22 နင်ဟ “အိုင်ထောင်ရေး မဖောက်ပြန်ရ” လို့ ပြောပေမဲ့လည်း နင်တတ်တိုင်း ပစ်မားသလော၊ နင်ဟ ရုပ်တုဟို စက်ဆုပ်လျက်ပင် ဗိမာန်တော်ဟို နင်လုယူဖျက်ဆီးသလော။
ယေရှုဟ “ဆိုးညစ်ယွေ့ ဘုရားမဲ့သော ဟေခေတ်လူလို့ဟ နိမိတ်လက္ခဏာဟို တောင်းဆိုကြအယ် ဟုတ်မောင့်လဲ့။ နင်လို့ဟ ပရောဖက် ယောနရဲ့ နိမိတ်လက္ခဏာမှတပါး မစာနိမိတ်လက္ခဏာဟိုမျှ နင်လို့အား ပေးလိမ့်မယ် မဟုတ်။
ဆိုးညစ်ယွေ့ ဖောက်ပြန်သော မျိုးဆက်ဟ နိမိတ်လက္ခဏာဟို တောင်းကြသော်လည်း၊ ယောနရဲ့ နိမိတ်လက္ခဏာ မှတပါး ပစာ နိမိတ်လက္ခဏာမျှ နင်လို့အား ပြလိမ့်မယ် မဟုတ်” ဟု မိန့်အယ်။ အဲပင်းရင် ယေရှုဟ အဲသူလို့ဆေမှ ထွက်ခွာသွားအယ်။
ကိုယ်တော်ဟ “ဘုရားသခင် မိန့်လဲ့ ကျမ်းစာနှိုက်၊ ‘ငါရဲ့ အိုင်တော်ဟို လူမျိုးတကာလို့ရဲ့ ဆုတောင်းရာအိုင်တော်ဟု ခေါ်ဝေါ်ရလိမ့်မယ်’ ဟု ရေးထားအယ် မဟုတ်လော။ အဲလိုလဲ နင်လို့ဟ အဲအိုင်တော်ဟို ထားပြတွေအတွက် ခိုအောင်းရာတခုအဖြစ် ပြောင်းလိုက်ပီလော” ဟု လူလို့အား သွန်သင်လေအယ်။
နင်လို့ဟ ဟေနေရာဟို ခေါ်ဆောင်ခဲ့ကြသော ဟေသူလို့ဟ ဗိမာန်တော်ထဲ ဝင်ယွေ့ လုယက်သောသူ မဟုတ်။ ငါလို့ရဲ့ ဘုရားများဟို မကောင်းသော စကားဟို ပြောသောသူလည်း မဟုတ်။
ချစ်ခြင်းမေတ္တာဟို ဟန်ဆောင်မှုနဲ့ ကင်းစေလော့၊ မကောင်းမှုဟို မုန်းပင်း ကောင်းသောအရာဟို အမြဲစွဲကိုင်ကြလော့။
ဖောက်ပြန်သောသူလို့၊ လောကနဲ့ မိတ်ဖွဲ့ခြင်းဟ ဘုရားသခင်ဟို ရန်ဘက်ပြုခြင်း ဖြစ်ကျောန်း နင်လို့ မသိကြသလော။ အဲကျောန့် လောကရဲ့ မိတ်ဆွေ ဖြစ်လိုသောသူဟ ဘုရားသခင်ရဲ့ ရန်သူ ဖြစ်အယ်။