ရောမ 16:26 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား26 အခု စလိုပဲဖြစ်ဖြစ် ပရောဖက်များ ရေးသားသောအရာအားဖြင့် လူမျိုးအားလုံးလို့ဟ ဘုရားသခင်ဟို ယုံကြည်ကာ ကိုယ်တော်ရဲ့ စကားဟို နားထောင်လာကြစေရန် ထာဝရ အသက်ဆှင်လဲ့ ဘုရားရဲ့ အမိန့်အရ အေးအမန်တရားဟ သိသာထင်ဆှားလာလေပီ။ အခန်းကိုကြည့်ပါ။ |
ငါလို့ရဲ့ ဘာသာတရားနက်နဲပုံဟို စသူမျှ ငြင်းဆိုယွေ့ မရဘဲ ကိုယ်တော်ဟ လူသားပုံသဏ္ဌာန်နဲ့ ပေါ်ထွန်းပီ၊ မန်ကန်ကျောန်းဟို ဝိညာဉ်တော်အားဖြင့် ဖော်ပြပင်း ခေါန်းခင်တမန်များဟ ကိုယ်တော်ဟို ရှုမျော်ရကြပီ။ ကိုယ်တော်ရဲ့ အကျောန်းဟို လူမျိုးတကာလို့အား ကြေညာပီ၊ ကမ္ဘာပေါ်ဆိ လူလို့ဟ ယုံကြည်ကြပီ၊ ခေါန်းခင်ဘုံဟို ဆောင်ယူခြင်းဟို ခံပီ။
ခရစ်တော်ရဲ့ အသွေးဟ အဲအရာလို့ထက် စလောက်ပိုယွေ့ သန့်ဆှင်းနိန်လိမ့်မလုန်း၊ ခရစ်တော်ဟ ထာဝရ ဝိညာဉ်တော်အားဖြင့် မိမိတတ်တိုင်း အပစ်အနာအဆာ ကင်းလဲ့ ယဇ်ကောင်အဖြစ်ဖြင့် ဘုရားသခင်အား ပူဇော်ဆက်သအယ်။ အသက်ဆှင်သော ဘုရားသခင်ရဲ့ အစေဟို ငါလို့ ဆောင်ရွက်နိန်ကြစေရန် ခရစ်တော်ရဲ့ အသွေးဟ အကျိုးမဲ့လဲ့ လုပ်ထုံးလုပ်နည်းများဟို လိုက်နာမှုကျောန့် မစင်ကြယ်သော ငါလို့ရဲ့ အသိစိတ်ဟို စင်ကြယ်စေလိမ့်မယ်။
အဲအခါ ငါဟ အဲခေါန်းခင်တမန်ဟို ကိုးကွယ်ရန် သူရဲ့ ခြေရင်းနှိုက် ပျပ်ဝပ်လျက် သူဟ “အဲလိုမပြုနဲ့။ ငါဟ နင်မှစယွေ့ ယေရှုနဲ့ဆိုင်လဲ့ သက်သေခံချက်ဟို ရဆိထားသော နင့်ညီအကိုလို့ရဲ့ လုပ်ဖော်ဆောင်ဖက် အစေခံလည်း ဖြစ်အယ်။ ဘုရားသခင်ဟို ကိုးကွယ်လော့” ဟု ဆိုအယ်။ အကျောန်းမှာ ယေရှုနဲ့ ဆိုင်လဲ့ သက်သေခံချက်ဟ ပရောဖက်ပြု ဟောပြောခြင်းရဲ့ ဝိညာဉ် ဖြစ်အယ်။