3 ငါ၏ဥစ္စာဟိသမျှကို ဆင်းရဲသားရို့အား ပီးကမ်းစွန့်ကြဲပြီး ငါ၏ကိုယ်ခန္ဓာကို မီးဖြင့် ပူဇော်သော်လည်း မေတ္တာမဟိလျှင် ငါ၌ အကျိုးမဟိ။
သူရို့သည် မိမိရို့ပြုသမျှကို လူအများ မြင်စီခြင်းငှာ ပြုတတ်ကြ၏။ သူရို့သည် ပန်းဖွားအရှည်ကြီး ထိုးထားသည့် ဝတ်ရုံများကို ဝတ်ဆင်၍ မိမိရို့၏နဖူးနှင့် လက်မောင်းများတွင် သမ္မာကျမ်းစာပါသော အဆောင်လက်ဖွဲ့များကို ပတ်စည်းကာ
ထိုစကားကို ကြားတော်မူလျှင် ယေသျှုက “သင်၌ တစ်ခုလိုသိမ့်၏။ သင်၌ ဥစ္စာဟိသမျှကို ရောင်းပြီး ဆင်းရဲသားတိကို ပီးကမ်းစွန့်ကြဲလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ ထို့နောက်မှ လာ၍ ငါ့နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။
ထိုအခါ ပေတရုသည်၊ “ကြည့်ပါ၊ အကျွန်ရို့သည် ကိုယ့်အိမ်ကို စွန့်ပြီးလျှင် ကိုယ်တော်၏ နောက်တော်သို့ လိုက်လာကြပါသည်” ဟု လျှောက်၏။
ဇက္ခဲသည်ရပ်လျက် သခင်ဘုရားအား၊ “အသျှင်၊ နားထောင်ပါ၊ အကျွန်၏ဥစ္စာတစ်ဝက်ကို ဆင်းရဲသားရို့အား ပီးကမ်းပါမည်။ တဦးတစ်ယောက်ပါးက မတရား တောင်းယူထားမိ့သော ငွီ ဟိပါလျှင် ထို ငွီ၏ လေးဆကို ပြန်ပီးပါမည်” ဟု လျှောက်လေ၏။
ထိုသူရို့က ဘုရားသခင်၏ ချီးမွမ်းခြင်းထက် လူရို့၏ ချီးမွမ်းခြင်းကို ပို၍ နှစ်သက်ကြသူများ ဖြစ်ကြ၏။
ပေတရုက၊ “အသျှင်၊ အကျွန်သည် ဇာဖြစ်လို့ အဂု မလိုက်နိုင်ရသနည်း။ အကျွန်သည် ကိုယ်တော်အတွက် အသက်စွန့်ဖို့ အဆင်သင့်ဟိပါ၏” ဟု လျှောက်လေ၏။
ကိုယ့်မိတ်ဆွီရို့အတွက် ကိုယ့်အသက်ကို စွန့်ပီးခြင်းမေတ္တာထက် သာ၍ ကြီးမြတ်သော မေတ္တာဟူ၍ မဟိ။
ဘုရားသခင်၏ ဝိညာဉ်တော်သာလျှင် အသက်ကို ပီးနိုင်၏။ လူသားရို့၏ အစွမ်းတန်ခိုးမူကား အသက်ကို မပီးနိုင်။ သင်ရို့အား ငါပြောသောစကားသည် အသက်ရှင်စီသော ထိုဝိညာဉ်တော်နှင့်သာ သက်ဆိုင်၏။
သို့ရာတွင် ပေါလုက၊ “သင်ရို့သည် ဇာကြောင့် ဤပိုင် ငိုယိုပြီးလျှင် ငါ့နှလုံးကို ကြီကွဲအောင် လုပ်နိန်ကြသနည်း။ ငါသည် အသျှင်ယေသျှု၏ နာမအဖို့အလို့ငှာ ယေရုဆလင်မြို့၌ တုပ်နှောင်ခံရန် သာမက အသီခံရန်ပင် အသင့်ဟိ၏” ဟု ပြန်ပြောလေ၏။
ငါရို့သည် မာနကြီးခြင်း၊ တစ်ယောက်ကိုတစ်ယောက် ရန်လိုစိတ် ဟိခြင်း၊ မနာလိုစိတ် ဟိခြင်းများကို ယှောင်ယှားကြကုန်အံ့။
ဝါကြွားလိုသောစိတ်၊ တစ်ကိုယ်ကောင်းဆန်သော စိတ်တိဖြင့် ဇာအမှုကိုမျှ မပြုကတ်ကေ့။ သူတစ်ပါးသည် မိမိထက်သာသည်ဟု အစဉ်ယူဆလျက် စိတ်နှိမ့်ချကြလော့။
ကာယနှင့်ဆိုင်သော လေ့ကျင့်မှုသည် အကျိုးကျေးဇူးအချို့ကို ပီးတတ်၏။ သို့ရာတွင် ဘုရားဝတ်၌ မွိ့လျော်ခြင်းငှာ လေ့ကျင့်မှုသည်ကား ယခုဘဝ၊ နောင်ဘဝအတွက် ကတိတော်ကို ရထားသည်ဖြစ်၍ အရာရာ၌ အကျိုးကျေးဇူးကို ပီးတတ်၏။
အသစ်အဆန်းသော ဩဝါဒအမျိုးမျိုးနောက်သို့ မလိုက်ကတ်ကေ့။ အစားအစာနှင့် ပတ်သက်၍ စည်းမျဉ်းများကို လိုက်နာခြင်းအားဖြင့် မဟုတ်ဘဲ၊ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် အတွင်းလူကို ခွန်အားနှင့် ပြည့်စုံစီခြင်းသည် ကောင်းမြတ်ပေ၏။ ထိုစည်းမျဉ်းများသည် လိုက်နာသောသူအား အထောက်အပံ့ မပြုနိုင်။