28 ဘုရားသခင်ဟို ချစ်သောသူ တည်းဟူသော အကြံအစည်အတိုင်း ခေါ်သောသူများအတွက် ဘုရားသခင်ဟ ခပ်သိမ်းသော အမှုအရာလို့ဟို ပူးပေါင်း လုပ်ဆောင်စေယွေ့ ကောင်းကျိုးဖြစ်စေကျောန်းဟို ငါလို့ သိကြအယ်။
နင်လို့ရဲ့ ဘုရားသခင် ထာဝရဘုရားဟို စိတ်နေလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်တခုလုံး၊ ဉာဏ်စွမ်းဆိသမျှ၊ အစွမ်းသတ္တိဆိသမျှနဲ့ ချစ်လော့။’
လူမျိုးခြားလို့ဟ အဲစကားဟို ကြားသောအခါ ရွှင်လန်းဝမ်းမြောက်ပင်း ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားတော်ဟို ချီးမွန်း ပြောဆိုကြအယ်။ ထာဝရ အသက်ရဆိရန် ရွေးကောက်ခြင်း ခံရသူလို့ဟ ယုံကြည်သူများ ဖြစ်လာကြအယ်။
အကျောန်းမှာ ဘုရားသခင်ဟ ရွေးချယ်ပင်း ကောင်းချီးပေးရန် ဆုံးဖြတ်ထားပင်းသော သူဟို မပြောင်းလဲတတ်။
အေးလို့ ခွဲခန့်မှတ်သားနဲ့သော သူလို့ဟို ခေါ်အယ်၊ ခေါ်သောသူလို့လည်း ဖြောင့်မတ်ရာနှိုက် တည်စေအယ်၊ အေးလို့ ဖြောင့်မတ်ရာနှိုက် တည်စေသောသူလို့ဟိုလည်း ဘုန်းတော် ထင်ဆှားစေအယ်။
အဲလိုလဲ အမွှာမမွေးခင် အဲဟာမဟုတ်ရင် အကောင်းအဆိုး တခုခုဟို မပြုလုပ်ခင် ရွေးကောက်ခြင်းဆိုင်ရာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက် တည်မြဲစေရန်ဖြစ်အယ်။
ကောရိန့်မြို့ဆိ ဘုရားသခင်ရဲ့ အသင်းတော်ဝင်အပေါင်းလို့ဆေဟို လည်းကောင်း၊ အရပ်ခပ်သိမ်းမှ ငါလို့နဲ့ သူလို့ရဲ့ သခင် ယေရှု ခရစ်တော်ဟို ကိုးကွယ်သောသူ အပေါင်းလို့နဲ့တကွ ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်း ဆိသောအားဖြင့် ဘုရားသခင်ရဲ့ လူအဖြစ် ရွေးချယ်ခြင်း ခံရသောသူအပေါင်းလို့ဆေဟို လည်းကောင်း စာရေးလိုက်ပါအယ်။
အားပေမဲ့ ယုဒအမျိုးသား ဖြစ်စေ၊ လူမျိုးခြား ဖြစ်စေ၊ ခေါ်သောသူလို့နှိုက် ဘုရားသခင်ရဲ့ တန်ခိုးတော်နဲ့ ဘုရားသခင်ရဲ့ ဉာဏ်ပညာဟူသော ခရစ်တော်ရဲ့ တရား ဖြစ်အယ်။
ကိုယ်တော်ဟ နင်လို့အား မိမိရဲ့ သားတော် တည်းဟူသော ငါလို့ရဲ့ ယေရှု ခရစ်တော်နဲ့ မိတ်သဟာယ ဖွဲ့စေရန် နင်လို့ဟို ခေါ်သော ဘုရားသခင်ဟ သစ္စာနဲ့ ပြေ့စုံအယ်။
ကျမ်းစာလာလဲ့အတိုင်း၊ “ဘုရားသခင်ဟ စသူမျှ မမျော် မကြားစဖူးဖြစ်မယ်ဟု စသူမျှ မထင်မမှတ်ဖူးလဲ့ အမှုအရာဟို မိမိအား ချစ်သောသူလို့အဖို့ ပြင်ဆင်ထားလေအယ်။”
အကျောန်းမှာ ငါလို့ဟ မြေကြီးပေါ်မှာဆိသော ငါလို့ရဲ့ ကိုယ်ခန္ဓာနှိုက်နေသော ဟေတဲဟ ပြိုပျက်သွားသောအခါ၊ ဘုရားသခင်ဟ ငါလို့နေထိန်ရန်အတွက် ခေါန်းခင်ဘုံနှိုက် သူ့တတ်တိုင်း တည်ဆောက်ထားသော ထာဝရ နေအိုင်ဟို ငါလို့အား ပေးမယ်ဖြစ်ကျောန်း ငါလို့ သိကြအယ်။
အဲလိုလဲ ဘုရားသခင်ဟ ငါ့ဟို မမွေးခင်ကပင် ကျေးဇူးတော်အားဖြင့် ရွေးချယ်ခဲ့ပင်း ငါ့ဟို သူရဲ့အစေခံရန် ခေါ်ခဲ့အယ်။ အားပင်း သူဆုံးဖြတ်သောအခါ
နင်လို့ဟ ခရစ်တော်ရဲ့ ကျေးဇူးတော်အားဖြင့် ခေါ်သောသူဟို အချိန်အမြန် စွန့်ခွာယွေ့၊ တခြားသော သတင်းကောင်းဟို လက်ခံကြတာဟို ငါရမ်းဆာ့ အံ့ဩအယ်။
အေးအရာဟ နင့်ဟို ခေါ်တဲ့ ဘုရားသခင်ဆေဟ လာတာ ဟုတ်ဝူး။
ဘုရားသခင်ဟ သူရဲ့ထာရ ရည်ရွယ်ချက်အရ ဟေအရာဟို ပြုခဲ့အယ်။ ငါလို့ အဆှင် ခရစ်တော် ယေရှုအားဖြင့် အောင်မြင်အယ်။
အေးကျောန့် သခင်ဘုရားအတွက် အကျဉ်းသားတဦးအနေနဲ့၊ နင်လက်ခံရဆိထားသော ခေါ်ခြင်းနဲ့ ထိုက်တန်သော အသက်တာဖြင့် နေထိန်ရန် နင်လို့ဟို ငါ တိုက်တွန်းပါအယ်။
အဲလိုမို့ ခရစ်တော် ယေရှုအားဖြင့် အထက်အရပ်သို့ ဘုရားသခင် ခေါ်ယူယွေ့ ပေးမဲ့ဆုဟို ရဆိရန် ပန်းတိုင်သို့ ကြိုးစားယွေ့ ငါပြေးအယ်။
အကျောန်းမှာ ဘုရားသခင်ဟ ငါလို့ဟို အူထော့တာ သက်ရောက်စေရန် သတ်မှတ်ထားတာ မဟုတ်ဘဲ ငါလို့ရဲ့ သခင် ယေရှု ခရစ်တော်အားဖြင့် ကယ်တင်ခြင်းဟို ရဆိစေရန် သတ်မှတ်ထားအယ်။
ဘုရားသခင်ဟ ငါလို့ဟို ကယ်တင်ယွေ့ သန့်ဆှင်းသော ခေါ်ယူခြင်းဖြင့် ငါလို့ဟို ခေါ်ယူတာဟ ငါလို့ပြုသောအမှုများကျောန့် မဟုတ်ဘဲ ကိုယ်တော်ရဲ့ အကြံအစည်ကျောန့် ဖြစ်ပင်း ဆေ့ကာလများ မတိုင်မီဟပင် ခရစ်တော် ယေရှုအားဖြင့် ငါလို့အား ပေးသော ကျေးဇူးတော်ကျောန့် ဖြစ်အယ်၊
အားပေမဲ့ ဘုရားသခင် ချထားလဲ့ အုတ်မြစ်ဟ ခိုင်ခံ့လျက်ဆိပင်း အဲအုတ်မြစ်ပေါ်တွင် “ထာဝရဘုရားဟ မိမိရဲ့ လူစုတော်အား သိအယ်” ဟူယွေ့ လည်းကောင်း၊ “သခင်ဘုရားရဲ့ နာမဟို ခံရသူအပေါင်းလို့ဟ မကောင်းသောအမှုဟို ဆှောင်ကြဉ်ရကြမယ်” ဟူယွေ့ လည်းကောင်း တံဆိပ်ခတ်နှိပ်ထားအယ်။
အဲကျောန့် ခရစ်တော်ဟ ပဋိညာဉ်သစ်ရဲ့ ကြားဝင်စေ့စပ်သူ ဖြစ်အယ်၊ ဟေဟာဟ ပထမ ပဋိညာဉ် လက်အောက်နှိုက် ဖောက်ဖျက်ကျူးလွန်သော အပစ်များမှ လူလို့ဟို ရွေးနုတ်ရန် ကိုယ်တော်ဟ အသေခံခြင်းအားဖြင့် ခေါ်ယူသောသူလို့ဟ ထာဝရ အမွေနဲ့ဆိုင်သော ကတိတော်ဟို ရဆိမဲ့ အကျောန်းဖြစ်အယ်။
စုံစမ်းနှောင့်ယှက်ခြင်းဟို သည်းခံသောသူဟ မင်္ဂလာဆိအယ်။ အကျောန်းမှာ စစ်ကြောစုံစမ်းခြင်းဟို ခံပင်းမှ ဘုရားသခင်ဟို ချစ်သောသူလို့အား ကတိထားသော အသက်သရဖူဟို ရလိမ့်မယ်။
ငါ ချစ်သော ညီအကို မောင်နှမလို့၊ နားထောင်ကြလော့။ ဘုရားသခင်ဟ ဟေလောကတွင် ဆင်းရဲသောသူလို့ဟို ယုံကြည်ခြင်းနှိုက် ကြွယ်ဝသောသူအဖြစ် လည်းကောင်း၊ ကိုယ်တော်ဟို ချစ်သောသူလို့အား ကတိထားသော နိုင်ငံတော်ဟို အမွေဆက်ဆံသူအဖြစ် လည်းကောင်း ရွေးကောက်တာ မဟုတ်လော။
အဲလိုလဲ နင်လို့ဟ ရွေးကောက်ခံရသော အမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ဆှင်းသော တိုင်းသူပြေသား၊ ဘုရားသခင်ရဲ့ လူမျိုး ဖြစ်ကြအယ်။ ဟေဟာဟ နင်လို့ဟို မိုက်ထဲဟ မိမိရဲ့ အံ့ဩဖွယ် အလင်းထဲဟို ခေါ်ယူသော အဆှင်ရဲ့ ကောင်းမြတ်ခြင်းများဟို နင်လို့ ဖော်ပြကြမဲ့အကျောန်း ဖြစ်အယ်။
နင်လို့ဟ ကောင်းချီးမင်္ဂလာဟို အမွေဆက်ခံရမဲ့အကျောန်း ခေါ်ယူခြင်းဟို ခံရတာ ဖြစ်ယွေ့ အဆိုးဟို အဆိုးဖြင့် လည်းကောင်း၊ ကဲ့ရဲ့ပစ်တင်ခြင်းဟို ကဲ့ရဲ့ပစ်တင်ခြင်းဖြင့် လည်းကောင်း မတုန့်ပြန်ဘဲ ကောင်းချီးဟိုသာ ပေးကြလော့။
နင်လို့ဟို မိမိရဲ့ ထာဝရ ဘုန်းအသရေထဲဟို ခရစ်တော် ယေရှုအားဖြင့် ခေါ်ယူသော အဆှင်၊ ကျေးဇူးတော်အပေါင်းနဲ့ ပြေ့စုံသော ဘုရားသခင် ကိုယ်တော်တိုင်ဟ ဆင်းရဲဒုက္ခဟို ခဏခံစားပင်းသော နင်လို့ဟို စုံလင်စေယွေ့ ခွန်အားနဲ့ပြေ့စုံစေကာ တည်ကြည်ခိုင်ခံ့မြဲမြံစေလိမ့်မယ်။
ငါလို့ဟ ဘုရားသခင်ဟို ချစ်ခဲ့တာ မဟုတ်၊ ဘုရားသခင်ဟသာ ငါလို့ဟို ချစ်ယွေ့ ငါလို့ရဲ့ အပစ်များအတွက် အသနားခံခြင်း ပူဇော်သကာအဖြစ် မိမိရဲ့ သားတော်ဟို စေလွှတ်အယ်။ ဟေအမှုအရာနှိုက် ချစ်ခြင်းမေတ္တာ ဆိအယ်။
ဘုရားသခင်ဟ ငါလို့အား ဦးရင် ချစ်သောကျောန့် ငါလို့ဟ ကိုယ်တော်ဟို ချစ်ကြအယ်။
ငါဟ ငါချစ်သမျှသော သူလို့ရဲ့ အပစ်ဟို ဖော်ပြယွေ့ ဆုံးမတတ်အယ်။ အဲကျောန့် စိတ်အားထက်သန်ခြင်း ဆိယွေ့ နောင်တရလော့။