Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ကောရိန္သု 13:1 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

1 ငါသည် လူ့ဘာသာစကားများနှင့် ကောင်းကင်တမန် ဘာသာစကားများကို ပြောနိုင်သော်လည်း မေတ္တာမဟိလျှင် ငါ၏စကားသည် ဆူညံသော မောင်းကဲ့သို့ လည်းကောင်း၊ အသံမြည်သော လင်းကွင်းကဲ့သို့လည်းကောင်း ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကောရိန္သု 13:1
22 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ မင်းကြီးက ‘သင်ရို့ကို ငါ အမှန် ဆိုသည်ကား ဤသို့သော ငါ၏ညီအစ်ကို မောင်နှမများထဲက အငယ်ဆုံးသောသူတစ်ယောက်ကို မပြုစုခခြင်းသည် ငါ့ကို မပြုစုခခြင်းဖြစ်၏’ ဟု ပြန်၍ မိန့်တော်မူလိမ့်မည်။


ယုံကြည်လက်ခံသောသူရို့၌ကား၊ ငါ၏နာမကို အမှီပြု၍ အံ့သြဖွယ်နိမိတ်လက္ခဏာတိကို ပြနိုင်ကြလိမ့်မည်။ နတ်ဆိုးတိကို နှင်ထုတ်လိမ့်မည်။ ထူးခြားသောဘာသာစကားတိကို ပြောဆိုကြလိမ့်မည်။


သင် စားသောအစာကြောင့် သင်၏ညီအစ်ကို သို့မဟုတ် ညီအစ်မ တစ်ယောက်ကို စိတ်နာလားမည်ဆိုလျှင် သင်သည် မေတ္တာတရားနှင့် လုပ်ဆောင်သောသူမဟုတ်။ သင်စားသောအစာအားဖြင့် ခရစ်တော် အသီခံပီးထားသောသူတစ်ယောက်ကို မဖျက်ဆီးကေ့။


ထိုဝိညာဉ်တော်သည် တစ်ယောက်သောသူအား နိမိတ်လက္ခဏာများ ပြနိုင်သောတန်ခိုးကိုလည်းကောင်း၊ အခြားတစ်ယောက်သောသူအား ပရောဖက်ပြုနိုင်သော အခွင့်ကိုလည်းကောင်း၊ တစ်ယောက်သောသူအား စိတ်ဝိညာဉ်ကို ပိုင်းခြားသိနိုင်သော ဉာဏ်ပညာကို လည်းကောင်း ပီးတော်မူ၏။ တစ်ယောက်သောသူအား အမျိုးမျိုးသော ဘာသာစကားကို ပြောဆိုနိုင်သော စွမ်းရည်ကိုလည်းကောင်း၊ တစ်ယောက်သောသူအား ထိုအမျိုးမျိုးသော ဘာသာစကားကို အနက်ပြန်ဆိုနိုင်သော စွမ်းရည်ကိုလည်းကောင်း ပီးတော်မူ၏။


ထိုနည်းတူ နားကလည်း “ငါသည် မျက်စိမဟုတ်သဖြင့် ကိုယ်ခန္ဓာနှင့်မစပ်ဆိုင်” ဟု ဆိုကေတောင်မှ၊ နားသည်လည်း ကိုယ်ခန္ဓာ၏ အစိတ်အပိုင်းပင် ဖြစ်၏။


ဝိညာဉ်တော်သည် လူတစ်ယောက်အား ဉာဏ်ပညာစကားကို လည်းကောင်း၊ ထိုဝိညာဉ်တော်အားဖြင့် အခြားတစ်ယောက်အား အသိပညာစကား ကို လည်းကောင်း ပီးတော်မူ၏။


မေတ္တာသည် အမြဲတည်၏။ ပရောဖက်ပြုခြင်းသည်လည်း မတည်မြဲ။ အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သော အခွင့်သည်လည်း ရပ်တန့်လိမ့်မည်။ အသိပညာလည်း ကွယ်ပျောက်လိမ့်မည်။


အမျိုးမျိုးသော ဘာသာစကားဖြင့် ပြောဆိုသောသူသည် လူကို ပြောဆိုသည် မဟုတ်။ ဘုရားကိုသာ ပြောဆိုခြင်းဖြစ်၏။ အကြောင်းမူကား ထိုသူရို့၏စကားကို ဇာသူမျှ နားမလည်။ ထိုသူရို့သည် ဝိညာဉ်တော်တန်ခိုးဖြင့် ကွယ်ဝှက်ထားသော သမ္မာတရားများကို ပြောဆိုခြင်းဖြစ်၏။


အမျိုးမျိုးသော ဘာသာစကားဖြင့် ပြောဆိုသောသူရို့သည် မိမိရို့၏အကျိုးကို ပြုစု၏။ နှုတ်ကပတ်တရားတော်ကို ဟောပြောသော သူရို့မူကား အသင်းတော် တစ်ခုလုံး၏အကျိုးကို ပြုစု၏။


ငါသည် သင်ရို့အားလုံးကို အမျိုးမျိုးသော ဘာသာစကားကို ပြောဆိုခြင်းငှာ အလိုဟိ သော်လည်း၊ ဘုရားသခင်၏ သတင်းစကားကို ဟောပြောနိုင်သော ဆုကျေးဇူးအား သာ၍ ရစီလို၏။ အသင်းတော်တစ်ခုလုံး၏ အကျိုးကို ပြုစုစီခြင်းငှာ အမျိုးမျိုးသော ဘာသာစကား၏ အနက်ကို ဖော်ပြနိုင်သောသူ မဟိဘဲ ထိုဘာသာစကားများဖြင့် ပြောဆိုသောသူထက် ဘုရားသခင်၏ သတင်းစကားကို ဟောပြောသောသူသည် သာ၍ တန်ဖိုးဟိ၏။


ယခု၊ သင်ရို့စာရီး၍ ပီးလိုက်သည့် ရုပ်တုများအား ပူဇော်ထားသော အစားအစာနှင့်ပတ်သက်၍ ငါပြောရသော စကားမူကား၊ ထိုသူရို့ ပြောသည့်အတိုင်း “ငါရို့အားလုံးသည်ပင် အသိပညာ ဟိကြ၏” ဟု ဆိုသောစကားသည် မှန်ပေ၏။ သို့ရာတွင် အသိပညာသည် လူတိကို မာန်မာနထောင်လွှားစီတတ်၏။ မေတ္တာမူကား တည်ဆောက်ခြင်းကို ပြုတတ်၏။


သို့သော် ဝိညာဉ်တော်၏ အကျိုးကျေးဇူးများမှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ သနားကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊


အကြောင်းမူကား ငါရို့သည် ခရစ်တော်ယေသျှု၌ အရီဖျားလှီးခြင်း ခံသည်၊ မခံသည်မှာ အရေးမကြီးပေ။ အရေးကြီးသည့်အရာကား မေတ္တာတရားအားဖြင့် လုပ်ဆောင်သော ယုံကြည်ခြင်းပင် ဖြစ်၏။


ဤသို့ မိန့်မှာရခြင်း၏ ရည်ရွယ်ချက်သည်ကား သန့်ယှင်းသောနှလုံးသား၊ ကြည်လင်သောအသိစိတ်နှင့် စစ်မှန်သော ယုံကြည်ခြင်းမှ လာသော ချစ်ခြင်းမေတ္တာ တိုးပွားလာစီရန်ဖြစ်၏။


မေတ္တာသည် များစွာသော အပြစ်တိကို ဖုံးအုပ်နိုင်သောကြောင့် အရာအားလုံး၌ တစ်ယောက်ကိုတစ်ယောက် အလေးအနက်ထား၍ ချစ်ရကြမည်။


အကြောင်းမူကား သူရို့သည် မှားယွင်းစွာ အသက်ရှင်နီထိုင်သော လူစုအထဲမှ လွတ်မြောက်ခါစဖြစ်သော သူရို့အား ကြွားဝါ၍ အချည်းနှီးသော စကားများကိုသုံးကာ အသွီးအသားတပ်မက်ခြင်းနှင့် ကာမဂုဏ်လိုက်စားခြင်းများဖြင့် လှည့်ဖြားဆွဲဆောင်ကြ၏။


ကောင်းကင်မှ သမုဒ္ဒရာဟုန်းသံနှင့် မိုးကြိမ်းသံကဲ့သို့သော အသံကို ငါကြားရ၏။ ထိုအသံသည် စောင်းသမားရို့တီးသည့် စောင်းသံနှင့်တူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ