၁ ကောရိန္သု 1:18 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား18 အကြောင်းမူကား၊ ပျက်စီးခြင်းသို့ ရောက်သောသူရို့ဖို့ လက်ဝါးကပ်တိုင်ထက်၌ ခရစ်တော်၏ အသီခံတော်မူခြင်းတရားသည် အဓိပ္ပာယ်မဟိသော တရားဖြစ်၏။ သို့ရာတွင် ကယ်တင်ခြင်းခံရသော ငါရို့အတွက်မူကား ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ဧပိကုရု၏တပည့်တိနှင့် သတောအိတ်ဟု ခေါ်သော အတွေးအခေါ်ပညာသျှင်ရို့သည်လည်း ပေါလုနှင့် ဆွေးနွေးငြင်းခုံခြင်းငှာ စတင်ကြလေ၏။ အချို့က “ဤစကားအိုးသည် ဇာအကြောင်းကို ပြောပြဖို့ ကြိုးစားနိန်စွာလဲ” ဟု ဆို၏။ အချို့ကလည်း “ဤသူသည် နိုင်ငံခြားနတ်ဘုရားတိ အကြောင်းကို ပြောဆိုနိန်ပုံရ၏” ဟု ဆိုကြ၏။ သူရို့က ဤသို့ ပြောဆိုရသည့်အကြောင်းမှာ၊ ပေါလုသည် ယေသျှုနှင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်း သတင်းကောင်းကို ဟောပြောနိန်ခြင်းကြောင့် ဖြစ်၏။
အကြောင်းမူကား လူသည် မိမိကိုယ်ပိုင် ဉာဏ်ပညာဖြင့် ဘုရားသခင်အား မသိနိုင်စီခြင်းငှာ ဘုရားသခင်သည် မိမိ၏ဉာဏ်ပညာတော်ဖြင့် စီရင်တော်မူ၏။ “အချည်းနှီးသော” တရားဖြစ်သည်ဟု လူရို့ထင်မှတ်ထားသော ငါရို့ဟောပြောသော သတင်းကောင်းတရားအားဖြင့် ဘုရားသခင်သည် မိမိအား ယုံကြည်သူရို့ကို ကယ်တင်တော်မူခြင်းငှာ စိတ်ပိုင်းဖြတ်တော်မူလေ၏။
အကြောင်းမူကား ငါရို့သည် သတင်းကောင်းကို စကားအားဖြင့်သာ ဟောပြောခြင်း မဟုတ်ဘဲ၊ တန်ခိုးအားဖြင့် လည်းကောင်း၊ သန့်ယှင်းသော ဝိညာဉ်တော်အားဖြင့် လည်းကောင်း၊ တိကျခိုင်မာသော ယုံကြည်ခြင်းအားဖြင့် လည်းကောင်း သင်ရို့အား ဟောပြောကြ၏။ ငါရို့သည် သင်ရို့နှင့်အတူဟိစဉ် သင်ရို့အကျိုးအတွက် ငါရို့ ဇာပိုင်ပြုမူနီထိုင်ခသည်ကို သင်ရို့ သိကြ၏။
ငါရို့၏ယုံကြည်ခြင်းကို စတင်ဖြစ်တည်စီ၍ အဆုံးတိုင်အောင် စုံလင်စီတော်မူသော အသျှင်ယေသျှုကို စိ့စိ့ထောက်ရှုကြကုန်အံ့။ အကြောင်းမူကား ကိုယ်တော်သည် မိမိအဖို့ ပျင်ဆင်ထားသော ဝမ်းမြောက်ဖွယ်ရာအကြောင်းကြောင့် ရှက်ကြောက်ဖွယ်အမှုကို မှတ်တော်မမူဘဲ လက်ဝါးကပ်တိုင်၌ အသီခံတော်မူပြီးလျှင် ဘုရားသခင်ပလ္လင်တော်၏ လက်ယာဖက်၌ ထိုင်တော်မူလေ၏။
ဘုရားသခင်၏နှုတ်ကပတ်တော်သည် အသက်ရှင်၍ လှုပ်ယှားလျက်ဟိ၏။ ထိုနှုတ်ကပတ်တော်သည် အသွားနှစ်ဖက်ပါသော သံလျက်ဒါးထက် ပြတ်၏။ ထိုနှုတ်ကပတ်တော်သည် အသက်နှင့် ဝိညာဉ်ကို လည်းကောင်း၊ အရိုးအဆစ်နှင့် ခြင်ဆီများကိုလည်းကောင်း ထိုးထွင်းပိုင်းခြားတတ်၏။ ထိုနှုတ်ကပတ်တော်သည် စိတ်နှလုံးအကြံအစည်နှင့် တပ်မက်မှုကို ခွဲခြားသိမြင်တတ်၏။