Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ကောရိန္သု 14:2 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

2 အမျိုးမျိုးသော ဘာသာစကားဖြင့် ပြောဆိုသောသူသည် လူကို ပြောဆိုသည် မဟုတ်။ ဘုရားကိုသာ ပြောဆိုခြင်းဖြစ်၏။ အကြောင်းမူကား ထိုသူရို့၏စကားကို ဇာသူမျှ နားမလည်။ ထိုသူရို့သည် ဝိညာဉ်တော်တန်ခိုးဖြင့် ကွယ်ဝှက်ထားသော သမ္မာတရားများကို ပြောဆိုခြင်းဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကောရိန္သု 14:2
33 ပူးပေါင်းရင်းမြစ်များ  

ယေသျှုကလည်း “သင်ရို့သည် ကောင်းကင်နိုင်ငံတော်နှင့် ပတ်သက်သော နက်နဲခက်ခဲသည့် လျှို့ဝှက်ချက်တိကို သိရသောအခွင့်ဟိကြသော်လည်း ထိုသူရို့မူကား သိခွင့်မဟိကြ။


ယုံကြည်လက်ခံသောသူရို့၌ကား၊ ငါ၏နာမကို အမှီပြု၍ အံ့သြဖွယ်နိမိတ်လက္ခဏာတိကို ပြနိုင်ကြလိမ့်မည်။ နတ်ဆိုးတိကို နှင်ထုတ်လိမ့်မည်။ ထူးခြားသောဘာသာစကားတိကို ပြောဆိုကြလိမ့်မည်။


ကိုယ်တော်ကလည်း “သင်ရို့သည် ဘုရားသခင်နိုင်ငံတော်၏ နက်နဲသောအရာတိကို သိရသောအခွင့်ဟိကြ၏။ သို့သော် အပြင်၌ ဟိသောသူတိကား ပုံဥပမာအားဖြင့်သာ ကြားရကြ၏။


အကြောင်းမူကား သူရို့သည် အခြားသော ဘာသာစကားဖြင့် ပြောကာ ဘုရားသခင်၏ ဂုဏ်တော်ကြီးမြတ်တော်မူခြင်းကို ချီးမွမ်းကြသည်ကို ကြားရသောကြောင့်ဖြစ်၏။ ထိုအခါ ပေတရုသည် ထ၍ ပြောသည်မှာ၊


ပေါလုသည် သူရို့၏ ဂေါင်းထက်တွင် လက်ကို တင်လိုက်သောအခါ သန့်ယှင်းသောဝိညာဉ်တော်သည် သူရို့အထက်၌ သက်ရောက်လေ၏။ ထိုအခါ သူရို့သည် ထူးဆန်းသော ဘာသာစကားများဖြင့် ပြောကြပြီးလျှင် ဘုရားသခင်၏ သတင်းစကားတော်ကိုလည်း ဟောပြောကြေငြာကြ၏။


ငါနှင့်အတူ လိုက်လာကြသောသူရို့ကလည်း ထိုအလင်းကို မြင်ကြ၏။ သို့သော် ငါ့ကို ပြောနိန်သော ထိုသူ၏စကားသံကိုကား သူရို့ တစ်ယောက်မျှ မကြားကြ။


ဘုရားသခင်၏ဘုန်းတန်ခိုးတော်ကို ငါရို့ ထောမနာပြုကြကုန်အံ့။ အကြောင်းမူကား ငါရို့ ဟောပြောသော ယေသျှုခရစ်တော်၏ သတင်းကောင်းအားဖြင့် လည်းကောင်း၊ လွန်ခသော အချိန်ကာလများစွာကပင် ကွယ်ဝှက်ထားခသည့် နက်နဲသော သမ္မာတရားကို ဖွင့်ပြခြင်းအားဖြင့် လည်းကောင်း ကိုယ်တော်သည် သင်ရို့အား မိမိရို့၏ယုံကြည်ခြင်း၌ ခိုင်မြဲစွာ ရပ်တည်ခြင်းငှာ မစနိုင်တော်မူ၏။


ထိုဝိညာဉ်တော်သည် တစ်ယောက်သောသူအား နိမိတ်လက္ခဏာများ ပြနိုင်သောတန်ခိုးကိုလည်းကောင်း၊ အခြားတစ်ယောက်သောသူအား ပရောဖက်ပြုနိုင်သော အခွင့်ကိုလည်းကောင်း၊ တစ်ယောက်သောသူအား စိတ်ဝိညာဉ်ကို ပိုင်းခြားသိနိုင်သော ဉာဏ်ပညာကို လည်းကောင်း ပီးတော်မူ၏။ တစ်ယောက်သောသူအား အမျိုးမျိုးသော ဘာသာစကားကို ပြောဆိုနိုင်သော စွမ်းရည်ကိုလည်းကောင်း၊ တစ်ယောက်သောသူအား ထိုအမျိုးမျိုးသော ဘာသာစကားကို အနက်ပြန်ဆိုနိုင်သော စွမ်းရည်ကိုလည်းကောင်း ပီးတော်မူ၏။


ဘုရားသခင်သည် တမန်တော်တိကို ပထမအရာ၌ လည်းကောင်း၊ ပရောဖက်တိကို ဒုတိယအရာ၌ လည်းကောင်း၊ သွန်သင်ပီးသော ဆရာတိကို တတိယအရာ၌ လည်းကောင်း၊ ထို့နောက် နိမိတ်လက္ခဏာပြသော သူတိကို လည်းကောင်း၊ အနာရောဂါများကို ပျောက်ကင်းစီနိုင်သော တန်ခိုးကို ရဟိသောသူတိကို လည်းကောင်း၊ သူတစ်ပါးအား ကူညီသောသူတိကို လည်းကောင်း၊ စီစဉ်ညွှန်ကြားနိုင်စွမ်းဟိသောသူတိကို လည်းကောင်း၊ အမျိုးမျိုးသော ဘာသာ စကားများကို ပြောနိုင်သောသူတိကို လည်းကောင်း အသင်းတော်တွင် ခန့်ထားတော်မူ၏။


ငါသည် လူ့ဘာသာစကားများနှင့် ကောင်းကင်တမန် ဘာသာစကားများကို ပြောနိုင်သော်လည်း မေတ္တာမဟိလျှင် ငါ၏စကားသည် ဆူညံသော မောင်းကဲ့သို့ လည်းကောင်း၊ အသံမြည်သော လင်းကွင်းကဲ့သို့လည်းကောင်း ဖြစ်၏။


ငါသည် ပရောဖက်ပြုနိုင်သော ဆုကျေးဇူးကို ရ၍ နက်နဲသောအရာ ဟိသမျှကို နားလည်သိကျွမ်းခြင်း အတတ်ပညာကို တတ်ကျွမ်းသော်လည်းကောင်း၊ တောင်များကို ရွှိ့နိုင်သော ယုံကြည်ခြင်းဟိသော်လည်းကောင်း မေတ္တာမဟိလျှင် အချည်းနှီးပင်ဖြစ်၏။


သင်ရို့သည် စိတ်ဝိညာဉ်အားဖြင့်သာ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြလျှင် ထိုစုဝေးခြင်း၌ နားမလည်သောသူရို့သည် သင်ရို့ပြောဆိုသော စကားများကို နားမလည်နိုင်သဖြင့် သင်ရို့၏ဆုတောင်းပတ္ထနာ၌ “အာမင်” ဟု ဇာပိုင် ဝန်ခံနိုင်မည်နည်း။


ညီအစ်ကိုမောင်နှမရို့၊ ငါဆိုသည်ကား ကိုးကွယ်ဝတ်ပြုခြင်းငှာ သင်ရို့ စုဝေးကြသောအခါ တစ်ယောက်သောသူက တေးဆိုခြင်း၊ တစ်ယောက်သောသူက သွန်သင်ခြင်း၊ တစ်ယောက်သောသူကား ဘုရားသခင်ထံမှ ဗျာဒိတ်တော်ကို ပြန်ကြားခြင်း၊ တစ်ယောက်သောသူက အမျိုးမျိုးသော ဘာသာစကားဖြင့် ပြောဆိုခြင်း၊ တစ်ယောက်သောသူက ထိုဘာသာစကားများ၏ အနက်အဓိပ္ပာယ်ကို ဖော်ပြခြင်းတိပင် ဖြစ်၏။ သင်ရို့ဆောင်ရွက်သမျှသော အမှုအရာများသည် အသင်းတော်ကို တည်ဆောက်ခြင်းငှာ ဖြစ်ရမည်။


နားထောင်ကြလော့။ နက်နဲသော အရာကို သင်ရို့အား ငါပြောဦးမည်။ ငါရို့အားလုံးသည် အိပ်ပျော်ကြရမည် မဟုတ်။


သို့သော် ထိုကွယ်ဝှက်ထားသော အမှုအရာကို ဘုရားသခင်သည် ငါရို့အား မိမိ၏ ဝိညာဉ်တော်အားဖြင့် ဖော်ပြတော်မူ၏။ ထိုဝိညာဉ်တော်သည် ခပ်သိမ်းသော အရာကို သာမက ဘုရားသခင်၏ ကွယ်ဝှက်ထားသည့် နက်နဲသော အကြံအစည်တော်များကိုပင်လျှင် ရှာဖွီတော်မူ၏။


ငါဟောပြောသော ပညာသည်ကား ဘုရားသခင်၏ ကွယ်ဝှက်ထားသော အရာဖြစ်၏။ ဘုရားသခင်သည် ဤလောကကို ဖန်ဆင်းတော်မမူမီကပင် ထိုဉာဏ်ပညာကို ငါရို့၏ ဘုန်းတန်ခိုးအတွက် ကြိုတင်သတ်မှတ်ထားတော်မူ၏။


ငါသည် တရားစကားကို ဟောပြောသောအခါ ဘုရားသခင်သည် ထိုဧဝံဂေလိတရား၏ နက်နဲသောအရာကို သိနားလည်ပြီး ရဲရင့်စွာ ဟောပြောနိုင်ရန် ငါ့အဖို့လည်း ဆုတောင်းပီးကြလော့။


ငါ၏ရည်ရွယ်ချက်မှာ သူရို့၏စိတ်နှလုံးကို အားပီးတိုက်တွန်းရန်နှင့် သူရို့ကို ချစ်ခြင်းမေတ္တာ၌ တည်စီခြင်းငှာ ဖြစ်၏။ အကြောင်းမူကား ခရစ်တော်ကိုယ်တိုင်ပင် ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာ ဖြစ်သည်ကို သူရို့ သိမြင်လာကြရန် ကြွယ်ဝပြည့်စုံသော ဉာဏ်ပညာနှင့် ပြည့်ဝစုံလင်စီခြင်းငှာ ဖြစ်၏။


ငါရို့၏ဘာသာတရားသည် ဇာလောက်ထိ နက်နဲသည်ကို ဇာသူမျှ မငြင်းနိုင်ပေ၊ ကိုယ်တော်သည် လူသား၏ ပုံသဏ္ဍန်အားဖြင့် ပေါ်ထွန်းတော်မူသည်မှာ ဟုတ်မှန်တော်မူကြောင်းကို ဝိညာဉ်တော်အားဖြင့် ဖော်ပြတော်မူပြီ၊ ကောင်းကင်တမန်များသည် ကိုယ်တော့်ကို မြင်ရကြပြီ။ ကိုယ်တော်၏အကြောင်းကို လူမျိုးအပေါင်းရို့အား ဟောပြောကြပြီ၊ လောကီသားရို့သည်လည်း ယုံကြည်ကြပြီ၊ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူပြီ။


သူရို့သည် ကြည်လင်သန့်ယှင်းသော အသိစိတ်ဖြင့် ယုံကြည်မှုဆိုင်ရာ နက်နဲသော သမ္မာတရားများကို လက်ခံထားသောသူတိ ဖြစ်ရမည်။


သို့ရာတွင် ဘုရားသခင်သည် မိမိ၏အစီခံ ပရောဖက်ရို့အား ဗျာဒိတ်ပီးတော်မူခသည်နှင့်အညီ၊ သတ္တမကောင်းကင်တမန်သည် မိမိ၏ တံပိုးခရာကို မှုတ်သောအခါ ကိုယ်တော်သည် မိမိ၏နက်နဲသော အကြံအစည်တော်များကို ပြီးမြောက်စီတော်မူမည်” ဟု ဆိုလေသည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ