Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ကောရိန္သု 14:1 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

1 ထို့ကြောင့် သင်ရို့သည် မေတ္တာတရားအားဖြင့် ကြိုးစားအားထုတ်ကြလော့။ ဝိညာဉ်ဆုကျေးဇူးများ၊ အထူးသဖြင့် ဘုရားသခင်ထံမှ လာသော သတင်းစကားကို ဟောပြောနိုင်သော ဆုကျေးဇူးကို အလွန်လိုချင်သောစိတ် ဟိကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကောရိန္သု 14:1
29 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် ငါရို့သည် ဘုရားသခင် ပီးထားသော ကျေးဇူးတော်နှင့်အညီ မတူညီသော ဆုကျေးဇူးများကို အသုံးပြုကြရမည်။ ငါရို့၏ ဆုကျေးဇူးသည် ဘုရားသခင်၏သတင်းကောင်းကို ဟောပြောဖို့ဖြစ်လျှင် ငါရို့မှာဟိသော ယုံကြည်ခြင်းအတိုင်း ထိုသတင်းကောင်းကို ပြောကြရမည်။


ထို့ကြောင့် တစ်ယောက်ကို တစ်ယောက် ငြိမ်းချမ်းစီခြင်းငှာလည်းကောင်း၊ အချင်းချင်း တည်ဆောက်မြှင့်တင်ခြင်းငှာလည်းကောင်း ငါရို့သည် အသီးသီး အားထုတ်ကြကုန်အံ့။


ထို့ကြောင့်၊ ဘုရားသခင်နှင့် မှန်ကန်ခြင်းငှာ မကြိုးစား၊ အားမထုတ်သော တခြားလူမျိုးရို့သည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်နှင့် မှန်ကန်သောတရားကို ရကြ၏ဟု ငါရို့ ပြောဆိုခြင်းဖြစ်၏။


ညီအစ်ကို မောင်နှမရို့၊ ငါသည် သင်ရို့ မိန်းမြန်းသော ဝိညာဉ်တော်၏ ဆုကျေးဇူးများနှင့် ပတ်သက်၍ အမှန်တရားကို သင်ရို့အား သိစီလို၏။


သို့ဖြစ်၍ သင်ရို့သည် သာ၍ မြတ်သောဆုကျေးဇူးများကို အလွန်လိုချင်သော စိတ်ဟိကြလော့။ သို့ရာတွင် အမြတ်ဆုံးသော လမ်းကို ငါဖော်ပြမည်။


ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းတည်းဟူသော ဤသုံးပါးရို့သည် တည်တံ့လျက် ဟိ၏။ ဤသုံးပါးရို့တွင် ချစ်ခြင်း မေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း။


ငါသည် ပရောဖက်ပြုနိုင်သော ဆုကျေးဇူးကို ရ၍ နက်နဲသောအရာ ဟိသမျှကို နားလည်သိကျွမ်းခြင်း အတတ်ပညာကို တတ်ကျွမ်းသော်လည်းကောင်း၊ တောင်များကို ရွှိ့နိုင်သော ယုံကြည်ခြင်းဟိသော်လည်းကောင်း မေတ္တာမဟိလျှင် အချည်းနှီးပင်ဖြစ်၏။


ထို့ကြောင့် အမျိုးမျိုးသော ဘာသာစကားကို ပြောဆိုနိုင်သော ဆုကျေးဇူးသည် မယုံကြည်သောသူရို့၌ကား နိမိတ်လက္ခဏာဖြစ်ပြီး ယုံကြည်သောသူရို့၌ကား ထိုသို့ မဖြစ်။ ဘုရားသခင်၏ သတင်းစကားကို ဟောပြောနိုင်သောဆုကျေးဇူးကား ယုံကြည်သောသူရို့၌ နိမိတ်လက္ခဏာဖြစ်၏။ မယုံကြည်သောသူရို့၌ကား ထိုသို့ မဖြစ်။


မိမိကိုယ်ကို ဘုရားသခင်၏ သတင်းစကား ဟောပြောသောသူ ဖြစ်သည်ဟူ၍ လည်းကောင်း၊ ဝိညာဉ်ဆုကျေးဇူး ရဟိသောသူဖြစ်သည်ဟူ၍ လည်းကောင်း ထင်မှတ်သောသူသည်ကား ယခု ငါရီးလိုက်သော စာသည် သခင်ဘုရား၏ ပညတ်ဖြစ်ကြောင်း သိမှတ်စီ။


သို့ဖြစ်၍ ညီအစ်ကိုမောင်နှမရို့၊ သင်ရို့သည် ဘုရားသခင်၏ သတင်းစကားကို ဟောပြောခြင်းငှာ လိုလားတောင့်တကြလော့။ သို့ရာတွင် အမျိုးမျိုးသော ဘာသာစကားများဖြင့် ပြောဆိုခြင်းကို မတားမြစ်ကတ်ကေ့။


ခပ်သိမ်းသောအမှုများ၌ မေတ္တာနှင့် လုပ်ဆောင်ကြလော့။


ငါရို့အသျှင်ယေသျှုခရစ်တော်၏ ခမည်းတော် ဘုရားသခင်အား ချီးမွမ်းကြကုန်အံ့။ အကြောင်းမူကား ထိုအသျှင်သည် ငါရို့အား ကောင်းကင်ဘုံနှင့်ဆိုင်သော ဝိညာဉ်ရေးရာ ကောင်းကြီးမင်္ဂလာ ဟူသမျှကို ခရစ်တော်၌ ပီးသနားတော်မူသောကြောင့် ဖြစ်၏။


ပရောဖက်ရို့၏ဖော်ပြချက်များကို မထီမဲ့မြင် မပြုကတ်ကေ့။


ပရောဖက်များ ဟောကြားသောအခါ၌ လည်းကောင်း၊ အသင်းတော်လူကြီးရို့က လက်ကိုတင်၍ ဆုတောင်းပီးသောအခါ၌ လည်းကောင်း၊ သင်ခံယူထားသော ဝိညာဉ်ဆုကျေးဇူးကို လျစ်လျူမရှုကေ့။


ထို့အပြင် ကောင်းသောအမှုကို ဆောင်ရွက်ခြင်းအားဖြင့် ကျော်ကြားသောသူတစ်ယောက် ဖြစ်ရမည်။ မိမိ၏သားသမီးများကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ခသောသူ၊ အာဂန္တုဝတ်ကို ကျေပွန်သောသူ၊ ယုံကြည်သူညီအစ်ကိုမောင်နှမ များ၌ နှိမ့်ချစွာ အစီခံပီးခဖူးသောသူ၊ ဒုက္ခရောက်သောသူတိကို ကူညီမစသောသူ၊ ကောင်းသောအမှုကို ပြုခြင်းငှာ မိမိကိုယ်ကို ဆက်ကပ်အပ်နှံထားသောသူ ဖြစ်ရမည်။


သို့သော်လည်း ဘုရားသခင်၏လူဖြစ်သော သင်သည် ဤအရာအားလုံးကို ယှောင်ယှားလော့။ ဖြောင့်မတ်ခြင်း၊ ဘုရားဝတ်၌ မွိ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွိ့ခြင်းနှင့် ပြည့်စုံစီခြင်းငှာ ကြိုးစားအားထုတ်လော့။


လူပျိုရို့၏ ကိလေသာတပ်မက်ခြင်း ကို ယှောင်ကြဉ်လော့။ စင်ကြယ်သောစိတ်နှင့် သခင်ဘုရား၌ ဆုတောင်း ပတ္ထနာပြုသောသူများနှင့်အတူ ဖြောင့်မတ်ခြင်း၊ သစ္စာဟိခြင်း၊ ချစ်ခြင်း၊ ငြိမ်သက်ခြင်း ဟိစီခြင်းငှာ ကြိုးစားအားထုတ်လော့။


လူတိုင်းနှင့် ငြိမ်းချမ်းစွာ နီထိုင်ရန်လည်းကောင်း၊ သန့်ယှင်းသော အသက်တာဖြင့် အသက်ရှင်နိုင်ရန်လည်းကောင်း ကြိုးစားကြလော့။ အကြောင်းမူကား သန့်ယှင်းသော အသက်တာမဟိလျှင် ဇာသူမျှ ဘုရားသခင်ကို မြင်ကြလိမ့်မည်မဟုတ်။


ဘုရားဝတ်၌မွိ့ပျော်ခြင်းကို ယုံကြည်သူအချင်းချင်း ခင်မင်ရင်းနှီးခြင်း အားဖြင့် လည်းကောင်း၊ ယုံကြည်သူအချင်းချင်း ခင်မင်ရင်းနှီးခြင်းကို ချစ်မေတ္တာဖြင့် လည်းကောင်း ထပ်လောင်း၍ ဖြည့်စွက်ပီးရန် အစွမ်းကုန် ကြိုးစား ကြလော့။


အဆွီ၊ မကောင်းသောအမှုကို အတုမယူဘဲ ကောင်းသောအမှုကို အတုယူလော့။ ကောင်းသောအမှုကို ပြုသောသူသည် ဘုရားသခင်နှင့် စပ်ဆိုင်သောသူဖြစ်၏။ ဆိုးသောအကျင့်ကို ပြုသောသူမူကား ဘုရားသခင်ကို မသိမမြင်ဖူးသောသူ ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ