20 မိုက်မဲသောသူအတွက် သင်ကြားသောသူ၊ မသိနားမလည်သူလို့ရဲ့ ဆရာဖြစ်သောသူ၊ ပညတ်ကျမ်းနှိုက် နင်လို့ဟ အသိပညာနဲ့ အမန်တရားလို့ အပြေ့အဝပါဆိကျောန်း နင်လို့ ယုံကြည်စိတ်ချအယ်။
အဲအချိန်တွင် ယေရှုဟ “ခေါန်းခင်နဲ့ မြေကြီးရဲ့ အဆှင်သခင်ဖြစ်သော အဖ၊ ကိုယ်တော်ဟ အသိပညာဆှင်များအား သိခွင့်မပေးဘဲထားလဲ့အရာများဟို ပညာမဲ့သူလို့အား ဖွင့်ပြသဖြင့် ကျေးဇူးတော်ဟို ချီးမွန်းအယ်။
မျက်စေ့ကန်းလဲ့လူလို့အား လမ်းပြလဲ့သောသူ၊ မိုက်နှိုက် နေသောသူလို့ဟို လင်းစေသောသူ၊
အဲယုံကြည်ခြင်းအားဖြင့် ငါလို့ဟ ပညတ်တရားဟို ပယ်ဖျက်တာဟို ဆိုလိုသလော။ လုံးလုံး ဟုတ်ဝူး။ ပညတ်တရားဟို အတည်ပြုခြင်းသာ ဖြစ်အယ်။
နင်လို့ဟ တချိန်ဟ အပစ်တရားရဲ့ ကျွန် ဖြစ်ဖူးသော်လည်း နင်လို့ ရဆိသော သင်ကြားမှုတွင် တွေ့ရသော အမန်တရားများဟို စိတ်နေလုံးအကြွင်းမဲ့ နာခံခဲ့သောကျောန့် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းအယ်။
အားပေမဲ့ ညီအကို မောင်နှမလို့၊ ငါဟ နင်လို့ဟို ဝိညာဉ်သဘောဆိသောသူများလို ဟောပြောယွေ့ မရဘဲ သွေးသားဇာတိပကတိနှိုက် ဆိသောသူများလို လည်းကောင်း၊ ခရစ်တော်နှိုက် လူပဲ့သငယ်များလို လည်းကောင်း ငါ ဟောပြောရအယ်။
နင်ဟ ခရစ်တော် ယေရှုပေါ်နှိုက် ဆိသော ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာလို့ဖြင့် ငါ့ဆေမှ ကြားနာရသော မန်ကန်ပြေ့စုံလဲ့ တရားစကားများဟို စံနမူအဖြစ် စွဲလမ်းလော့။
ဘုရားဝတ်နှိုက် မွေ့လျော်ဟန်ဆိသော်လည်း ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းရဲ့ တန်ခိုးဟို ငြင်းပယ်သောသူများ ဖြစ်ကြလိမ့်မယ်။ အဲသူလို့ဟို ဆှောင်လော့။
သူလို့ဟ ဘုရားသခင်ဟို သိကြအယ်ဟု ဝန်ခံကြသော်လည်း သူလို့ပြုသော အမှုများအားဖြင့် ဘုရားသခင်ဟို ငြင်းပယ်ကြအယ်။ သူလို့ဟ စက်ဆုပ်ဖွယ်ကောင်းသောသူ၊ နာခံခြင်း မဆိသောသူ၊ ကောင်းသောအမှု ဆိသမျှနဲ့ မထိုက်တန်သောသူများ ဖြစ်ကြအယ်။
နို့ဟိုသာ သောက်သုံးနေသောသူတိုင်းဟ လပဲ့သငယ် ဖြစ်သောကျောန့် ဖြောင့်မတ်ခြင်းနဲ့ ဆိုင်သော နှုတ်ကပတ်တော်နဲ့ ရင်းနှီးကျွမ်းဝင်ခြင်း မဆိ။
ငါ့ ညီအကို မောင်နှမလို့၊ ဆရာဖြစ်သော ငါလို့ဟ အခြားသူများထက် ပိုယွေ့ ကျပ်တည်းသော တရားစီရင်ခြင်းဟို ခံရမယ်ဖြစ်ကျောန်း သိမှတ်လျက် ဆရာဖြစ်သူ မများစေကြနဲ့။
ဝိညာဉ်ရေးဆိုင်ရာ သန့်ဆှင်းသော နို့ရည်ဟို အမြဲတောင့်တသော မွေးကင်းစ လူပဲ့များလိုမျိုး ဖြစ်ကြလော့၊ အေးလို့မှသာ အဲနို့ဟို သောက်ခြင်းဖြင့် နင်လို့ဟ ကြီးပြင်းလာပင်း ကယ်တင်ခြင်းဟို ခံရမယ် ဖြစ်အယ်။