24 အကျောန်းမှာ ငါလို့ဟ မျော်လင့်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ ရောက်အယ်။ အဲလိုလဲ မျော်တွေ့ရလဲ့ မျော်လင့်ခြင်းဟ မျော်လင့်ခြင်း အမန် မဟုတ်ပါ။ အကျောန်းမှာ စသူဟ မျော်သောအရာဟို ဆက်ယွေ့ မျော်လင့်မယ်လော။
မျော်လင့်ချက်နဲ့ ဝမ်းမြောက်ကြလော့၊ ဆင်းရဲဒုက္ခဟို သည်းခံကြလော့၊ ဆုတောင်းခြင်းနှိုက် သစ္စာဆိကြလော့။
နင်လို့ရဲ့ မျော်လင့်ခြင်းဟ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ တန်ခိုးအားဖြင့် ဆက်လက် အသက်ဆှင်နိန်ရန်အတွက် မျော်လင့်ခြင်းရဲ့ အရင်းအမြစ်ဖြစ်သော ဘုရားသခင်ဟ နင်လို့ရဲ့ ယုံကြည်ခြင်းအားဖြင့် နင်လို့အား ဝမ်းမြောက်ခြင်းနဲ့ ငြိမ်သက်ခြင်းဟို ပေးသနားပါစေ။
အကျောန်းမှာ ကျမ်းစာနှိုက် ရေးသားခဲ့လဲ့ အရာအားလုံးဟာ ငါလို့ဟို သင်ပေးဖို့ ရေးထားတာပါ၊ အေးကျောန့် ကျမ်းစာနှိုက်ပါသော သည်းခံခြင်းနဲ့ ခွန်အားပေးခြင်းအားဖြင့် ငါလို့ မျော်လင့်ချက် ဆိရန် ဖြစ်အယ်။
အာဗြဟံဟ မျော်လင့်စရာ မဆိလဲ့ အခြေအနေတွင် မျော်လင့်ယွေ့ ယုံကြည်ခြင်း ဆိသောကျောန့် “ရမ်းဆာ့များသော လူမျိုးလို့ရဲ့ အဖ ဖြစ်လာအယ်။” ကျမ်းစာလာတာဟ “နင့်ရဲ့ အမျိုးနွယ်လို့ဟ ကြယ်လိုမျိုး များလိမ့်မယ်” ဟု ဆိုအယ်။
သူဟ အခု ငါလို့ အသက်ဆှင်နေသော ဘုရားသခင်ရဲ့ ကျေးဇူးတော်ထဲနှိုက် ယုံကြည်ခြင်းအားဖြင့် ငါလို့ဟို ခေါ်ဆောင်လာခဲ့အယ်။ အဲလိုမို့ ဘုရားသခင်ရဲ့ ဘုန်းတော်ဟို ရဆိမယ်လို့ မျော်လင့်ချက်နဲ့ ငါလို့ ဝါကြွားခြင်း ဖြစ်အယ်။
ဖန်ဆင်းခြင်းဟ စိတ်ပျက်ခြင်းနဲ့ ကြုံတွေ့လာခဲ့တာဟ ကိုယ်ပိုင်ရွေးချယ်မှုကျောန့် မဟုတ်ဘဲ ဘုရားသခင်ရဲ့ အလိုတော်ကျောန့် ဖြစ်အယ်။ အဲလိုမို့ မျှော်လင့်ချက် ဆိအယ်။
အခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနဲ့ ချစ်ခြင်း ဟေသုံးပါးတည်လျက် ဆိအယ်။ အားပေမဲ့ ဟေသုံးပါးလို့တွင် ချစ်ခြင်း မေတ္တာဟ အမြတ်ဆုံး ဖြစ်အယ်။
ငါလို့ဟ မျက်စေ့ဖြင့် မျော်နိန်သောအရာများဟို အာရုံမစိုက်ဘဲ မျက်စေ့ဖြင့် မမျော်နိန်သောအရာများဟိုသာ အာရုံစိုက်ကြအယ်၊ မျက်စေ့ဖြင့် မျော်နိန်သောအရာများဟ ခဏမျှသာ တည်ယွေ့ မျက်စေ့ဖြင့် မမျော်နိန်သောအရာလို့ဟ ထာဝရတည်အယ်။
အကျောန်းမှာ ငါလို့ဟ အမြင်အားဖြင့် မဟုတ်ဘဲ၊ ယုံကြည်ခြင်းအားဖြင့် အသက်ဆှင် ဆှောက်လှမ်းကြအယ်။
အကျောန်းမှာ ငါလို့ဟ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းဟို ရဆိမယ်ဟု မျော်လင့်ခြင်းဟို ဝိညာဉ်တော်နှိုက် အမှီပြုယွေ့ စောင့်မျော်နေကြအယ်။
အဲလိုမို့ နင်လို့ဟ မိမိလို့ရဲ့ ယုံကြည်ခြင်းဟို အုတ်မြစ်လို ခိုင်မာစေရန် ဆက်လက် ထိန်းသိမ်းရကြမယ်၊ နင်လို့ဟ ဧဝံဂေလိတရားဟို ကြားသိရသောအခါ ရဆိခဲ့သော မျော်လင့်ခြင်းမှ နင်လို့တတ်တိုင်း မယိမ်းယိုင်စေနဲ့။ ကမ္ဘာအနှံ့အပြားသို့ ဟောပြောရန်ဖြစ်သော အဲဧဝံဂေလိတရားအတွက် အစေခံဟ ငါ ပေါလုပင် ဖြစ်အယ်။
ဘုရားသခင်ရဲ့ အကြံစည်မှာ လူမျိုးတကာလို့အတွက် ကြွယ်ဝယွေ့ ဘုန်းအသရေနဲ့ ပြေ့စုံသော နက်နဲလဲ့အရာအကျောန်းဟို မိမိလူလို့အား သိစေရန် ဖြစ်အယ်။ ဟေနက်နဲသောအရာဟ ခရစ်တော်သည် နင်လို့အထဲနှိုက် ကျိန်းဝပ်ကျောန်း ဖြစ်အယ်၊ ဆိုလိုတာဟ နင်လို့သည် ဘုရားသခင်ရဲ့ ဘုန်းအသရေတော်နဲ့ဆိုင်လဲ့ မျော်လင့်သောအရာဟို ခံစားစေလိမ့်မယ်။
သမ္မာတရားဟူသော သတင်းကောင်းဟို နင်လို့ ပထမအကြိမ် ကြားရသောအခါ မျော်လင့်ရာအကျောန်းဟို နင်လို့ ကြားရကြအယ်။ အဲလိုမို့ နင်လို့ရဲ့ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာဟ ခေါန်းခင်ဘုံနှိုက် နင်လို့အဖို့ လုံခြုံစွာထားလဲ့ မျော်လင့်ရာအပေါ်မှာ မူတည်လျက်နေအယ်။
အဲလိုလဲ နေ့ရဲ့ ပိုင်ဆိုင်သော ငါလို့ဟ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာလို့ဟို ရင်အုပ်တန်ဆာအဖြစ် ဝတ်ဆင်လျက် ကယ်တင်ခြင်းနှိုက် မျှော်လင့်ခြင်းဟို သံခမောက်အဖြစ်ဆောင်းကာ သမ္မာသတိ ဆိကြကုန်စို့။
ငါလို့ရဲ့ သခင် ယေရှု ခရစ်တော် တတ်တိုင်းနဲ့ ငါလို့ဟို ချစ်ယွေ့ ကျေးဇူးတော်အားဖြင့် ထာဝရ နှစ်သိမ့်ခြင်းနဲ့ ကောင်းမြတ်သော မျှော်လင့်ခြင်းလို့ဟို ပေးသော ငါလို့ အဖ ဘုရားသခင်ဟ၊
အေးလို့မို့ ငါလို့ဟ ကိုယ်တော်ရဲ့ ကျေးဇူးတော်အားဖြင့် ဖြောင့်မတ်တာ ဟု အသိအမှတ်ပြုခြင်းခံရလျက် ငါလို့ မျော်လင့်လဲ့ ထာဝရအသက်ဟို အမွေခံဖြစ်လာကြမဲ့ အကျောန်းဖြစ်အယ်။
ယုံကြည်ခြင်းဟ မျော်လင့်သောအရာလို့ဟို စိတ်ချမှုဆိခြင်းနဲ့ မမျော်ရသောအရာလို့ဟို သိမှတ်စွဲလမ်းခြင်း ဖြစ်အယ်။
ကိုယ်တော်အား သေသောသူလို့ထဲမှ ထမြောက်စေယွေ့ ဘုန်းအသရေပေးသော ဘုရားသခင်ဟို ကိုယ်တော်အားဖြင့် နင်လို့ ယုံကြည်ကြအယ်။ အေးလိုမို့ နင်လို့ရဲ့ ယုံကြည်ခြင်းနဲ့ မျှော်လင့်ခြင်းလို့ဟ ဘုရားသခင်ထဲနှိုက် တည်ဆိကြအယ်။
ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ ခမည်းတော် ဘုရားသခင်အား ကျေးဇူးတော် ချီးမွန်းကြပါစို့။ ကြီးမားသော ကရုဏာတော်ကျောန့် ယေရှု ခရစ်တော်ဟို သေခြင်းမှ ထမြောက်စေခြင်းဖြင့် ငါလို့အား ဖဝါ့အသစ်ဟို ပေးအယ်။ ၎င်းဟ ငါလို့အား အသက်ဆှင်သော မျှော်လင့်ချက်ဖြင့် ပြေ့စေပင်း၊
ကိုယ်တော်နှိုက် အေးလို မျော်လင့်ထားသောသူတိုင်းဟ ကိုယ်တော် သန့်ဆှင်းစင်ကြယ်လဲ့အတိုင်း မိမိတတ်တိုင်း သန့်ဆှင်းစင်ကြယ် စေတတ်အယ်။