14 နင်လို့ဟို ငြင်းဆဲသောသူလို့အား ဘုရားသခင်ဟ ကောင်းချီးပေးရန် ဆုတောင်းကြလော့၊ ကျိန်ဆဲခြင်းဟို မပြုလုပ်ဘဲ ကောင်းချီးပေးကြလော့။
အဲလိုလဲ ငါ နင့်ဟို ပြောတာဟ ရန်သူဟို ချစ်ကြလော့၊ နင်လို့အား နှိပ်စက်သောသူလို့အတွက် ဆုတောင်းပေးကြလော့။
ယေရှုဟ “တို့ဖ၊ အဲသူလို့အပစ်ဟို ဖြေလွှတ်ပေးပါ။ သူလို့ဟ မိမိလို့လုပ်နေလဲ့အမှုဟို မသိကြပါ” ဟု မြွက်ဆိုလေအယ်။ သူလို့ဟ ကိုယ်တော်ရဲ့ အဝတ်များဟို မဲနှိုက်ယွေ့ အချင်းချင်း ခွဲယူကြအယ်။
နင်လို့ဟို ကျိန်ဆဲသောသူဟို ကောင်းချီးပေးပါ၊ နင်လို့ဟို ကဲ့ရဲ့ရှုတ်ချသော သူလို့အတွက် ဆုတောင်းပေးပါ။
အဲပင်းရင် သူဟ ဒူးထောက်ယွေ့ “သခင်ဘုရား၊ ဟေအပစ်ဟို သူလို့အပေါ် တင်တော်မမူပါနဲ့” ဟု အသံကျယ်စွာ ကြွေးကြော်ပင်းနောက် အသက်ချုပ်လေအယ်။
အဆိုးအားဖြင့် အရှုံးမခံနဲ့၊ ကောင်းလဲ့အရာအားဖြင့် အဆိုးဟို အနိန်ယူလော့။
စသူမှ သူတပါးအပေါ် အမားဟို အမားနဲ့ မတုံ့ပြန်ကြစေရန် သတိပြုကြလော့၊ အချင်းချင်းအတွက် လည်းကောင်း၊ လူအားလုံးလို့အတွက် လည်းကောင်း၊ ကောင်းကျိုးဟိုသာ အမြဲကြိုးစား လုပ်ကြလော့။
စလောင်တခုထဲမှ ကျေးဇူးတော် ချီးမွန်းခြင်းနဲ့ ကျိန်ဆဲခြင်းတို့ ထွက်လာတတ်သလော။ ညီအကို မောင်နှမလို့၊ ဟေလို မဖြစ်သင့်။
နင်လို့ဟ ကောင်းချီးမင်္ဂလာဟို အမွေဆက်ခံရမဲ့အကျောန်း ခေါ်ယူခြင်းဟို ခံရတာ ဖြစ်ယွေ့ အဆိုးဟို အဆိုးဖြင့် လည်းကောင်း၊ ကဲ့ရဲ့ပစ်တင်ခြင်းဟို ကဲ့ရဲ့ပစ်တင်ခြင်းဖြင့် လည်းကောင်း မတုန့်ပြန်ဘဲ ကောင်းချီးဟိုသာ ပေးကြလော့။