Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ကောရိန္သု 1:23 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

23 ငါရို့ ဟောပြောကြေငြာသော လက်ဝါးကပ်တိုင်ထက်တွင် အသီခံတော်မူသည့် ခရစ်တော်၏အကြောင်းသည် ယုဒလူရို့အဖို့ ထိမိ၍ လဲစရာဖြစ်ပြီး၊ တခြားလူမျိုးရို့အဖို့မူကား အချည်းနှီးသော တရားဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကောရိန္သု 1:23
22 ပူးပေါင်းရင်းမြစ်များ  

ငါ့အကြောင်းကို စိတ်မပျက်သောသူများသည် မင်္ဂလာဟိကြ၏” ဟု မိန့်တော်မူ၏။


ကိုယ်တော့်ကို ငြင်းပယ်ကြ၏။ ထို့ကြောင့် ယေသျှုက သူရို့အား “ပရောဖက်တစ်ယောက်သည် မိမိဇာတိမြို့နှင့် မိမိ၏မိသားစု ကလွဲ၍ နီရာတိုင်းမှာ အရိုအသီခံရ၏” ဟူ၍ မိန့်တော် မူ၏။


သျှုမောင်သည် သူရို့ကို ကောင်းကြီးပီး၍ သူ၏မိခင် မာရိအား၊ “များစွာသော ဣသရေလလူမျိုး၌ ဖျက်ဆီးခံရသူများနှင့် ကယ်တင်ခြင်းခံရသူများ အတွက် ဤသူငယ်ကို ဘုရားသခင်သည် ရွီးခြယ်ခန့်ထားတော်မူဗျာယ်။ ဤသူသည် ဘုရားသခင်ထံပါးမှ အမှတ်လက္ခဏာဖြစ်ပြီးလျှင် သူ့ကို လူတိက ဆန့်ကျင်ပြောဆိုခြင်းဖြင့်၊


အကြောင်းမူကား၊ ပျက်စီးခြင်းသို့ ရောက်သောသူရို့ဖို့ လက်ဝါးကပ်တိုင်ထက်၌ ခရစ်တော်၏ အသီခံတော်မူခြင်းတရားသည် အဓိပ္ပာယ်မဟိသော တရားဖြစ်၏။ သို့ရာတွင် ကယ်တင်ခြင်းခံရသော ငါရို့အတွက်မူကား ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏။


အကြောင်းမူကား လူသည် မိမိကိုယ်ပိုင် ဉာဏ်ပညာဖြင့် ဘုရားသခင်အား မသိနိုင်စီခြင်းငှာ ဘုရားသခင်သည် မိမိ၏ဉာဏ်ပညာတော်ဖြင့် စီရင်တော်မူ၏။ “အချည်းနှီးသော” တရားဖြစ်သည်ဟု လူရို့ထင်မှတ်ထားသော ငါရို့ဟောပြောသော သတင်းကောင်းတရားအားဖြင့် ဘုရားသခင်သည် မိမိအား ယုံကြည်သူရို့ကို ကယ်တင်တော်မူခြင်းငှာ စိတ်ပိုင်းဖြတ်တော်မူလေ၏။


လောက၌ မြတ်သောသူရို့ကို အရှက်ရစီခြင်းငှာ ယုတ်သောသူ၊ အထင်သေးခံရသောသူနှင့် လူရာမဝင်သောသူရို့ကို ရွီးကောက်တော်မူ၏။


ဇာတိပကတိလူသည် ဘုရားသခင်၏ ဝိညာဉ်တော် ချပီးသည့်ဆုကျေးဇူးများကို မခံယူနိုင်။ သို့သော် ထိုသူရို့သည် ထိုအရာများကို အချည်းနှီးသောအရာများဟု ထင်မှတ်တတ်ကြ၏။ အကြောင်းမူကား ဝိညာဉ်တော်အားဖြင့်သာလျှင် ထိုအရာများကို သိနိုင်သည်ဖြစ်သောကြောင့် သူရို့သည် နားမလည်နိုင်ကြပေ။


အကြောင်းမူကား သင်ရို့နှင့်အတူ ဟိစဉ်က ငါသည် ယေသျှုခရစ်တော်၏ အကြောင်းနှင့် အထူးသဖြင့် လက်ဝါးကပ်တိုင်၌ ကိုယ်တော် အသီခံတော်မူသည့် အကြောင်းမှတစ်ပါး အခြားသောအရာ မှန်သမျှကို မိ့ပျောက်စီခြင်းငှာ စိတ်ပိုင်းဖြတ်ထား၏။


ငါရို့သည် ခရစ်တော်အဖို့ ရူးသွပ်သောသူများဖြစ်ရ၏။ သို့သော် သင်ရို့ကား ခရစ်တော်၌ ပညာဟိများ ဖြစ်ကြ၏။ ငါရို့သည် အားနည်းသော သူများဖြစ်ကာ၊ သင်ရို့မူကား သန်စွမ်းသောသူများဖြစ်ကြ၏။ ငါရို့မူကား အသရေမဲ့သောသူများဖြစ်ပြီး၊ သင်ရို့မူကား အသရေဟိသောသူများ ဖြစ်ကြပါသည်တကား။


အကြောင်းမူကား ငါရို့သည် မိမိအကြောင်းကို ဟောပြောကြသည်မဟုတ်။ ယေသျှုခရစ်တော်သည် သခင်ဘုရား ဖြစ်တော်မူကြောင်းကို လည်းကောင်း၊ ငါရို့သည် ယေသျှုအတွက် သင်ရို့၏ အခိုင်းအစီများ ဖြစ်ကြောင်းကို လည်းကောင်း ဟောပြောကြ၏။


မိုက်မဲသော ဂလာတိအသင်းသားရို့၊ ဇာသူက သင်ရို့အား ပြုစားထားသနည်း။ လက်ဝါးကပ်တိုင်ထက်တွင် ယေသျှုခရစ်တော် အသီခံတော်မူပုံကို သင်ရို့မျက်စိရှိ့တွင် ထင်ရှားစွာ ဟိခ၏။


သို့ရာတွင် ညီအစ်ကိုမောင်နှမရို့၊ အကယ်၍ ငါသည် အရီဖျားလှီးခြင်းတရားကို ဆက်လက် ဟောပြောနိန်သည်ဆိုလျှင် ဇာကြောင့် ညှည်းဆဲနှိပ်စက်ခြင်းကို ခံနိန်ရပါသနည်း။ အကယ်၍ ထိုသို့ ဟောပြောခြင်း မှန်သည်ဆိုလျှင် ခရစ်တော်၏ လက်ဝါးကပ်တိုင်နှင့်ဆိုင်သော ငါ၏ ဟောပြောခြင်းသည် ဒုက္ခရောက်စီလိမ့်မည် မဟုတ်။


ငါ့အတွက်မူကား ငါရို့အသျှင် ယေသျှုခရစ်တော်၏ လက်ဝါးကပ်တိုင်တော်မှတစ်ပါး အခြား မည်သည့်အရာအတွက်နှင့်မျှ ဝါကြွားစရာမဟိ။ ထို​လက်​ဝါး​ကပ်​တိုင်၌ ဤ​လော​က​သည် ငါ့​အ​ဖို့ ရိုက်​ထား​ခြင်း​ကို ခံ​လျက်​ဟိ၏။ ငါ​သည်​လည်း ဤ​လော​က​အ​ဖို့ ရိုက်​ထား​ခြင်း​ကို​ခံ​လျက် ဟိ၏။


ငါသည် ဘုရားသခင်၏လူရို့တွင် အငယ်ဆုံးဖြစ်ပေ၏။ သို့ရာတွင် ဘုရားသခင်သည် ခရစ်တော်၏ အဆုံးမဟိ ကြွယ်ဝတော်မူသော သတင်းကောင်းတရားကို တခြားလူမျိုးရို့အား ဟောပြောကြေညာစီခြင်းငှာ လည်းကောင်း၊


ငါရို့၏ယုံကြည်ခြင်းကို စတင်ဖြစ်တည်စီ၍ အဆုံးတိုင်အောင် စုံလင်စီတော်မူသော အသျှင်ယေသျှုကို စိ့စိ့ထောက်ရှုကြကုန်အံ့။ အကြောင်းမူကား ကိုယ်တော်သည် မိမိအဖို့ ပျင်ဆင်ထားသော ဝမ်းမြောက်ဖွယ်ရာအကြောင်းကြောင့် ရှက်ကြောက်ဖွယ်အမှုကို မှတ်တော်မမူဘဲ လက်ဝါးကပ်တိုင်၌ အသီခံတော်မူပြီးလျှင် ဘုရားသခင်ပလ္လင်တော်၏ လက်ယာဖက်၌ ထိုင်တော်မူလေ၏။


တခြားသော ကျမ်းစာတော်မြတ်တွင်၊ “ထိုကျောက်သည် လူတိအတွက် ခလုံးတိုက်စရာ ဖြစ်စီ၍၊ တိုက်မိ၍လဲစရာ ကျောက်ဖြစ်လိမ့်မည်” ဟု ဆို၏။ သူရို့သည် နှုတ်ကပတ်တော်ကို မယုံကြည်ကြသဖြင့် ခလုံးတိုက်စရာ ဖြစ်ရကြ၏။ ဤကား ထိုသူရို့အတွက် ဘုရားသခင်၏ အလိုတော်ပင် ဖြစ်သတည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ