14 ပကတိအလျောက် မစင်ကြယ်သော အစားအစာ တစုံတခုမှ မဆိဟု သခင် ယေရှုနှိုက် ငါအမန် သိလျက် ယုံကြည်စိတ်ချအယ်။ အဲလိုလဲ အစားအစာဟို မစင်ကြယ်အယ်ဟု မှတ်ယူသောသူအတွက် အေးအရာဟ မစင်ကြယ်။
အဲဒါဟို သူလို့ဟ သတိထားမိအယ် တဘဲ့တော် တချို့လို့ဟ မစင်ကြယ်သော လက်များနဲ့ စားသောက်နေကြတာဟို တွေ့မျော်ကြအယ်၊ အဲဟာဟ သူလို့ဟ ဖာရိရှဲလို့ ပြောလဲ့တိုင်းတိုင်း သူလို့ဟ လက်မဆေးကြ။
ပေတရုဟ သူလို့အား “ယုဒအမျိုးသားလို့အတွက် လူမျိုးခြားများဆေ အလည်အပတ်သွားခြင်း အဲဟာမဟုတ်ရင် ပေါင်းဖော်ခြင်းဟ ဘာသာတရားဟ တားမြစ်ထားတာဟို နင်လို့တတ်တိုင်း ကောင်းစွာသိကြအယ်။ အဲလိုလဲ စသူဟိုမျှ စုတ်ပဲ့သောသူ အဲဟာမဟုတ်ရင် မသန့်စင်သူ ဟု မမှတ်ယူရန် ဘုရားသခင်ဟ ငါ့အား ဖော်ပြပီ။
လူတချို့ရဲ့ ယုံကြည်မှုနှိုက် ပစာအရာဟို မဆို စားလို့ရအယ်လို့ ယုံကြည်အယ်၊ အဲလိုလဲ ယုံကြည်ခြင်း အားနည်းသောသူဟ ဟင်းသီးဟင်းရွက်ဟိုသာ စားကြအယ်။
ဘုရားသခင်ရဲ့ အမှုတော်ဟို အစားအစာကျောန့် မဖျက်ဆီးနဲ့။ အစားအစာအားလုံး သန့်ဆှင်းပေမဲ့လည်း အေးအစားအစာများဟို စားသုံးခြင်းဖြင့် သူတပါးအား မှောက်မားစေသူနှိုက် အဆိုး ဖြစ်အယ်။
အဲလိုလဲ သံသယဆိစွာနဲ့ စားသောသူ စသူမဆို အပစ်စီရင်ခြင်းဟို ခံရအယ်၊ ပစာကို့ဆိုသော် သူလို့ စားလဲ့အစားအစာဟ ယုံကြည်ခြင်းနဲ့ မသက်ဆိုင်၊ ယုံကြည်သော စိတ်မဆိဘဲ ကျင့်သောအကျင့်လို့ဟ အပစ်ဆိကြအယ်။
နင်လို့ရဲ့ ဩတ္တပ္ပစိတ်ဟို ထောက်ယွေ့ ဆေးတွင် ရောင်းလဲ့ စလိုအသားဟို မဆို စစ်ဆေးမေးမြန်းခြင်း မပြုဘဲ ဝယ်ယွေ့ စားကြလော့။
ဟေကိစ္စမျိုးနှိုက် အားနည်းသောသူဟ “အသိပညာ” ဆိသောသူဟို ရုပ်တုစင် ဆေ့နှိုက် စားသောက်နေသော နင့်ဟို မျော်အယ် ဆိုပါစို့။ ရုပ်တုအား ဆက်သလဲ့ ပူဇော်သကာဟို စားရဲမှာ မဟုတ်လော။
အားပေမဲ့ လူတိုင်း ဟေသစ္စာတရားဟို သိဆိကြတာ မဟုတ်။ အချို့သောသူလို့ဟ ရုပ်တုဟို ကိုးကွယ်ခဲ့လဲ့အတွက် အခုတိုင်အောန် ရုပ်တုအား ပူဇော်ပင်းသော အစားအစာဟို စားသောအခါ ရုပ်တုရဲ့ အစားအစာဟု မှတ်ယူလျက် စားနေကြအယ်။ သူလို့စိတ်ဟ အားနည်းပင်း အစားအစာအားဖြင့် သူလို့ဟို ညစ်ညူးစေတာဟု ခံစားကြအယ်။
ဘုရားသခင် ဖန်ဆင်းထားသောအရာ ဆိသမျှဟ သုံးဆောင်ထိုက်တာ ဖြစ်ယွေ့ စလို အစားအစာဟိုမျှ ဆှောင်ကြဉ်ရန် မလိုဘဲ အစားအစာ ဆိသမျှဟို ကျေးဇူးတော် ချီးမွန်းလျက် ခံယူရကြမယ်။
သန့်ဆှင်းသော သူလို့အတွက် ခပ်သိမ်းသောအရာလို့ဟ သန့်ဆှင်းကြအယ်။ အဲလိုလဲ ညစ်ညူးယွေ့ ယုံကြည်ခြင်း မဆိသော သူလို့အတွက်ဟ စလိုအရာမှ မသန့်ဆှင်းတာ သာမက သူလို့ရဲ့ စိတ်နေလုံးနဲ့ အသိစိတ်လို့ဟလည်း ညစ်ညူးကြအယ်။