Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ကောရိန္သု 15:54 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

54 ပုပ်ပျက်တတ်သောအရာသည် မပုပ်မပျက်နိုင်သော အရာသို့လည်းကောင်း၊ သီတတ်သောအရာသည် မသီနိုင်သော အရာသို့လည်းကောင်း ပြောင်းလဲသောအခါ “သီခြင်းတရားကို ဖျက်ဆီးပစ်ယာ။ သီခြင်းတရားကို အောင်လီယာ” ဟူသော ကျမ်းစကားသည် မှန်ကန်လာပေလိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကောရိန္သု 15:54
12 ပူးပေါင်းရင်းမြစ်များ  

ထိုသူရို့သည် သီဆုံးခြင်းမဟိဘဲ ကောင်းကင်တမန်ပိုင် ဖြစ်ကြလိမ့်မည်။ သူရို့သည် သီဆုံးခြင်းမှ ရှင်ပြန်ထမြောက်သောသူများဖြစ်၍ ဘုရားသခင်၏သား ဖြစ်ကြ၏။


အကြောင်းမူကား သူရို့သည် မဖောက်ပြန်၊ မပျက်စီးတတ်သော ဘုရားသခင်ကို ကိုးကွယ်ဝတ်ပြုမည့်အစား ဖေါက်ပြန်ပျက်စီးတတ်သော လူ သို့မဟုတ် ငှက် သို့မဟုတ် တိရစ္ဆာန် သို့မဟုတ် တွားလားသတ္တဝါ ကဲ့သို့သော ရုပ်တုများကို ကိုးကွယ်ဝတ်ပြုလျက်ဟိကြ၏။


ကောင်းသောအကျင့်ကို အမြဲကျင့်လျက် ဘုန်းတန်ခိုးတော်နှင့် ဂုဏ်တော်ကို လည်းကောင်း၊ ဖေါက်ပြန် ပျက်စီးခြင်းမဟိသောအသက်ကို လည်းကောင်း ရှာသော သူရို့အား ဘုရားသခင်က ထာဝရအသက်ကို ပီးတော်မူလိမ့်မည်။


ထို့ကြောင့် သင်ရို့သည် သင်ရို့၏ ဇာတိခန္ဓာအလို နောက်သို့ လိုက်ပါကြရသည့်တိုင်အောင်၊ သီတတ်သောသင်ရို့၏ဇာတိခန္ဓာ၌ အပြစ်တရားကို အုပ်စိုးခွင့် မပီးကတ်ကေ့။


ထိုမျှမက ယေသျှုကို သီခြင်းမှ ထမြောက်စီတော်မူသော ဘုရားသခင်၏ဝိညာဉ်တော်သည် သင်ရို့အထဲ၌ ကိန်းဝပ်တော်မူလျှင် ခရစ်တော်ကို သီခြင်းမှ ထမြောက်စီတော်မူသော ဘုရားသခင်သည် သင်ရို့အထဲ၌ ဟိသော မိမိ၏ဝိညာဉ်တော်အားဖြင့် သီတတ်သော သင်ရို့၏ကိုယ်ခန္ဓာကိုလည်း အသက်ရှင်ရသောအခွင့်ကို ပီးတော်မူလိမ့်မည်။


ယေသျှု အသက်ရှင်တော်မူခြင်းသည် သီတတ်သော ငါရို့ကိုယ်ခန္ဓာ၌ ထင်ရှားမည်အကြောင်း ငါရို့သည် အသက်ရှင်လျက် ဟိသမျှကာလပတ်လုံး ယေသျှုအတွက် သီဖီးနှင့် ရင်ဆိုင်လျက် နိန်ကြရ၏။


ထိုမြီကြီးခန္ဓာ၌ နီရစဉ် ငါရို့သည် ဒုက္ခကို ခံစားရ၍ ညည်းတွားကြ၏။ ထိုသို့ ညည်းတွားခြင်းမှာ ငါရို့၏ မြီကြီးခန္ဓာကို ဖယ်ယှားလို၍မဟုတ်။ သီတတ်သောအရာကို အမြဲတမ်း အသက်ရှင်သည့်အရာသို့ ပြောင်းလဲစီရန် ကောင်းကင်ဘုံနှင့်ဆိုင်သော ခန္ဓာကို လိုချင်သောကြောင့်ဖြစ်၏။


ထိုနိ့၌ ကိုယ်တော်သည် မိမိ၏ သန့်ယှင်းသောသူများအားဖြင့် ဘုန်းတော် ထင်ရှားရန်နှင့် ယုံကြည်သောသူအပေါင်းရို့၏ အံ့ဩချီးမွမ်းခြင်းကို ခံယူရန် ကြွလာတော်မူလိမ့်မည်။ ငါရို့ ဟောပြော သက်သီခံချက်ကို သင်ရို့သည်လည်း ယုံကြည်ကြသောကြောင့် ထိုသူရို့၌ အပါအဝင်ဖြစ်ကြ၏။


ထို့နောက် သီမင်းနှင့် မရဏာနိုင်ငံသည် မီးအိုင်ထဲသို့ ပစ်ချခြင်းကို ခံရကြ၏။ ဤမီးအိုင်သည် ဒုတိယသေခြင်း ဖြစ်သည်။


ကိုယ်တော်သည် သူရို့၏ မျက်ရည်ဟိသမျှကို သုတ်တော်မူလိမ့်မည်။ နောက်တဖန် သီဆုံးခြင်း၊ ဝမ်းနည်းပူဆွီးခြင်း၊ ငိုကြွီးခြင်းနှင့် နာကျင်ခြင်းများသည် မဟိရ။ ရှိ့ဖြစ်ဖူးသော အရာများသည် ပျောက်ကွယ်လားယာ” ဟု ဆို၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ