9 ခရစ်တော်ဟ သေခြင်းမှ ဆှင်ပြန်ထမြောက်သဖြင့် နောက်တခါ ဖယ်တော့မှ မသေတော့ကျောန်းဟို ငါလို့ သိကြအယ်၊ သေခြင်းတရားဟ ကိုယ်တော်ဟို မအုပ်စိုးရတော့ပေ။
အဲလိုလဲ အာဒံ လက်ထက်မှစပင်း မောရှေ လက်ထက်အထိ အေးသေခြင်းတရားဟ လူသားအားလုံးလို့ဟို အုပ်စိုးခဲ့အယ်။ အာဒံလိုမျိုး ဘုရားသခင်ရဲ့ အမိန့်ဟို အာခံခြင်းဖြင့် အပစ်ကျူးခဲ့သူလို့ဟိုပင် သေခြင်းတရား စိုးမိုးခဲ့အယ်။ အာဒံဟ နောက်အခါလာမဲ့ သူရဲ့ ပုံရိပ် ဖြစ်အယ်။
အဲလိုမို့ ခရစ်တော် အသေခံတာဟ အပစ်တရားကျောန့် တကြိမ်တည်းနဲ့အပီး အသေခံတာဖြစ်ယွေ့ အခု အသက်ဆှင်တာဟ ဘုရားသခင်နှိုက် အသက်ဆှင်အယ်။
အပစ်တရားဟ နင်လို့ရဲ့ သခင် မဖြစ်စေနဲ့၊ နင်လို့ဟ ပညတ်တရား လက်အောက်နှိုက် ဆိတာမဟုတ်၊ ဘုရားသခင်ရဲ့ ကျေးဇူးတော် အောက်နှိုက် ဆိကြသောကျောန့် ဖြစ်အယ်။
ငါလို့ရဲ့ နှစ်ခြင်းခံခြင်းအားဖြင့် သူနဲ့အတူ မြှပ်နှံခြင်းဟိုခံပင်း သူနဲ့အတူ အသေခံကြအယ်။ ခရစ်တော်ဟ အဖရဲ့ ဘုန်းတန်ခိုးတော်အားဖြင့် သေခြင်းမှ ဆှင်ပြန်ထမြောက်စေလဲ့နည်းတူ ငါလို့အားလည်း အသက်တာ အသစ်နှိုက် အသက်ဆှင် နေထိန်ကြစေရန် ဖြစ်အယ်။
အဲသူဟ ယဇ်ပုရောဟိတ် အရိုက်အရာဟို လူသားလို့ ချမှတ်ထားလဲ့ ပညတ်များအရ ခံယူရဆိထားတာ မဟုတ်၊ ပစာအခါနှိုက်မျှ မကုန်ဆုံးနိန်လဲ့ အသက်ရဲ့ တန်ခိုးတော်အားဖြင့် ခံယူရဆိထားခြင်း ဖြစ်အယ်။
အဲကျောန့် ကိုယ်တော်ဟ မိမိအားဖြင့် ဘုရားသခင်ဆေဟို ချဉ်းကပ်သောသူလို့ဟို အပြေ့အဝ ကယ်တင်နိန်အယ်၊ ပစာကို့ ကိုယ်တော်ဟ သူလို့အတွက် အသနားခံပေးရန် အစဉ်အမြဲ အသက်ဆှင်လျက် ဆိအယ်။
အသက်ဆှင်သောသူလည်း ဖြစ်အယ်။ ငါဟ ဦးရင် သေတာ ဖြစ်ယွေ့ ကမ္ဘာအဆက်ဆက် အသက်နဲ့ ပြေ့စုံအယ်။ သေခြင်းနဲ့ မရဏာနိုင်ငံဟိုလည်း ငါ အစိုးရအယ်။