7 ယောက်ျားမူကား မိမိ၏ ဦးဂေါင်းကို ဖုံးအုပ်ရန် မသင့်ပေ။ အကြောင်းမူကား သူသည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့် ဘုန်းတန်ခိုးတော်ပင် ဖြစ်သတည်း။ မိန်းမသည်ကား ယောက်ျား၏ ဘုန်းဖြစ်၏။
သို့သော် လင်ယောကျ်ား၏ဂေါင်းကား ခရစ်တော်ဖြစ်သည်ကို လည်းကောင်း၊ မယား၏ဂေါင်းကား လင်ယောက်ျားဖြစ်သည်ကို လည်းကောင်း၊ ခရစ်တော်၏ဂေါင်းကား ဘုရားသခင်ဖြစ်သည်ကို လည်းကောင်း သင်ရို့အား သိစီလို၏။
မိမိ၏ဦးဂေါင်းကို မဖုံးအုပ်ဘဲ ထားသောမိန်းမသည် မိမိ၏ဆံပင်ကို ဖြတ်ထားလျှင် သာ၍ကောင်း၏။ ဆံပင်ဖြတ်ခြင်း၊ ဂတုံးရိတ်ခြင်းရို့သည် မိန်းမတစ်ယောက်အဖို့ ရှက်ဖွယ်ကောင်းသော အရာများဖြစ်သောကြောင့် သူမသည် မိမိ၏ဦးဂေါင်းကို ဖုံးအုပ်စီ။
တိတုနှင့်ပတ်သတ်၍ ဖော်ပြရမည်ဆိုသော် သူသည် သင်ရို့ကို ကူညီရာ၌ ငါနှင့်အတူ ဆောင်ရွက်သောသူ၊ ငါ၏ လုပ်ဖော်ဆောင်ဖက်ဖြစ်၏။ သူနှင့်အတူ လိုက်လာကြသည့် အခြားသော ညီအစ်ကိုများမှာ ခရစ်တော်၏ ဘုန်းတန်ခိုးတော်ကို သယ်ဆောင်လာသော အသင်းတော်များ၏ ကိုယ်စားလှယ်များ ဖြစ်ကြ၏။
ငါရို့သည် လျှာဖြင့် ငါရို့၏သခင်ဘုရားနှင့် ခမည်းတော်အား ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ ဘုရားသခင်၏သဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထားသော လူတိကို ထိုလျှာဖြင့်ပင် ကျိန်ဆဲတတ်ကြ၏။