22 အေးကျောန့် ဟေအရာများနဲ့ ပတ်သက်ယွေ့ နင်ဟ စလို ယုံကြည်ချက်ဟို မဆို နင်နဲ့ ဘုရားသခင် ကြားတွင် ထားပါ။ မိမိမန်တာဟု ယုံကြည်လဲ့အတိုင်း တရားစစ်ဆေးခြင်း မခံသောသူဟ မင်္ဂလာဆိအယ်။
အေးကျောန့် ငါဟ ဘုရားသခင်ဆေ့ လူလို့ဆေ့တွင် ငါ့ရဲ့ ဩတ္တပ္ပစိတ်ကြည်လင်မှု ဆိစေရန် အမြဲတမ်း ကြိုးစားအားထုတ်ပါအယ်။
ပကတိအလျောက် မစင်ကြယ်သော အစားအစာ တစုံတခုမှ မဆိဟု သခင် ယေရှုနှိုက် ငါအမန် သိလျက် ယုံကြည်စိတ်ချအယ်။ အဲလိုလဲ အစားအစာဟို မစင်ကြယ်အယ်ဟု မှတ်ယူသောသူအတွက် အေးအရာဟ မစင်ကြယ်။
လူတချို့ရဲ့ ယုံကြည်မှုနှိုက် ပစာအရာဟို မဆို စားလို့ရအယ်လို့ ယုံကြည်အယ်၊ အဲလိုလဲ ယုံကြည်ခြင်း အားနည်းသောသူဟ ဟင်းသီးဟင်းရွက်ဟိုသာ စားကြအယ်။
အဲလိုလဲ သံသယဆိစွာနဲ့ စားသောသူ စသူမဆို အပစ်စီရင်ခြင်းဟို ခံရအယ်၊ ပစာကို့ဆိုသော် သူလို့ စားလဲ့အစားအစာဟ ယုံကြည်ခြင်းနဲ့ မသက်ဆိုင်၊ ယုံကြည်သော စိတ်မဆိဘဲ ကျင့်သောအကျင့်လို့ဟ အပစ်ဆိကြအယ်။
အချို့လူများရဲ့ နေ့ရက်တရက်ဟ တခြားနေ့များထက် ပိုပင်း အရေးကြီးအယ်ဟု ထင်ကြပင်း တချို့ကမူ တူညီသောနေ့ရက်များ ဖြစ်အယ်လို့ ထင်ကြအယ်။ ငါလို့ တဦးစီဟ ငါလို့ရဲ့ စိတ်ဟို ခိုင်မာအောန် ပြုလုပ်သင့်အယ်။
ငါ့မိတ်ဆွေ၊ နင်ဟ တခြားသူများဟို တရားစီရင်သလော၊ နင်ဟ စသူဖြစ်နေပါစေ အပစ်စီရင်နိန်လဲ့ အခြေအနေမဆိ။ အကျောန်းမှာ သူတပါးဟို စီရင်ရာတွင် ကိုယ်အပစ်ဆိကျောန်းဟို စီရင်ဆုံးဖြတ်ရာရောက်အယ်။
ငါ့ပစာလုပ်လဲဆိုတာဟို ငါ့တတ်တိုင်း နားမလည်၊ အကျောန်းမှာ ငါဟ ကျင့်ချင်သော အကျင့်ဟို မကျင့်ဘဲ ငါမုန်းလဲ့အရာဟိုသာ လုပ်သောကျောန့် ဖြစ်အယ်။
ငါဟ မပျော်ရွင်လဲ့ လူပါလား၊ ငါ့ဟို သေစေတတ်သော ဟေခန္ဓာကိုယ်မှ ငါ့ဟို စသူ ကယ်တင်နိန်မှာလုန်း။
အားပေမဲ့ လူတိုင်း ဟေသစ္စာတရားဟို သိဆိကြတာ မဟုတ်။ အချို့သောသူလို့ဟ ရုပ်တုဟို ကိုးကွယ်ခဲ့လဲ့အတွက် အခုတိုင်အောန် ရုပ်တုအား ပူဇော်ပင်းသော အစားအစာဟို စားသောအခါ ရုပ်တုရဲ့ အစားအစာဟု မှတ်ယူလျက် စားနေကြအယ်။ သူလို့စိတ်ဟ အားနည်းပင်း အစားအစာအားဖြင့် သူလို့ဟို ညစ်ညူးစေတာဟု ခံစားကြအယ်။
ငါလို့ ဩတ္တပ္ပစိတ်ဟ သက်သေခံယွေ့ ဂုဏ်ယူဝါကြွားစရာ တခုဟ ဟေလောကနှိုက် အသက်ဆှင်စဉ်၊ အထူးသဖြင့် နင်လို့နဲ့ ဆက်ဆံရာတွင် လူသားလို့ရဲ့ အသိဉာဏ်ဟို အမှီမပြုဘဲ ဘုရားသခင်ရဲ့ ကျေးဇူးတော် တန်ခိုးဟို သာလျှင် အမှီပြုယွေ့ ငါလို့ဟ ဘုရားသခင် ပေးသနားသော ရိုးသားမှုနဲ့ ပွင့်လင်းစွာ ပြုမူကျင့်ကြံခြင်းပင် ဖြစ်အယ်။
ငါ့မိတ်ဆွေလို့၊ တစုံတဦးဟ စလို အမားမျိုးတွင် မဆို ဖမ်းဆီးမိပါက၊ ဝိညာဉ်သဘောဆိသော နင်လို့ဟ အေးသူဟို ဖြောင့်မတ်စွာ ထားသင့်ပေမဲ့ နူးညံ့သိမ်မွေ့သော နည်းဖြင့် လုပ်ရမယ်။ အားပင်း စုံစမ်းနှောင့်ယှက်ခြင်းဟို မပြုမယ့်အကျောန်း၊ ကိုယ်တတ်တိုင်း ကျေ့ရှုလော့။
နင်လို့တွင် စသူဟ ပညာဆိပင်း တတ်သိလိမ္မာသူ ဖြစ်လုန်း။ အဲသူဟ ပညာရဲ့ နူးညံ့သိမ့်မွေ့ခြင်းနှိုက် တည်သော မိမိရဲ့ လုပ်ဆောင်မှုလို့ဟို ကောင်းသော အသက်ဆှင်နေထိန်မှုအားဖြင့် သက်သေပြမန့်။
ချစ်ရသောသူလို့၊ ငါလိုရဲ့ စိတ်နေလုံးဟ ငါလို့ဟို အပစ်မတင်ရင် ငါလို့ဟ ဘုရားသခင် ဆေ့နှိုက် ယုံကြည်စိတ်ချမှု ဆိကြပင်း