Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရောမ 15:19 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

19 နိမိတ်လက္ခဏာနဲ့ အံ့ဩဖွယ်အရာ တန်ခိုးတော်အားဖြင့် လည်းကောင်း၊ ဘုရားသခင်ရဲ့ ဝိညာဉ်တော် တန်ခိုးတော်အားဖြင့် လည်းကောင်း ပြုသောအမှုအရာလို့ကျောန့် မဟုတ်ရင် ငါဟ စလို အရာဟိုမျှ ရဲဝံ့စွာ ပြောမှာ ဟုတ်ဝူး။ အေးလိုမို့ ငါဟ ယေရုရှလင်မြို့မှ ဣလုရိပြေအထိ ရောက်ဆိလဲ့ အရပ်ရပ်နှိုက် ခရစ်တော်ရဲ့ သတင်းကောင်းဟို အကုန်အစင် ကြေညာခဲ့ပီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရောမ 15:19
37 ပူးပေါင်းရင်းမြစ်များ  

အဲလိုလဲ ငါဟ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟို အမီပြုယွေ့ နတ်ဆိုးလို့ဟို မောင်းထုတ်မယ်ဆိုရင် ဘုရားသခင်ရဲ့ နိုင်ငံတော်ဟ နင်လို့ဆေဟို ရောက်ဆိလေပီ။


ယေရှုဟလည်း “နင်လို့ဟ နိမိတ်လက္ခဏာများနဲ့ အံ့ဩဖွယ်သောအမှုလို့ဟို မမျော်ရရင် ပစာအခါမှ ယုံကြည်ကြမယ် မဟုတ်” ဟု မိန့်အယ်။


အဲလိုလဲ နင်လို့ အပေါ်ဟို သန့်ဆှင်းသော ဝိညာဉ်တော် ဆင်းသက်သောအခါ နင်လို့ဟ တန်ခိုးနဲ့ ပြေ့လိမ့်မယ်၊ နင်လို့ဟ ယေရုရှလင်မြို့၊ ယုဒပြေတပြေလုံးနဲ့ ရှမာရိပြေမှ စယွေ့ ကမ္ဘာမြေကြီး အဆုံးတိုင်အောန် ငါရဲ့ အကျောန်းဟို သက်သေခံသူများ ဖြစ်ကြလိမ့်မယ်” ဟု မိန့်အယ်။


သူလို့ဟ ပေရဂေမြို့မှ ထွက်ခွာကြရာ ပိသိဒိပြေ အန္တိအုတ်မြို့ဟို ရောက်ယွေ့ ဥပုသ်နေ့နှိုက် တရားဇရပ်သို့ ဝင်ယွေ့ ထိန်ကြအယ်။


အဲလိုမို့ ပေါလုနဲ့ ဗာနဗလို့ဟ အေးသူလို့ရဲ့ ခြေဖဝါးမှ ဖုန်မှုန့်ဟို သတိပေးလဲ့နေနဲ့ ခါချခဲ့ပင်း ဣကောနိမြို့သို့ ထွက်သွားကြအယ်။


“ထယွေ့ နင့်ခြေထောက်ဖြင့် မတ်တတ်ရပ်လော့” ဟု အေးသူအား အသံကျယ်ရီးနဲ့ ပြောအယ်။ အဲပင်းရင် သူဟ ထခုန်ပင်း စတင် လမ်းဆှောက်အယ်။


အဲလိုလဲ မိမိရဲ့ပတ်လည်တွင် တဘဲ့တော်လို့ ဝိုင်းလျက် နေကြသောအခါ၊ ပေါလုဟ ထယွေ့ မြို့ထဲဟို ဝင်လေအယ်။ နောက်တနေ့မှာ သူနဲ့ ဗာနဗဟ ဒေရဗေမြို့ဟို သွားကြအယ်။


သူလို့ဟ ပေရဂေမြို့တွင် တရားတော်ဟို ဟောပြောကြပင်းနောက် အတ္တလိမြို့သို့ သွားပင်း၊


အဲအကျောန်းဟို တမန်တော်လို့ဟ ကြားသိကြသောအခါ လုကောနိပြေဆိ လုတ္တရမြို့၊ ဒေရဗေမြို့ အနီးဆိဒေသဟို ထွက်ပြေးယွေ့၊


စုဝေးနေသော သူအပေါင်းလို့ဟ တိတ်ဆိတ်သွားယွေ့ ဗာနဗနဲ့ ပေါလုတို့ဟ မိမိလို့အားဖြင့် လူမျိုးခြားလို့ အလယ်နှိုက် ဘုရားသခင်ပြုသော အံ့ဩဖွယ်ရာများနဲ့ နိမိတ်လက္ခဏာများ အကျောန်းဟို ပြောကြားနေစဉ် တိတ်ဆိတ်စွာ နားထောင်လျက် နေကြအယ်။


သူမဟ ရက်ပေါင်းများစွာ အေးလို့ လုပ်နေသဖြင့် ပေါလုဟ ရမ်းဆာ့ စိတ်ညစ်ရယွေ့ နောက်ဟို လှည့်ပင်း “ယေရှု ခရစ်ရဲ့ နာမဖြင့် အေးသူ့ဆေမှ ထွက်သွားရန် နင့်ဟို ငါ အမိန့်ပေးအယ်” လို့ နတ်ဆိုးအား ဆိုရင်၊ အေးခဏနှိုက် နတ်ဆိုးဟ သူမဆေမှ ထွက်သွားလေအယ်။


ညအချိန် ရောက်သောအခါ၊ ယုံကြည်သူလို့ဟ ပေါလုနဲ့ သိလလို့ဟို ဗေရိမြို့ဟို စေလွှတ်ကြအယ်။ သူလို့ရောက်သောအခါ သူလို့ဟ ယုဒတရားဇရပ်ဟို သွားကြအယ်။


ပေါလုဟို လိုက်ပို့ကြသော သူလို့ဟ သူနဲ့ အာသင်မြို့အထိ လိုက်ပို့ပင်းမှ၊ သိလနဲ့ တိမောသေလို့ အမြန်ဆုံး လိုက်လာစေရန် ညွှန်ကြားချက် ရပင်း ဗေရိမြို့ဟို ပြန်သွားကြအယ်။


အေးနောက် ပေါလုဟ အာသင်မြို့မှ ထွက်ခွာပင်း ကောရိန့်မြို့ဟို ရောက်လေအယ်။


သူလို့ဟ ဧဖက်မြို့ဟို ရောက်သောအခါ ပေါလုဟ ပြစ်ကိလနဲ့ အာကုလလို့ဟို မြို့ထဲတွင် ချန်ခဲ့အယ်။ သူဟ တရားဇရပ်ဟို ဝင်ပင်း ယုဒလူများနဲ့ ဆွေးနွေးကြအယ်။


အာပေါလုဟ ကောရိန့်မြို့ဟို ရောက်နေစဉ်၊ ပေါလုဟ အထက် ဒေသတဆှောက်ဟို ဖြတ်သွားပင်းမှ ဧဖက်မြို့ဟို ရောက်အယ်။ တဘဲ့တော် တချို့လို့ဟို အေးမှာ တွေ့သဖြင့်၊


နင်လို့သိလဲ့အတိုင်း လူအများဆေ့တွင် လည်းကောင်း၊ နင်လို့ နေအိုင်များတွင် လည်းကောင်း၊ ငါဟောပြော သွန်သင်သောအခါ နင်လို့အား အကျိုးဆိစေမဲ့ စကားများဟို ပစာအခါမှ မချန်ထားခဲ့။


ငါလို့ဟ တဆေးမဲ့မုန့်ပွဲ ပီးသောအခါ ဖိလိပ္ပိမြို့မှ ရွက်လွင့်ယွေ့ လာရာ ငါးရက်ကြာပင်းနောက် သူလို့ဆိရာ တရောမြို့ဟို ရောက်ယွေ့ အေးမြို့တွင် ခုနေရက်လောက် နေကြအယ်။


နင်လို့ရဲ့ မျော်လင့်ခြင်းဟ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ တန်ခိုးအားဖြင့် ဆက်လက် အသက်ဆှင်နိန်ရန်အတွက် မျော်လင့်ခြင်းရဲ့ အရင်းအမြစ်ဖြစ်သော ဘုရားသခင်ဟ နင်လို့ရဲ့ ယုံကြည်ခြင်းအားဖြင့် နင်လို့အား ဝမ်းမြောက်ခြင်းနဲ့ ငြိမ်သက်ခြင်းဟို ပေးသနားပါစေ။


လူမျိုးခြားများအတွက် ငါ့ဟို ခရစ်တော် ယေရှုရဲ့ အမှုတော်ဟို ထမ်းဆောင်သူ ဖြစ်စေအယ်။ ဘုရားသခင်ရဲ့ ကောင်းမြတ်သော သတင်းနဲ့ဆိုင်လဲ့ ယဇ်ပုရောဟိတ် အမှုဟို ဆောင်ရွက်စေပင်း အေးလူမျိုးခြားလို့ဟို သန့်ဆှင်းသော ဝိညာဉ်တော်အားဖြင့် သန့်ဆှင်းစေခြင်း ခံရလဲ့ နှစ်သက်လက်ခံဖွယ် ပူဇော်သကာ ဖြစ်စေရန် ငါ့အား ဘုရားသခင် ပေးလဲ့ ကျေးဇူးတော်အားဖြင့် နင်လို့ဟို တဖန် သတိပေးရန် အချို့အပိုင်းနှိုက် ငါရဲဝံ့စွာ ရေးခဲ့အယ်။


ငါ အခု လာဖို့ မျော်လင့်အယ်။ ငါ စပိန်ဟို သွားလဲ့ လမ်းမှာ နင်လို့ဟို တွေ့ချင်အယ်၊ ငါ ခဏ နင်လို့ဆေဟို သွားရောက်လည်ပတ် ပျော်မွေ့ပင်းနောက် အေးအရပ်ဟို သွားရန် ငါ့အား ကူညီမစ စေလိုပါအယ်။


ငါရဲ့ စကားနဲ့ ငါရဲ့ ဟောပြောချက်လို့ဟ ဆွဲဆောင်မှုဆိလဲ့ ဉာဏ်ပညာ စကားအားဖြင့် မဟုတ်ဘဲ ဝိညာဉ်တော်နဲ့ တန်ခိုးတော်လို့ရဲ့ သက်သေအထောက်အထားအားဖြင့် ဖြစ်အယ်။


ငါဟ တမန်တော်ဖြစ်ကျောန်းဟို နိမိတ်လက္ခဏာများ၊ အံ့ဩဖွယ်ရာများအားဖြင့် နင်လို့အား သည်းခံခြင်းဖြင့် ငါသက်သေပြခဲ့အယ်။


အေးလိုမို့ ငါတခါ ထပ်မေးမယ်၊ ဘုရားသခင်ဟ နင့်အား သူရဲ့ဝိညာဉ်တော်ကို ပေးသနားပင်း ပညတ်တရားရဲ့ အကျင့်အားဖြင့် နင်လို့တွင် အံ့ဖွယ်အမှုများကို လုပ်ဆောင်စေသလော၊ အဲဟာမဟုတ်ရင် နင်ကြားနာပင်း ယုံကြည်ကြကျောန့် အေးလို့ ပြုကြသလော။


နင်လို့ရဲ့ အကျိုးအတွက် ဘုရားသခင်ဟ ငါ့အား အသင်းတော်ရဲ့ အမှုတော်ဆောင်အဖြစ် ခန့်ထားအယ်၊ ငါ့အား ပေးသောတာဝန်မှာ နှုတ်ကပတ်တရားဟို အကုန်စင် ဟောပြောရန် ဖြစ်အယ်၊


အကျောန်းမှာ ငါလို့ဟ နှုတ်ကပတ်တော်ဖြင့်သာ မဟုတ်ဘဲ တန်ခိုးနဲ့လည်းကောင်း၊ သန့်ဆှင်းသော ဝိညာဉ်တော်နဲ့လည်းကောင်း၊ သမ္မာတရားကို အပြည့်အဝယုံကြည်ခြင်းအားဖြင့်လည်းကောင်း နင်လို့ဆီဟို ငါလို့ဟ ဧဝံဂေလိတရားကို ဆောင်ခဲ့အယ်။ နင်နဲ့အတူဆိတုန်းဟ ငါလို့ စလိုလိုနေထိန်ခဲ့လဲ နင်လို့ သိကြပင်း အဲအရာဟ နင်ရဲ့ ကောင်းကျိုးအတွက်ပဲ ဖြစ်အယ်။


အားပေမဲ့ သခင်ဘုရားဟ ငါနဲ့အတူ ဆိယွေ့ ငါ့ဟို ခွန်အားနဲ့ ပြေ့စုံစေသဖြင့် ငါဟ လူမျိုးခြားလို့အား နှုတ်ကပတ်တော်ဟို အကုန်အစင် ဟောပြောနိန်အယ်၊ ဟေလိုဖြင့် ငါဟ သေခြင်းမှ ကင်းလွတ်ခွင့်ဟိုလည်း ရဆိအယ်။


ဘုရားသခင်ဟလည်း နိမိတ်လက္ခဏာများနဲ့ အံ့ဩဖွယ်ရာများအားဖြင့် လည်းကောင်း၊ မိမိအလိုတော်နဲ့အညီ သန့်ဆှင်းသော ဝိညာဉ်တော်ဟို မျှဝေပေးခြင်းအားဖြင့် လည်းကောင်း၊ သူလို့နဲ့အတူ သက်သေခံအယ်။


အေးအခါ သူလို့ပြုစုသောအရာလို့ဟ မိမိလို့အတွက် မဟုတ်ဘဲ နင်လို့အတွက် ဖြစ်ကျောန်း သူလို့အား ဖွင့်ပြအယ်။ အခု အေးအရာလို့ဟ ခေါန်းခင်ဘုံမှ စေလွှတ်ခြင်းခံရလဲ့ သန့်ဆှင်းသော ဝိညာဉ်တော်အားဖြင့် ကောင်းမြတ်သော သတင်းဟို ဟောပြောသူများမှ တဆင့် နင့်လို့ဆေ ဖော်ပြခြင်း ခံရပီ။ ခေါန်းခင်တမန်လို့ပင် အေးအရာလို့ဟို ကျေ့ရှုရန် ရမ်းဆာ့ အလိုဆိကြအယ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ