20 ဘုရားသခင်ရဲ့ အမှုတော်ဟို အစားအစာကျောန့် မဖျက်ဆီးနဲ့။ အစားအစာအားလုံး သန့်ဆှင်းပေမဲ့လည်း အေးအစားအစာများဟို စားသုံးခြင်းဖြင့် သူတပါးအား မှောက်မားစေသူနှိုက် အဆိုး ဖြစ်အယ်။
လူဟို စုတ်ပဲ့စေလဲ့အရာဟ စလောင်ထဲဟို ဝင်သည့်အရာ မဟုတ်၊ စလောင်ထဲမှ ထွက်လဲ့အရာ သာလျှင် လူဟို စုတ်ပဲ့စေအယ်” ဟု မိန့်အယ်။
“ငါ့ဟို ယုံကြည်လဲ့ လူပဲ့သငယ် တစုံတယောက်အား ယုံကြည်ခြင်း မားစေသူဟ လည်ပင်းတွင် ကြိတ်ဆုံကျောက်ကြီးဟို ဆွဲလျက် ပင်လယ်နက်ထဲဟို အချခံရရင် သူ့အဖို့ ပိုပင်း ကောင်းအယ်။
အဲအခါ ဒုတိယအကြိမ် အသံထပ်ထွက်ပေါ်လာယွေ့ “ဘုရားသခင် သန့်စင်အယ် ဟု ဆိုလဲ့အရာဟို နင်ဟ စုတ်ပဲ့အယ်ဟု မဆိုရ” ဟု ဆိုအယ်။
လူတချို့ရဲ့ ယုံကြည်မှုနှိုက် ပစာအရာဟို မဆို စားလို့ရအယ်လို့ ယုံကြည်အယ်၊ အဲလိုလဲ ယုံကြည်ခြင်း အားနည်းသောသူဟ ဟင်းသီးဟင်းရွက်ဟိုသာ စားကြအယ်။
အမဲသားဟို စားခြင်း၊ စပျစ်ယေဟို သောက်ခြင်း ကိစ္စမှစယွေ့၊ သူတပါးဟို လဲကျစရာအကျောန်း မဖြစ်စေဖို့ ဆှောင်ကြဉ်ရမယ်။
ငါလို့ဟို ကောင်းသောအမှုများဟို ပြုရန် ခရစ်တော် ယေရှုနှိုက် ဖန်ဆင်းခြင်းခံရသော ဘုရားသခင်ရဲ့ လက်ရာတော် ဖြစ်ကြအယ်။ အေးကောင်းသောအရာများနှိုက် ငါလို့ အသက်ဆှင် ဆှောက်လှမ်းကြရန် ဘုရားသခင်ဟ အေးအမှုများဟို ကြိုတင်ပြင်ဆင်ထားအယ်။
အဲလိုမို့ နင်လို့တွင် ဟေကောင်းမြတ်လဲ့အမှုဟို စတင်ပြုသော ဘုရားသခင်ဟ ခရစ်တော် ယေရှုရဲ့ နေ့ရက်တိုင်ခင် အဲအမှုဟို ပီးစီးလဲ့တိုင်အောန် ပြုလိမ့်မယ်ဟု ငါ ယုံကြည်စိတ်ချအယ်။
သန့်ဆှင်းသော သူလို့အတွက် ခပ်သိမ်းသောအရာလို့ဟ သန့်ဆှင်းကြအယ်။ အဲလိုလဲ ညစ်ညူးယွေ့ ယုံကြည်ခြင်း မဆိသော သူလို့အတွက်ဟ စလိုအရာမှ မသန့်ဆှင်းတာ သာမက သူလို့ရဲ့ စိတ်နေလုံးနဲ့ အသိစိတ်လို့ဟလည်း ညစ်ညူးကြအယ်။