ရောမ 15:8 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား8 ဘုရားသခင်ဟ ကတိတည်သောသူ ဖြစ်ကျောန်း ပြသရန်၊ သူလို့ရဲ့ ဖိုးဖေးလို့အား သူရဲ့ ကတိ မန်ကန်လာဖို့ ပြုလုပ်ရန် ခရစ်တော်ရဲ့ ဖဝါ့အသက်တာ အစေခံခြင်းဟို ယုဒအမျိုးသားလို့ရဲ့ အကျိုးအတွက် ဆောင်ရွက်တာလို့ ငါဆိုအယ်။ အခန်းကိုကြည့်ပါ။ |
ဟေနေရာမှာ ဘုရားသခင်ဟ စလောက် ကြင်နာတတ်ကျောန်းနဲ့ စလောက် ပြင်းထန်စွာ စီရင်တတ်ကျောန်းဟို ငါလို့ မျော်ရကြအယ်။ ကိုယ်တော်ဟ လဲသူများအပေါ် ပြင်းထန်စွာ စီရင်ပေမဲ့လည်း ကိုယ်တော်ရဲ့ ကြင်နာခြင်းနှိုက် နင်ဟ ဆက်လက်ပင်း တည်နေရင် အေးကြင်နာခြင်းဟ နင့်အပေါ်နှိုက် ဆိမယ်။ အေးကြင်နာနှိုက် နင်ဟ မတည်ရင် ခုတ်ဖြတ်ခြင်းဟို ခံရလိမ့်မယ်။
လူမျိုးခြားများအတွက် ငါ့ဟို ခရစ်တော် ယေရှုရဲ့ အမှုတော်ဟို ထမ်းဆောင်သူ ဖြစ်စေအယ်။ ဘုရားသခင်ရဲ့ ကောင်းမြတ်သော သတင်းနဲ့ဆိုင်လဲ့ ယဇ်ပုရောဟိတ် အမှုဟို ဆောင်ရွက်စေပင်း အေးလူမျိုးခြားလို့ဟို သန့်ဆှင်းသော ဝိညာဉ်တော်အားဖြင့် သန့်ဆှင်းစေခြင်း ခံရလဲ့ နှစ်သက်လက်ခံဖွယ် ပူဇော်သကာ ဖြစ်စေရန် ငါ့အား ဘုရားသခင် ပေးလဲ့ ကျေးဇူးတော်အားဖြင့် နင်လို့ဟို တဖန် သတိပေးရန် အချို့အပိုင်းနှိုက် ငါရဲဝံ့စွာ ရေးခဲ့အယ်။
အဲလိုမို့ ကတိတော်ဟ ယုံကြည်ခြင်းအပေါ်မှာ အခြေခံအယ်၊ အေးကတိတော်ဟို အာဗြံဟံရဲ့ အမျိုးနွယ်အပေါင်းလို့အား ဘုရားသခင် ပေးသော အခမဲ့လက်ဆောင်အဖြစ် အာမခံထားအယ်၊ အေးကတိတော်ဟ ပညတ်တရားဟို နာခံသူများအတွက် သာမကဘဲ၊ အာဗြံဟံလိုမျိုး ယုံကြည်သော သူလို့အတွက်လည်း ဖြစ်အယ်။ အကျောန်းမှာ အာဗြဟံဟ ငါလို့အားလုံးရဲ့ ဝိညာဉ်ရေးရာ အဖလည်း ဖြစ်အယ်။