16 အဦးသီးအဖြစ် ပူဇော်သော မုန့်စိမ်းဟ သန့်ဆှင်းရင်၊ တပုံလုံး သန့်ဆှင်းလိမ့်မယ်၊ အမြစ် သန့်ဆှင်းရင် အခက်အလက်များလည်း သန့်ဆှင်းကြလိမ့်မယ်။
အဲလိုလဲ အကိုင်းအခက် တချို့လို့ဟ ခုတ်ဖြတ်ခြင်း ခံရယွေ့ သံလွင်ပင်ရိုင်းဖြစ်သော နင်လို့ဟ အေးအကိုင်းအခက်များကြားနှိုက် ကိုင်းဆက်ကူးခံရပင်း သံလွင်ပင် အမြစ်မှ အဆီအနှစ်ဟို မျှဝေခံစားသူဖြစ်လာရင်၊
ဖန်ဆင်းခံလောက သာမက ဝိညာဉ်တော်ရဲ့ အသီးအပွင့်များဆိသော ငါလို့တတ်တိုင်းလည်း ဘုရားသခင်ရဲ့ လူပဲ့များဖြစ်အောန် သူပြုလုပ်ခြင်း၊ ငါလို့ရဲ့ ခန္ဓာကိုယ် ရွေးနုတ်ခြင်းအတွက် စိတ်အားထက်သန်စွာ စောင့်မျော်နေစဉ်အတွင်း စိတ်ထဲနှိုက် ညည်းတွားနေကြအယ်။
အကျောန်းမှာ ယုံကြည်သူ မဟုတ်သော ယောက်ျားဟ မိမိပေါင်အိုမအားဖြင့် သန့်ဆှင်းစေခြင်းဟို ခံရအယ်။ ယုံကြည်သူ မဟုတ်သော မိန်းမဟလည်း မိမိဖိုးအိုအားဖြင့် သန့်ဆှင်းစေခြင်းဟို ခံရအယ်။ အားမဟုတ်ရင် သူလို့ရဲ့ လူပဲ့သငယ်လို့ဟ ညစ်ညူးကြလိမ့်မယ်။ အားပေမဲ့ သူလို့ဟ သန့်ဆှင်းကြအယ်။
ကိုယ်တော်ဟ မိမိဖန်ဆင်းသောအရာလို့တွင် ငါလို့ဟို အဦးသီးသဖွယ် ဖြစ်စေရန် အလိုတော်ဆိလဲ့အတိုင်း သမ္မာတရားနဲ့ဆိုင်သော နှုတ်ကပတ်တော်အားဖြင့် ငါလို့ဟို ဖြစ်ပွားစေအယ်။
အဲသူလို့ဟ မိန်းမများအားဖြင့် ညစ်ညူးစေခြင်း မခံခဲ့သောသူများ ဖြစ်ကြအယ်။ အကျောန်းမှာ သူလို့ဟ လူပျိုစစ်စစ် ဖြစ်ကြအယ်။ သူလို့ဟ သိုးသငယ် သွားလေရာဟို လိုက်ပါသောသူများ ဖြစ်ကြပင်း ဘုရားသခင်နဲ့ သိုးသငယ်လို့အတွက် အဦးသီးအဖြစ် လူလို့အထဲမှ ရွေးနုတ်ခံရသောသူများ ဖြစ်ကြအယ်။