၁ ကောရိန္သု 11:20 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား20 သင်ရို့သည် စုရုံးကြသောအခါ သခင်ဘုရား၏ ပွဲတော်မင်္ဂလာဝင်ခြင်း မဟုတ်ဘဲ စားသောက်ဖို့ငှာ လာကြ၏။ အခန်းကိုကြည့်ပါ။ |
သူရို့သည် သူတစ်ပါးကို ဒုက္ခရောက်စီသည့်နည်းတူ မိမိရို့ကိုယ်တိုင်လည်း ဆင်းရဲဒုက္ခကို ခံစားရကြလိမ့်မည်။ သူရို့သည် နိ့အချိန်၌ သောက်စားပျော်ပါးခြင်းကို ပြုကြ၏။ သူရို့သည် သင်ရို့နှင့်အတူ စားပွဲ၌ထိုင်၍ သောက်စားပျော်ပါးကြပြီး သင်ရို့အား ရှက်စရာနှင့် ဂုဏ်သိက္ခာကျစရာများကို ဖြစ်စီကြ၏။ သူရို့သည် လှည့်စားမှုကိုလည်း နှစ်သက်ကြ၏။
သူရို့သည် မိတ်ဖွဲ့စားသောက်ပွဲ၌ အရှက်အကြောက်မဟိဘဲ စားသောက်လျက် သင်ရို့၏ ဂုဏ်သိက္ခာကို ညစ်နွမ်းစီကြ၏။ ထိုသူရို့ကား ကိုယ်ကျိုးကိုသာ ကြည့်တတ်သူများဖြစ်၏။ သူရို့သည် လီတိုက်ရာသို့ လွင့်ပါလားတတ်သော မိုးရီမပါသည့် မိုးတိမ်နှင့် လည်းကောင်း၊ ဆောင်းဦးပေါက်တွင် အသီးမသီး၊ အမြစ်မှ ဆွဲနှုတ်ခံရ၍ နှစ်ခါသီရသည့် သစ်ပင်နှင့် လည်းကောင်း တူကြ၏။