14 အသုံကြိတ်၊ ဖလေကုန်၊ ဟေရမ၊ ပတ်ရောဘ၊ ဟေရမေမှစယွေ့ သူလို့နဲ့ အခြား ခရစ်ယာန် ညီအကိုများ အားလုံးလို့ဟို နှုတ်ဆက်ပေးကြလော့။
အားပင်း နင်လို့ဟ နင်လို့ရဲ့ မိတ်ဆွေများဟိုသာ နှုတ်ဆက်မယ်ဆိုရင်၊ အပြုအမူဟ စလို ထူးခြားမှု ဆိနိန်မလုန်း၊ ဘုရားသခင်ဟို မသိသောသူများပင် ဟေသို့ ပြုကြအယ်။
အဆှင် ရွေးချယ်ထားသောသူ ရုဖုနဲ့ ငါ့ဟို သားတယောက်လိုမျိုး အမြဲတမ်း ကျွေးမွေးသော သူရဲ့ အမေ့ဟို နှုတ်ဆက်ပေးကြလော့။
ဖိလောလုပ်နဲ့ ယုလိ၊ နေရု၊ နေရုရဲ့ ညီမ ဩလုမ္ပမှစယွေ့ သူလို့နဲ့အတူနေသော ဘုရားသခင်ရဲ့ လူများ အားလုံးလို့ဟို နှုတ်ဆက်ပေးကြလော့။
ဘုရားသခင်ဟ ကြိုရွေးချယ်ထားသော သူလို့ဟို မိမိသားတော်ရဲ့ ပုံသဏ္ဌာန်တော်နဲ့အညီ ခွဲခန့်ထားအယ်။ အေးလို့ပြုလုပ်ခြင်းမှာ သားတော်ဟ ညီအကိုများထဲမှ သားဦးအရာ ဖြစ်စေချင်သောကျောန့် ဖြစ်အယ်။
ကောလောသဲမြို့ဆိ ဘုရားသခင်ရဲ့ လူများဖြစ်သော ခရစ်တော်နဲ့ တလုံးတဝတည်းဖြစ်လျက် သစ္စာဆိသူ ညီအကို မောင်နှမလို့ဆေမှ စာရေးလိုက်အယ်၊ ငါလို့ အဖ ဘုရားသခင်ဆေမှ ကျေးဇူးတော်နဲ့ ငြိမ်သက်ခြင်းဟို နင်လို့နှိုက် ဆိပါစေသော။
အဲလိုမို့ ခေါန်းခင်နဲ့ဆိုင်သော ခေါ်ယူခြင်းနှိုက် ပါဝင်လဲ့ သန့်ဆှင်းသူ ညီအကို မောင်နှမလို့၊ ငါလို့ ယုံကြည်ဝန်ခံလဲ့ တမန်တော်နဲ့ ယဇ်ပုရောဟိတ်မင်း တည်းဟူသော ယေရှုအကျောန်းဟို စဉ်းစားဆင်ခြင်ကြလော့။