13 အကျောန်းမှာ နင်လို့ဟ ဇာတိပကိအတိုင်း အသက်ဆှင်ရင် သေကြရလိမ့်မယ်။ အဲလိုလဲ ဝိညာဉ်တော်အားဖြင့် ကိုယ်ကာယရဲ့ အကျင့်လို့ဟို သေစေရင် အသက်ဆှင်ကြလိမ့်မယ်။
နင်အခု ဆှက်ကြောက်နေလဲ့ အရာများမှ အေးအချိန်တွင် နင် ပစာ အကျိုးကျေးဇူးဟို ရခဲ့သလဲ။ အေးအရာများရဲ့ ရလဒ်ဟ သေခြင်း ဖြစ်အယ်။
အကျောန်းမှာ အပစ်တရားရဲ့ အခဟ သေခြင်းဖြစ်ပေမဲ့ ဘုရားသခင်ရဲ့ အလကားကား လက်ဆောင်ဟ ငါလို့ အဆှင် ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်းဖြစ်ခြင်းအားဖြင့် ရဆိလဲ့ ထာဝရ အသက် ဖြစ်အယ်။
အကျောန်းမှာ ငါလို့ဟ လူ့ဇာတိသဘောအရ အသက်ဆှင်နေကြသောအခါ ပညတ်တရားကျောန့် ဖြစ်ပေါ်လာလဲ့ ပြင်းပြသော အပစ် လုပ်ချင်စိတ်ဟ ငါလို့ရဲ့ ခန္ဓာကိုယ်နှိုက် အလုပ်လုပ်နေပင်း ငါလို့ သေခြင်းနှိုက် အဆုံးသတ်သွားအယ်။
အေးကျောန့် ညီအကို မောင်နှမလို့ ငါလို့နှိုက် တာဝန်ဆိသော်လည်း ဇာတိပကိအားဖြင့် အသက်ဆှင်ကြရန် မဟုတ်။
ငါဟ သူတပါးလို့အား ပြိုင်ပွဲဝင်ရန် ခေါ်ဖိတ်ခဲ့ပင်းနောက် မိမိတတ်တိုင်း ပြိုင်ပွဲမှ အပယ်မခံရစေရန် ငါရဲ့ ကိုယ်ခန္ဓာဟို ပြင်းပြင်းထန်ထန် ထိုးနှက်လေ့ ဆိအယ်။
ခရစ်တော် ယေရှုနဲ့ စပ်လျဉ်းသောသူများဟ ဇာတိပကတိအား ကိလေသာဆန္ဒများဖြင့် လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြအယ်။
ဇာတိပကတိ အလိုဆန္ဒအတိုင်း စိုက်ရင် နင်ဟ သေခြင်းဟို ရိတ်သိမ်းရလိမ့်မယ်။ နင်ဟ ဝိညာဉ်တော်နှိုက် စိုက်ပျိုးရင် နင်ဟ ထာဝရအသက်ဟို ရိတ်သိမ်းရလိမ့်မယ်။
လှည့်စားတတ်သော တပ်မက်မှုများကျောန့် ဖောက်ပြန်ပျက်စီးနေသော အတ္တဟောင်းကို ပယ်ဆှားရန် နင်ရဲ့ မခင် ဖဝါ့လမ်းစဉ်ဟို စွန့်လွတ်ကြလော့။
ရွေးနုတ်ခြင်း နေ့ရက်အတွက် တံဆိပ်ခတ်ခြင်း ခံရသော ဘုရားသခင်ရဲ့ သန့်ဆှင်းသော ဝိညာဉ်တော်ကို စိတ်မနာစေနဲ့။
နင်ဟို ဖျက်စီးစေမဲ့ စပျစ်ဝိုင်နဲ့ မယစ်မူးစေနဲ့။ အဲအစား ဝိညာဉ်တော်နဲ့ ပြေ့ဝကြလော့။
ငါလို့အား ဘုရားတရားမဲ့ခြင်းနဲ့ လောကီတပ်မက်ခြင်းလို့ဟို စွန့်ပယ်ယွေ့ ဟေလောကတွင် ဘုရားဝတ်နှိုက် မွေ့လျော်စွာ၊ သင့်တင့်လျောက်ပတ်စွာနဲ့ ဖြောင့်မတ်စွာ အသက်ဆှင်ရန်လည်းကောင်း၊
နင်လို့ဟ သမ္မာတရားဟို နားထောင်ခြင်းအားဖြင့် နင်လို့ရဲ့ စိတ်ဝိညာဉ်များဟို သန့်ဆှင်းစင်ကြယ်စေကြပင်း ဟန်ဆောင်မှု ကင်းလဲ့ ညီအကိုချင်းချစ်သော မေတ္တာဟို ရဆိကြအယ် ဖြစ်ယွေ့ ရိုးသားလဲ့ နေလုံးသားဖြင့် အချင်းချင်း ခိုင်မြဲစွာ ချစ်ကြလော့။
ချစ်သော မိတ်ဆွေလို့၊ နင်လို့ဟ ဧည့်သည်အာဂန္တုများ ဖြစ်ကြသဖြင့် စိတ်ဝိညာဉ်ဟို ဆန့်ကျင်တိုက်ခိုက်သော ကိုယ်ကာယတပ်မက်ခြင်းများဟို ဆှောင်ကြဉ်ကြရန် နင်လို့ဟို ငါ တိုက်တွန်းနှိုးဆော်အယ်။