19 နင်လို့ထဲဟ တယောက်ဟ ငါ့ဟို ဟေလိုပြောအယ်၊ “အေးလို့ဖြစ်ရင် ဘုရားသခင်ဟ ငါလို့ဟို ပစာကျောန့် အပစ်တင်နေသေးလုန်း၊ ဖယ်သူဟ အလိုတော်ဟို ဆီးတားနိန်လုန်း” ဟု ဆိုမယ်လော။
ကျမ်းစာလာလဲ့အတိုင်း လူသားဟ အသေခံလိမ့်မယ်၊ အဲလိုလဲ လူသားအား သစ္စာဖောက်သောသူဟ စလောက်ကြောက်စရာ ကောင်းလိမ့်မလဲ၊ သူဟ ဘယ်တော့မှ မမွေးဖွားခဲ့ရင် အေးလူအတွက်ပိုပင်း ကောင်းလိမ့်မယ်” ဟု ဖြေအယ်။
ဘုရားသခင်ဟ မိမိရဲ့ အစီစဉ်နဲ့အညီ ယေရှုဟို နင်လို့ လက်ဟို ပေးအပ်ရန် ဆုံးဖြတ်ခဲ့ပင်း၊ နင်လို့ဟ အပစ်လုပ်သူလို့ လက်ဖြင့် အေးအဆှင်ဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့ သတ်ခဲ့ကြအယ်။
အဲလိုလဲ နင်လို့ဟ “ဟုတ်အယ်၊ ငါ့ဟို ကိုင်းဆက်ကူးရန်အတွက် အကိုင်းများဟ ခုတ်ဖြတ်ခြင်း ခံရကြအယ်” ဟု ဟောလိမ့်မယ်။
ခရစ်တော်ဟ သေခြင်းမှ ဆှင်ပြန်ထမြောက်ကျောန်းဟို ငါလို့ ဟောပြောလျက် ဆိတာ ဖြစ်ရာ ပစာကျောန့် နင်လို့တွင် အချို့သောသူလို့ဟ “သေခြင်းမှ ဆှင်ပြန်ထမြောက်ခြင်း မဆိ” ဟု ပြောဆိုကြလုန်း။
လူတစုံတယောက်ဟ “သေလွန်သောသူလို့ဟ စလို ဆှင်ပြန်ထမြောက်ကြမှာလုန်း။ ပစာသို့သော ကိုယ်ခန္ဓာနဲ့ သူလို့ပေါ်လာကြမှာလုန်း” ဟု မေးလိမ့်မယ်။
စုံစမ်းသွေးဆောင်ခြင်းဟို ခံရသူဟ “ဘုရားသခင်သည် ငါ့ဟို ဖြားယောင်းသွေးဆောင်အယ်” ဟု စသူမျှ မပြောနဲ့။ အကျောန်းမှာ မကောင်းမှုဟ ဘုရားသခင်ဟို မသွေးဆောင်နိန်ရာ၊ ကိုယ်တော်ဟလည်း စသူ့ဟိုမျှ သွေးဆောင်တော်မမူ။
အားပေမဲ့ “နင်နှိုက် ယုံကြည်ခြင်း ဆိယွေ့ ငါနှိုက် လုပ်ဆောင်မှု ဆိအယ်” ဟု အချို့သောသူဟ ပြောဆိုလိမ့်မယ်။ အဲလိုမို့ အကျင့်ကင်းသော နင်ရဲ့ ယုံကြည်ခြင်းဟို ငါ့အား ပြလော့။ ငါဟလည်း ငါရဲ့ အကျင့်အားဖြင့် ငါရဲ့ ယုံကြည်ခြင်းဟို နင့်အား ပြမယ်။