Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ကောရိန္သု 15:2 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

2 ထိုသတင်းကောင်းတရားကား သင်ရို့ကို ငါ ဟောပြောခသည့် သတင်းကောင်းတရားပင် ဖြစ်၏။ သင်ရို့သည် ထိုဧဝံဂေလိတရားကို စွဲမြဲစွာယုံကြည်လက်ခံသောကြောင့် ကယ်တင်ခြင်းကို ခံကြရ၏။ ထိုသို့မဟုတ်လျှင် သင်ရို့ ယုံကြည်ခသည်မှာ အချည်းနှီးသက်သက် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကောရိန္သု 15:2
31 ပူးပေါင်းရင်းမြစ်များ  

ကျောက်ခံမြီ၌ ကျသောမျိုးစိ့ကား နှုတ်ကပတ်တရားတော်ကို ကြားသောအခါ ဝမ်းမြောက်စွာ ခံယူသူကို ဆိုလို၏။ သို့သော်လည်း သူရို့၏ စိတ်နှလုံး၌ အမြစ်မစွဲ၊ ကာလအနည်းချေရာ ယုံကြည်လက်ခံကြ၏။ စုံစမ်းနှောက်ယှက်ခြင်းနှင့်တွိ့သောအခါ သူရို့သည် ဖောက်ပြန်လားကြ၏။


ဘုရားသခင်ကိုလည်း ချီးမွမ်းပြီးလျှင် လူအပေါင်းရို့ရှိ့တွင် မျက်နှာပွင့်လန်းလျက် ဟိကြ၏။ သခင်ဘုရားသည်လည်း ကယ်တင်ခြင်းခံရသူရို့၏ အရီအတွက်ကို နိ့စဉ်နှင့်အမျှ တိုးပွားစီတော်မူ၏။


သျှိမုန်ကိုယ်တိုင်လည်း ယုံကြည်သဖြင့် ဗတ္တိဇံကို ခံယူပြီးနောက် ဖိလိပ္ပုထံတွင် ဆည်းကပ်၍ ကြီးစွာသော အံ့ဩဖွယ်ရာ နိမိတ်လက္ခဏာများကို မြင်တွိ့ရသောအခါ လွန်စွာအံ့သြလေ၏။


ငါသည် သတင်းကောင်းတရားတော်၌ ယုံကြည်ခြင်း အပြည့်ဟိပါ၏၊ အကြောင်းမူကား၊ ဤတရားသည် ရှီးဦးစွာ၌ ယုဒလူ၊ ထို့နောက် တခြားလူမျိုးတိနှင့်တကွ ယုံကြည်သူအားလုံးကို ကယ်တင်ခြင်းပီးနိုင်သော ဘုရားသခင်၏တန်ခိုးတော် ဖြစ်သောကြောင့် ဖြစ်၏။


ထို့ကြောင့် လဲသောသူရို့အား ပြင်းထန်စွာ စီရင်တော်မူတတ် သော်လည်း သင့်အား သနားတော်မူတတ်သောဘုရားသခင်၏ ပြင်းထန်သောစီရင်တော်မူခြင်းနှင့် သနားတော်မူခြင်းကို ဆင်ခြင်ထောက်ရှုလော့။ သင်သည် ကိုယ်တော်၌ ဆက်လက်၍ တည်နိန်လျှင် သနားတော်မူခြင်းကို ခံရလိမ့်မည်။ ထိုသို့မဟုတ်လျှင် သင်သည်လည်း ခွတ်ပစ်ခြင်းကို ခံရလိမ့်မည်။


အကြောင်းမူကား၊ ပျက်စီးခြင်းသို့ ရောက်သောသူရို့ဖို့ လက်ဝါးကပ်တိုင်ထက်၌ ခရစ်တော်၏ အသီခံတော်မူခြင်းတရားသည် အဓိပ္ပာယ်မဟိသော တရားဖြစ်၏။ သို့ရာတွင် ကယ်တင်ခြင်းခံရသော ငါရို့အတွက်မူကား ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏။


အကြောင်းမူကား လူသည် မိမိကိုယ်ပိုင် ဉာဏ်ပညာဖြင့် ဘုရားသခင်အား မသိနိုင်စီခြင်းငှာ ဘုရားသခင်သည် မိမိ၏ဉာဏ်ပညာတော်ဖြင့် စီရင်တော်မူ၏။ “အချည်းနှီးသော” တရားဖြစ်သည်ဟု လူရို့ထင်မှတ်ထားသော ငါရို့ဟောပြောသော သတင်းကောင်းတရားအားဖြင့် ဘုရားသခင်သည် မိမိအား ယုံကြည်သူရို့ကို ကယ်တင်တော်မူခြင်းငှာ စိတ်ပိုင်းဖြတ်တော်မူလေ၏။


သင်ရို့သည် ငါ့ကို အစဉ်အောက်မိ့သတိရ၍ ငါပီးအပ်ခသော သွန်သင်ချက်အတိုင်း လိုက်နာပြုကျင့်သောကြောင့် သင်ရို့ကို ငါချီးကျူး၏။


ခရစ်တော်သည် သီခြင်းတရားမှ ထမြောက်တော် မမူခလျှင် ငါရို့၏ဟောပြောခြင်းသည် အကျိုးမဟိ။ ထို့နည်းတူ သင်ရို့၏ယုံကြည်ခြင်းသည်လည်း အကျိုုးမဟိ။


ဇာကြောင့်ဆိုသော် ငါရို့သည် ဘုရားသခင်အား ခရစ်တော်ပူဇော်သည့် မွှီးကြိုင်သောရနံ့ဖြစ်ကြပြီးလျှင် ထိုရနံ့သည် ကယ်တင်ခြင်း ခံရသော သူရို့ပါးသို့ လည်းကောင်း၊ ပျက်စီးခြင်းသို့ရောက်သော သူရို့ပါးသို့ လည်းကောင်း ပြန့်နှံ့လေ၏။


ငါရို့သည် ဘုရားသခင်၏ လုပ်ဖော်ဆောင်ဖက်များ ဖြစ်ကြသည်နှင့်အညီ သင်ရို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရသောသူများဖြစ်၍၊ ထိုကျေးဇူးတော်ကို အကျိုးမဲ့ မဖြစ်စီကြရန် သင်ရို့အား တောင်းပန်၏။


သင်ရို့၏ တွိ့ကြုံခံစားခသည့် အရာအားလုံးသည် အလကား ဖြစ်လားခယာလား။ အမှန်ပင် အလကား ဖြစ်လားခယာလား။


သင်ရို့သည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းကို ခံကြရ၏။ သင်ရို့၏ ကြိုးစားအားထုတ်မှုကြောင့် မဟုတ်။ ဘုရားသခင်ပီးတော်မူသော ဆုလက်ဆောင်ဖြစ်၍ ဇာသူလေ့ ဝါကြွားစရာအခွင့် မဟိ။


သို့ရာတွင် သင်ရို့ ကြားသိရသည့် သတင်းကောင်း၏ မျှော်လင့်ခြင်းမှ သင်ရို့သည် မယိမ်းမယိုင်စီဘဲ ခိုင်မြဲစွာ အုတ်မြစ်ချထားသည့် ယုံကြည်ခြင်း၌ ဆက်၍ တည်နိန်ကြရမည်။ ထိုသတင်းကောင်းကို မြီကြီးထက်၌ဟိသော လောကီသားတိုင်းအား ဟောပြောနိန်သည်ဖြစ်၍ ငါပေါလုသည် ထိုသတင်းကောင်းအတွက် အခိုင်းအစီ ဖြစ်လာ၏။


သို့ဖြစ်၍ ညီအစ်ကိုမောင်နှမရို့၊ ငါရို့၏ဟောပြောခြင်းအားဖြင့် လည်းကောင်း၊ ငါရို့၏ ပီးစာအားဖြင့် လည်းကောင်း သင်ရို့အား သွန်သင်ခသည့် သမ္မာတရားများကို သင်ရို့သည် စွဲကိုင်၍ ခိုင်ခံ့စွာ ရပ်တည်ကြလော့။


ကိုယ်တော်သည် ငါရို့ကို ကယ်တင်တော်မူ၍ မိမိ၏လူစုထဲသို့ ခေါ်သွင်းတော်မူ၏။ ငါရို့၏လုပ်ဆောင်ခြင်းကြောင့်မဟုတ်၊ ကိုယ်တော်၏ရည်ရွယ်ချက်နှင့် ကျေးဇူးတော်ကြောင့်ဖြစ်၏။ ကိုယ်တော်သည် ရှိ့ကာလ မတည်မှီကပင် ဤကျေးဇူးတော်ကို ခရစ်တော်ယေသျှုအားဖြင့် ငါရို့အား ပီးထားတော်၏။


ကတိပီးထားတော်မူသော အသျှင်သည် သစ္စာနှင့် ပြည့်စုံတော်မူသည်ဖြစ်၍ ငါရို့ ဝန်ခံထားသော မျှော်လင့်ခြင်းကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားကြကုန်အံ့။


ထို့ကြောင့် ငါရို့သည် လမ်းမလွဲစီခြင်းငှာ ငါရို့ကြားနာပြီးသော သမ္မာတရားကို သာ၍ ခိုင်မြဲစွာ ဆုပ်ကိုင်ထားကြရမည်။


ငါရို့သည် အစဦးကပင် ရထားပြီးသော ယုံကြည်ခြင်းကို အဆုံးတိုင်အောင် ဆုပ်ကိုင်ထားကြလျှင် ခရစ်တော်နှင့်အတူ လုပ်ဖော်ကိုင်ဖက်များကြ၏။


သို့ရာတွင် ယေသျှုသည် ဘုရားသခင်၏အိမ်တော်ကို အုပ်စိုးရသော သားတော်အဖြစ်ဖြင့် သစ္စာဟိတော်မူ၏။ ငါရို့သည် ရဲစွမ်းသတ္တိနှင့် ပြည့်စုံလျက်၊ ငါရို့၏မျှော်လင့်သောအရာ၌ တည်နိန်ကြလျှင် ကိုယ်တော်၏အိမ်တော်ပင်ဖြစ်ကြ၏။


သို့ဖြစ်၍ ငါရို့ ခံယူထားသော ယုံကြည်ခြင်းတရားကို ခိုင်ခံ့စွာ ဆုပ်ကိုင်ထားကြလော့။ အကြောင်းမူကား ဘုရားသခင်၏သားတော် ယေသျှုတည်းဟူသော ကောင်းကင်ဘုံသို့ ဝင်ရောက်တော်မူသော ကြီးမြတ်တော်မူသည့် ယဇ်ပုရောဟိတ်မင်းတစ်ပါးသည် ငါရို့၌ ဟိတော်မူသောကြောင့် ဖြစ်၏။


ငါ့ညီအစ်ကို မောင်နှမရို့၊ တစ်စုံတစ်ယောက်သောသူက ငါ၌ ယုံကြည်ခြင်းဟိ၏ဟု ဆိုသော်လည်း အကျင့်မဟိလျှင် မည်သို့ အကျိုးဟိမည်နည်း။ ထိုသို့သော ယုံကြည်ခြင်းသည် ထိုသူကို ကယ်တင်နိုင်မည်လော။


ထို့ကြောင့် အကျင့်မပါသော ယုံကြည်ခြင်းသည် တစ်ခုတည်းဖြစ်သောကြောင့် အသီဖြစ်၏။


အကြောင်းမူကား ဝိညာဉ်နှင့်ကင်းသော ခန္ဓာသည် အသီဖြစ်သကဲ့သို့ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည်လည်း အသီဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ