Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ကောရိန္သု 15:47 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

47 ပထမလူအာဒံသည် မြီကြီးမှ ဖန်ဆင်းထားသောသူဖြစ်၏။ ဒုတိယလူမူကား ကောင်းကင်ဘုံမှ လာသောသူဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကောရိန္သု 15:47
16 ပူးပေါင်းရင်းမြစ်များ  

ဗျာဒိတ်တော်သည်ကား “အပျိုစင်တစ်ယောက်သည် ပဋိသန္ဓေတည်၍ သားယောက်ျားကို ဖွားမြင်လိမ့်မည်၊ ထိုသားကို ဧမာနွေလဟူ၍ အမည်မှည့်ရလိမ့်မည်” ဟု လာသတည်း (ဧမာနွေလ၏အဓိပ္ပာယ်ကား “ငါရို့နှင့်အတူဟိသော ဘုရားသခင်” ဖြစ်၏)။


ဤနိ့တွင် ဒါဝိဒ်မြို့၌ အသျှင်ခရစ်တော်တည်းဟူသော ကယ်တင်သျှင်သည် သင်ရို့အဖို့အလို့ငှာ ဖွားမြင်ခြင်းကို ခံတော်မူဗျာယ်။


အထက်မှ ကြွလာသောသူကား အလုံးစုံတိထက် ကြီးမြတ်သောသူဖြစ်၏။ မြီကြီးမှ လာသောသူသည် မြီကြီးနှင့်သာဆိုင်၏။ ထိုသူသည်လည်း မြီကြီးအကြောင်းကိုသာ ပြောတတ်၏။ သို့သော်လည်း ကောင်းကင်မှ လာသောသူကား အရာအားလုံးထက် ကြီးမြတ်သောသူဖြစ်၏။


ဘုရားသခင် ပီးတော်မူသော ထိုမုန့်ကား ကောင်းကင်ဘုံမှ ဆင်းသက်၍ ဤလောကီသားအား အသက်ကို ပီးသောသူဖြစ်၏” ဟု မိန့်တော်မူ၏။


လူသားအားလုံး၏ အသျှင်ဖြစ်တော်မူသော ယေသျှုခရစ်တော်အားဖြင့် ငြိမ်းသက်ခြင်းဆိုင်ရာ သတင်းကောင်းကို ကြေညာတော်မူလျက်၊ ဣသရေလလူမျိုးတိပါးသို့ ဘုရားသခင် ပို့ဆောင်ပီးလိုက်သော သတင်းကောင်းတရားကို သင်ရို့ သိကြ၏။


ကျမ်းစာလာသည်ကား “ပထမလူအာဒံသည် အသက်ရှင်သော သတ္တဝါဖြစ်လာ၏” ဟု လာ၏။ နောက်ဆုံးဖြစ်သော အာဒံသည်ကား အသက်ရှင်စီတတ်သော ဝိညာဉ်ဖြစ်၏။


ဝိညာဉ်ခန္ဓာသည် အယင်ဦးစွာ ဖြစ်လာသည် မဟုတ်။ ဇာတိခန္ဓာဖြစ်ပေါ်ပြီးမှ ဝိညာဉ်ခန္ဓာ ဖြစ်ပေါ်လာ၏။


ယာယီတဲဖြစ်သော ငါရို့၏ မြီကြီးခန္ဓာသည် ပျက်စီးလားလျှင် ကောင်းကင်ဘုံ၌ လူ့လက်ဖြင့် မတည်ဆောက်ဘဲ ဘုရားသခင် တည်ဆောက်တော်မူသော ထာဝရအိမ် ဟိကြောင်းကို ငါရို့ သိကြ၏။


ငါရို့၏ဘာသာတရားသည် ဇာလောက်ထိ နက်နဲသည်ကို ဇာသူမျှ မငြင်းနိုင်ပေ၊ ကိုယ်တော်သည် လူသား၏ ပုံသဏ္ဍန်အားဖြင့် ပေါ်ထွန်းတော်မူသည်မှာ ဟုတ်မှန်တော်မူကြောင်းကို ဝိညာဉ်တော်အားဖြင့် ဖော်ပြတော်မူပြီ၊ ကောင်းကင်တမန်များသည် ကိုယ်တော့်ကို မြင်ရကြပြီ။ ကိုယ်တော်၏အကြောင်းကို လူမျိုးအပေါင်းရို့အား ဟောပြောကြပြီ၊ လောကီသားရို့သည်လည်း ယုံကြည်ကြပြီ၊ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ