19 ဇာကြောင့်ဆိုသော် ကျမ်းစာ၌ လာသည်ကား၊ “ပညာဟိရို့၏ ဉာဏ်ပညာကို ငါဖျက်ဆီးမည်။ ပညာတတ်ရို့၏ အသိပညာကိုလည်း ငါပယ်ယှားမည်” ဟူ၍ ဖြစ်၏။
အကြောင်းမူကား လောကီသားရို့ ထင်မှတ်ကြသော ဉာဏ်ပညာသည် ဘုရားသခင်၏ရှိ့တော်၌ မိုက်မဲသောအရာပင်ဖြစ်၏။ ကျမ်းစာ၌လာသည်ကား၊ “ဘုရားသခင်သည် ပညာဟိရို့အား မိမိရို့၏ ပရိယာယ်ထဲ၌ ထောင်ချောက်မိစီတော်မူ၏” ဟူ၍ ဖြစ်၏။
ငါရို့သည် ခရစ်တော်အဖို့ ရူးသွပ်သောသူများဖြစ်ရ၏။ သို့သော် သင်ရို့ကား ခရစ်တော်၌ ပညာဟိများ ဖြစ်ကြ၏။ ငါရို့သည် အားနည်းသော သူများဖြစ်ကာ၊ သင်ရို့မူကား သန်စွမ်းသောသူများဖြစ်ကြ၏။ ငါရို့မူကား အသရေမဲ့သောသူများဖြစ်ပြီး၊ သင်ရို့မူကား အသရေဟိသောသူများ ဖြစ်ကြပါသည်တကား။
ညီအစ်ကိုမောင်နှမရို့၊ သင်ရို့အဖို့အလို့ငှာ ဤအကြောင်းအရာများတွင် အာပေါလုနှင့် ငါ့ကို ပုံဆောင်၍ ဖော်ပြထား၏။ ထိုသို့ ဖော်ပြရခြင်းမှာ “ကျမ်းစာကို မကျော်လွန်ကေ့” ဟု ပြောသောအရာများ၏ အနက်ကို ငါရို့ပါးမှ သင်ယူနိုင်ကြစီခြင်းငှာ ဖြစ်၏။ သင်ရို့သည် တစ်ဦးကို ချီးမွမ်းပြီး အခြားတစ်ဦးကို မထီလေးစားမပြုကတ်ကေ့။