25 နင်ဟ ပညတ်တရားဟို ကျင့်သုံးရင် နင်ရဲ့ အရေဖျားလှီးခြင်းဟ တန်ဖိုးဆိအယ်။ အဲလိုလဲ နင်ဟ ပညတ်တရားဟို မကျင့်သုံးရင် နင့်ရဲ့ အရေဖျားလှီးဟ အရေဖျားမလှီးသလိုမျိုး ဖြစ်အယ်။
“နင်လို့ဟ စလောက် ခေါင်းမာကြလုန်း” ဟု သတေဖန်ဟ ဆက်ပြောအယ်။ “နင်လို့ဟ ဘုရားသခင်ရဲ့ တရားစကားဟို နားထောင်ရန် နင်လို့ စိတ်နေလုံးလို့ စလောက် ခိုင်မာကြလုန်း၊ နင်လို့ဟ မိမိလို့ ဖိုးဖေးများလိုမျိုး သန့်ဆှင်းသော ဝိညာဉ်တော်ဟို အမြဲတမ်း ဆန့်ကျင်ဖက်ပြု ကြအယ်။
အကျောန်းမှာ ပညတ်တရားဟို ကြားနာသောသူလို့ဟ ဘုရားသခင် ဆေ့တော်နှိုက် ဖြောင့်မတ်ကြတာ မဟုတ်၊ ပညတ်တရားဟို လိုက်နာသော သူလို့သာလျှင် ဖြောင့်မတ်တာဟု အသိအမှတ်ပြုခြင်းဟို ခံရကြအယ်။
နင်ဟ ဘုရားသခင်ရဲ့ ပညတ်တရားဟို အမှီပြုပင်း ဝါကြွားပေမဲ့လည်း အေးပညတ်တရားဟို ချိုးဖောက်ခြင်းအားဖြင့် ဘုရားသခင်ရဲ့ အသရေဟို ရှုတ်ချသလော။
အရေဖျားလှီးခြင်း မခံလဲ့ လူမျိုးခြားဖြစ်ရင် ပညတ်တရားရဲ့ လိုအပ်ချက်အတိုင်း လိုက်နာအယ်ဆိုရင် အေးသူဟို ဘုရားသခင်ဟ အရေဖျားလှီးခြင်း ခံသူလိုမျိုး မှတ်ယူမယ် မဟုတ်လော။
နင်ဟ ရေးသားထားလဲ့ ပညတ်တရားနဲ့ အရေဖျားလှီးခြင်းဟို ခံယူရဆိသူ ဖြစ်ပါလျက် ပညတ်တရားဟို ချိုးဖောက်သောကျောန့် ရုပ်ပိုင်းဆိုင်ရာ အရေဖျားလှီးခြင်းဟို မခံရသော်လည်း ပညတ်တရားဟို နာခံကြသော လူမျိုးခြားလို့ဟ နင်လို့ ယုဒလူလို့အား အပစ်ဒဏ်စီရင် ကြလိမ့်မယ်။
နောက်မှာ အမန်တကယ် အရေဖျားလှီးခြင်းဟို ခံသော တကယ့် ယုဒလူမျိုးဟ စသူလုန်း၊ အပြင်အားဖြင့်သာ အရေဖျားလှီးခြင်း ခံရသော ယုဒလူမျိုးဟာ ယုဒလူမျိုး အစစ်မဟုတ်။
အရေဖျားလှီးခြင်းအားဖြင့် အကျိုးမဆိ၊ အရေဖျားလှီးခြင်းဟို မခံဘဲ နေခြင်းအားဖြင့်လည်း အကျိုးမဆိ။ ဘုရားသခင်ရဲ့ ပညတ်တော်များဟို နာခံခြင်းအားဖြင့်သာ အကျိုးဆိအယ်။
အရေဖျားလှီးခြင်းကို ခံသောသူလို့ပင် ပညတ်တရားကို မနာခံကြ၊ သူလို့ဟ ဟေရုပ်ပိုင်းဆိုင်ရာ အခမ်းအနားဟို တင်သွင်းကျောန်း ဝါကြွားနိန်စေရန် အရေဖျားလှီးခြင်းကို ခံစေလိုအယ်။
အရေဖျားလှီးခြင်းခံရတာ ဖြစ်စေ၊ မခံရတာ ဖြစ်စေ၊ လုံးဝ အရေးမကြီးပါ၊ အသစ်ဖန်ဆင်းခံရခြင်းသာ အရေးကြီးအယ်။