18 ပထမအကြောင်းအရာမူကား၊ သင်ရို့သည် အသင်းတော်၌ စည်းဝေးကြသောအခါ စိတ်ဝမ်းကွဲပြားမှုများ ဟိကြောင်းကို ငါ ကြားသိရ၏။ ကြားသိရသည်အတိုင်း တချို့တစ်ဝက်မှန်၏။
ဇာကြောင့်ဆိုသော်၊ သင်ရို့သည် လောကီသားများကဲ့သို့ အသက်ရှင်ကြသိမ့်သောကြောင့် ဖြစ်၏။ အချင်းချင်း မနာလိုဖြစ်ကာ၊ တစ်ယောက်နှင့်တစ်ယောက် ရန်ဖြစ်နိန်ကြသည်မှာ လောကီသားများ၏ အသက်ရှင်ပုံ မဟုတ်ပါလော။ လောကီသားများကဲ့သို့ ပြုမူနီထိုင်ကြသည်ပင် မဟုတ်ပါလော။
သာသနာပလူရို့ပင်လျှင် ပြုကျင့်ကြမည့်အရာ မဟုတ်သော ကာမဂုဏ်လိုက်စားမှုသည် သင်ရို့တွင် ဟိနိန်ကြောင်းကို ငါ ကြားသိရ၏။ လူတစ်ယောက်သည် မိမိ၏ မိထွီးနှင့် အိပ်လျက် ဟိသည်ဟု ငါအား ပြောကြ၏။
သင်ရို့အထဲမှ တစ်ယောက်ယောက်က အခြားသော ခရစ်ယာန်ညီအစ်ကိုနှင့် အမှုဖြစ်လျှင် ဘုရားသခင်၏လူများ၌ စီရင်ဆုံးဖြတ်ခြင်းကို မခံဘဲ ဇာကြောင့် ဘုရားတရားမဲ့သော တရားသူကြီးများပါးသို့ လားကြပါသနည်း။