုံစီရန်အတွက် ကြိုးစားအားထုတ်လော့။ ငါ၏ တိုက်တွန်းချက်ကို နားထောင်ကြလော့။ အချင်းချင်း စိတ်သဘောတူညီလျက် သင့်မြတ်စွာ နီထိုင်ကြလော့။ သို့ပြုလျှင် ဘုရားသခင်၏ မေတ္တာတော်နှင့် ငြိမ်သက်ခြင်းသည် သင်ရို့နှင့်အတူ ဟိတော်မူလိမ့်မည်။


အကယ်၍ ငါရို့ဟောပြောသည့် ဧဝံဂေလိတရားသည် ဖုံးအုပ်လျက်ဟိလျှင် ပျက်စီးဆုံးရှုံးခြင်းသို့ ရောက်သောသူတိအတွက်သာ ဖြစ်၏။


ထို့ကြောင့် ဤလောကကို အစိုးရသောဘုရားသည် မယုံကြည်သောသူရို့၏စိတ်ကို အမှောင်ဖုံးထားသဖြင့် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်တည်းဟူသော ခရစ်တော်၏ ဘုန်းတန်ခိုးတော်အကြောင်း သတင်းကောင်း၏ အလင်းကို သူရို့သည် မမြင်ရကြ။


ထိုကာလ၌ သင်ရို့သည် လောက၏ဆိုးညစ်သော လမ်းသို့ လိုက်ခကြ၏။ သင်ရို့သည် အာကာသကောင်းကင်၌ဟိသော ဝိညာဉ်တန်ခိုးများကို အစိုးရသောသူကို နာခံသောသူများဖြစ်ပြီး၊ ထိုသူသည်ကား အဂုအခါ ဘုရားသခင်၏ အလိုကို မနာခံသောသူရို့၌ လုပ်ဆောင်နိန်သောသူဖြစ်၏။


သို့ဖြစ်၍ ငါရို့သည် လူတိုင်းကို ခရစ်တော်၌ ရင့်ကျက်သောသူအဖြစ် ဘုရားသခင်၏ မျက်မှောက်တော်သို့ ရောက်စီနိုင်ရန် ဉာဏ်ပညာဟိသမျှဖြင့် လူတိုင်းကို သတိပီးဆုံးမကာ ခရစ်တော်၏အကြောင်းကို ဟောပြောကြ၏။


ခရစ်တော်ယေသျှု၏ အခိုင်းအစီဖြစ်၍ သင်ရို့အထဲက တစ်ဦးဖြစ်သော ဧပဖြကလည်း နှုတ်ဆက်လိုက်ပါ၏။ သင်ရို့သည် ဘုရားသခင်၏ အလိုတော်ကို ပြည့်ဝစွာလိုက်နာကာ ရင့်ကျက်၍ ယုံကြည်ခြင်းပြည့်ဝသော ခရစ်ယာန်များအဖြစ် ခိုင်မြဲစွာ ရပ်တည်နိုင်ကြစီရန် သူသည် သင်ရို့အတွက် စိတ်အားထက်သန်စွာ အမြဲတစီ ဘုရားသခင်ထံတော်၌ ဆုတောင်းပီးလျက်ဟိ၏။


တစ်နည်းဆိုသော် ကြေခဲသောအစာသည် အရွယ်ရောက်ပြီးသော သူရို့အတွက်သာ ဖြစ်၏။ ထိုသူရို့သည် လေ့ကျင့် ထားပြီးဖြစ်သောကြောင့် အကောင်းအဆိုးကို ပိုင်းခြားသိမြင်နိုင်စွမ်း ဟိကြ၏။


သို့ဖြစ်၍ ငါရို့သည် ခရစ်ယာန်တရားတော်၏ အခြေခံသွန်သင်ချက်များကို ကျော်လွန်၍ ရင့်ကျက်သောဩဝါဒတရားတိကို ကျင့်ကြကုန်အံ့။ သီခြင်းတရားသို့ ပို့ဆောင်သော အကျင့်များမှ နောင်တရခြင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊


ထိုသို့သော ဉာဏ်ပညာသည် ကောင်းကင်မှ လာသည်မဟုတ်ဘဲ လောကနှင့်လည်းကောင်း၊ ဇာတိပကတိနှင့်လည်းကောင်း၊ နတ်ဆိုးများနှင့်လည်းကောင်း စပ်ဆိုင်ပေ၏။


အကြောင်းမူကား ငါရို့ အားလုံးသည် နည်းအမျိုးမျိုးဖြင့် မှားယွင်းတတ်ကြ၏။ စကားအားဖြင့် မှားယွင်းခြင်းမဟိသောသူမူကား မိမိကိုယ်ခန္ဓာတစ်ခုလုံးကို ထိန်းချုပ်နိုင်သည့် စုံလင်သောသူ တစ်ယောက်ဖြစ်၏။


သို့ရာတွင် သင်ရို့သည် ဆင်းရဲဒုက္ခကို အနည်းငယ်မျှသာ ခံစားပြီးသောအခါ ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်စီလျက် ထာဝရဘုန်းတော်ကို ဝင်စားခွင့်ပီးရန် ခေါ်တော်မူသောအသျှင်၊ ကျေးဇူးတော်အပေါင်းနှင့် ပြည့်စုံတော်မူသော ဘုရားသခင်ကိုယ်တော်တိုင်သည် သင်ရို့ကို စုံလင်စီ၍ ခွန်အားနှင့် ပြည့်ဝစီကာ ခိုင်ခံ့စွာ ရပ်တည်စီတော်မူလိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ