Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ကောရိန္သု 14:26 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

26 ညီအစ်ကိုမောင်နှမရို့၊ ငါဆိုသည်ကား ကိုးကွယ်ဝတ်ပြုခြင်းငှာ သင်ရို့ စုဝေးကြသောအခါ တစ်ယောက်သောသူက တေးဆိုခြင်း၊ တစ်ယောက်သောသူက သွန်သင်ခြင်း၊ တစ်ယောက်သောသူကား ဘုရားသခင်ထံမှ ဗျာဒိတ်တော်ကို ပြန်ကြားခြင်း၊ တစ်ယောက်သောသူက အမျိုးမျိုးသော ဘာသာစကားဖြင့် ပြောဆိုခြင်း၊ တစ်ယောက်သောသူက ထိုဘာသာစကားများ၏ အနက်အဓိပ္ပာယ်ကို ဖော်ပြခြင်းတိပင် ဖြစ်၏။ သင်ရို့ဆောင်ရွက်သမျှသော အမှုအရာများသည် အသင်းတော်ကို တည်ဆောက်ခြင်းငှာ ဖြစ်ရမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကောရိန္သု 14:26
18 ပူးပေါင်းရင်းမြစ်များ  

ညီအစ်ကို မောင်နှမရို့၊ ငါသည် တခြားလူမျိုးတိ ပြောင်းလဲလာသကဲ့သို့၊ သင်ရို့ကိုလည်း ပြောင်းလဲလာစီချင်သောကြောင့်၊ သင်ရို့ပါးသို့ လာဖို့ အကြိမ်ကြိမ် စီစဉ်ခသော်လည်း ထိုခရီး မထမြောက်အောင် အမြဲတမ်း တားဆီးခြင်းကို ခံနိန်ရသည်ကို သင်ရို့အား သိစီလိုပါ၏။


အမှုတော်ဆောင်ဖို့ ဆုကျေးဇူးဟိလျှင် အမှုတော်ကို ဆောင်ရွက်စီ။ ဆုံးမဩဝါဒပီးဖို့ ဟိလျှင် ထိုအမှုကို ဆောင်ရွက်စီ။


ထို့ကြောင့် တစ်ယောက်ကို တစ်ယောက် ငြိမ်းချမ်းစီခြင်းငှာလည်းကောင်း၊ အချင်းချင်း တည်ဆောက်မြှင့်တင်ခြင်းငှာလည်းကောင်း ငါရို့သည် အသီးသီး အားထုတ်ကြကုန်အံ့။


ငါရို့သည် တခြားယုံကြည်သူများကို ယုံကြည်ခြင်း၌ တည်စီခြင်းငှာ သူရို့၏ကောင်းကျိုးအတွက် သူရို့၏အလိုကို လိုက်ကြကုန်အံ့။


ငါသည် ဇာသို့ ပြုရအံ့နည်း။ ငါသည် ငါ၏စိတ်ဝိညာဉ်နှင့် သော်လည်းကောင်း၊ စိတ်နှလုံးနှင့် သော်လည်းကောင်း ဆုတောင်းပတ္ထနာပြုမည်။ ငါ့၏စိတ်ဝိညာဉ်အားဖြင့် တေးခြင်းဆိုသည်သာမက အသိဉာဏ်အားဖြင့်လည်း သီဆိုမည်။


အမျိုးမျိုးသော ဘာသာစကားဖြင့် ပြောဆိုသောသူသည် လူကို ပြောဆိုသည် မဟုတ်။ ဘုရားကိုသာ ပြောဆိုခြင်းဖြစ်၏။ အကြောင်းမူကား ထိုသူရို့၏စကားကို ဇာသူမျှ နားမလည်။ ထိုသူရို့သည် ဝိညာဉ်တော်တန်ခိုးဖြင့် ကွယ်ဝှက်ထားသော သမ္မာတရားများကို ပြောဆိုခြင်းဖြစ်၏။


တစ်စုံတစ်ယောက်သောသူသည် အမျိုးမျိုးသော ဘာသာစကားဖြင့် ပြောမည်ဆိုပါက နှစ်ယောက်ဖြစ်စီ၊ အများဆုံး သုံးယောက်ဖြစ်စီ တစ်ယောက်ပြီးမှ တစ်ယောက် ပြောစီပြီးလျှင် တစ်စုံတစ်ယောက်က အနက်ကို ပြန်ဆိုရမည်။


ခပ်သိမ်းသောအမှုများကို အစီအစဉ်အတိုင်း လျောက်ပတ်စွာ လုပ်ဆောင်ကြလော့။


ငါရို့သည် တစ်ချိန်လုံး မိမိကိုယ်ကို ကာကွယ်ရန် ကြိုးစားနိန်ကြသည်ဟု သင်ရို့ ထင်ကောင်းထင်ကြလိမ့်မည်။ ထိုသို့မဟုတ်။ ငါရို့သည် ခရစ်တော် ပြောလိုသည့်အတိုင်း ဘုရားသခင်၏ ရှိ့တော်မှောက်တွင် ပြောဆိုနိန်ကြခြင်းသာ ဖြစ်၏။ ချစ်သောအဆွီရို့၊ ငါရို့ပြုသမျှသည် သင်ရို့ကို တည်ဆောက်ရန်ပင် ဖြစ်ပေသည်။


သင်ရို့နှင့် ဝီးကွာသည့်ကာလ ဤစာကို ရီးရခြင်းမှာ သခင်ဘုရားက ငါ့အား ပီးတော်မူသည့် အခွင့်အာဏာကို ပြင်းထန်စွာ အသုံးမချရန်ဖြစ်၏။ ထိုအခွင့်အာဏာသည် သင်ရို့အား ဖြိုဖျက်ရန် အတွက်မဟုတ်ဘဲ တည်ဆောက်ရန် အတွက်ဖြစ်၏။


ဤသို့ ကိုယ်တော်ပြုတော်မူခြင်းမှာ ခရစ်တော်၏ ကိုယ်ခန္ဓာတော်ကို တည်ဆောက်စီရန်နှင့် အမှုတော်ဆောင်ရွက်ခြင်းငှာ ဘုရားသခင်၏လူတိကို အသင့်ပျင်ဆင်ပီးရန် ဖြစ်၏။


ထိုသူ၌ ကိုယ်အင်္ဂါ ဟိသမျှရို့သည် တစ်ခုနှင့်တစ်ခု အဆစ်အပိုင်းများဖြင့် ဆက်စပ်လျက် နိန်ကြ၏။ ထို့ကြောင့် ကိုယ်အင်္ဂါ အသီးသီးရို့သည် မိမိရို့သက်ဆိုင်သော အငန်းအတာကို ဆောင်ရွက်ကြသောအခါ ကိုယ်ခန္ဓာတစ်ခုလုံးသည် ကြီးထွားလျက် မိမိကိုယ်ကိုလည်း မေတ္တာတရား၌ တည်ဆောက်လေ၏။


ညစ်ညမ်းသော စကားတစ်ခွန်းကိုမျှ သင်ရို့နှုတ်မှ မထွက်စီကေ့။ သူတစ်ပါးအား အကျိုးဟိစီမည့် စကား၊ တည်ဆောက်စရာ ဖြစ်စီသည့် ကောင်းသော စကားကိုသာ ပြောကြလော့။ ထိုသို့ပြုမှသာ သင်ရို့၏စကားကို ကြားရသောသူရို့သည် ကောင်းကျိုးကို ခံစားရလိမ့်မည်။


ဆာလံတေးခြင်း၊ ဓမ္မတေးခြင်းနှင့် ဝိညာဉ်ရေး​ဆိုင်ရာ တေးခြင်းများကို အချင်းချင်း သီဆိုပြောဆိုကြ၍၊ စိတ်နှလုံးထဲ၌ သခင်ဘုရားအား ချီးမွမ်းထောမနာပြုလျက် ဓမ္မတေးခြင်းများနှင့် ဆာလံတေးခြင်းများကို သီဆိုကြလော့။


သို့ဖြစ်၍ သင်ရို့သည် အဂုပြုသည့်နည်းတူ အချင်းချင်း တိုက်တွန်းနှိုးဆော်၍ တစ်ယောက်ကိုတစ်ယောက် ကူညီမစ ကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ