14 တနည်းအားဖြင့် ငါဟ မိမိရဲ့ လူမျိုးအား မနာလိုစိတ်ဟို ဆိစေခြင်းအားဖြင့် အေးအထဲမှ တချို့လို့ဟ ကယ်တင်ခြင်းဟို ရကောင်းရလိမ့်မယ်။
တခါ ငါ မေးတာဟ ဣသရေလအမျိုးသားလို့ နားမလည်ကြသလော၊ မောရှေဟ၊ “မရေရာသော လူမျိုးလို့အား အသုံးပြုယွေ့၊ ငါရဲ့ လူတွေဟို မနာလိုအောန် လုပ်မယ်။ မိုက်မဲသော လူမျိုးအားဖြင့် ငါရဲ့ လူလို့ဟို အူထော့အောန် လုပ်မယ်” ဟု ပထမဦးစွာ ဖြေကြားအယ်။
အေးလို့ဆိုရင်၊ ယုဒလူလို့ဟ တိုက်မိယွေ့ လဲသောအခါ၊ သူလို့ဟ ပျက်စီးခြင်းဟို ရောက်ကြသလော ဟု ငါ မေးအယ်။ မပျက်စီးပါ၊ သူလို့ အပစ်ကျူးလွန်ခြင်းကျောန့် လူမျိုးခြားလို့ဟ ကယ်တင်ခြင်းဟို ရလာသဖြင့် ယုဒလူမျိုးများနှိုက် မနာလိုမှု ဖြစ်ပေါ်လာစေအယ်။
အကျောန်းမှာ သွေးသားဇာတိအားဖြင့် ငါရဲ့ အမျိုးသားခြင်းများ ဖြစ်ကြသော ငါ့ညီအကိုလို့အတွက် ငါတတ်တိုင်း ခရစ်တော်နဲ့ကွဲကွာလျက် ကျိန်ခြင်းဟိုပင် ခံလိုသော ဆန္ဒဆိအယ်။
အကျောန်းမှာ ဘုရားသခင်ရဲ့ ဉာဏ်ပညာအရ ဟေလောကဟ မိမိရဲ့ ဉာဏ်ပညာအားဖြင့် ဘုရားသခင်ဟို မသိခဲ့သောကျောန့် ဘုရားသခင်ဟ ဟောပြောခြင်းအမှုရဲ့ မိုက်မဲသောအရာအားဖြင့် ယုံကြည်သောသူလို့ဟို ကယ်တင်ရန် အလိုဆိအယ်။
နင်လို့ဟလည်း ငါ့လို ပြုကြလော့။ ငါဟ လူလို့ ကယ်တင်ခြင်း ခံရစေရန် မိမိပြုသမျှသော အမှုလို့တွင် ကိုယ့်အကျိုးဟို ငဲ့ယွေ့ သူလို့ နှစ်သက်အောန် ပြုအယ်။
အချင်းမိန်းမ၊ နင်ဟ မိမိဖိုးအိုဖြစ်သူဟို ကယ်တင်မယ် မကယ်တင်မယ်ဟို စလို သိနိန်မလုန်း။ အချင်းယောက်ျား၊ နင်ဟ ကိုယ့်ပေါင်အိုမဟို ကယ်တင်မယ် မကယ်တင်မယ်ဟို စလို သိနိန်မလုန်း။
ခရစ်တော် ယေရှုဟ အပစ်သားလို့ဟို ကယ်တင်ရန် ဟေလောကဟို ကြွလာအယ်ဟူသော စကားဟ သစ္စာစကားဖြစ်ပင်း အပြေ့အဝ လက်ခံထိုက်သောစကား ဖြစ်အယ်၊ အဲအပစ်သားများထဲတွင် ငါဟ အဆိုးဆုံး ဖြစ်အယ်။
လူအားလုံး ကယ်တင်ခြင်းရလျက် သမ္မာတရားဟို သိဆိခြင်းသို့ ရောက်စေရန် ဘုရားသခင် အလိုဆိအယ်။
နင့်တတ်တိုင်း လည်းကောင်း၊ နင်ရဲ့ သွန်သင်ချက်ဟို လည်းကောင်း ဂရုစိုက်ယွေ့ အဲသွန်သင်ချက်လို့နှိုက် အမြဲတည်နေလော။ အကျောန်းမှာ နင်ဟ အဲလိုပြုခြင်းဖြင့် နင့်တတ်တိုင်းနဲ့ နားထောင်သောသူလို့ဟို ကယ်တင်လိမ့်မယ်ဖြစ်သောကျောန့် ဖြစ်အယ်။
ဘုရားသခင်ဟ ငါလို့ဟို ကယ်တင်ယွေ့ သန့်ဆှင်းသော ခေါ်ယူခြင်းဖြင့် ငါလို့ဟို ခေါ်ယူတာဟ ငါလို့ပြုသောအမှုများကျောန့် မဟုတ်ဘဲ ကိုယ်တော်ရဲ့ အကြံအစည်ကျောန့် ဖြစ်ပင်း ဆေ့ကာလများ မတိုင်မီဟပင် ခရစ်တော် ယေရှုအားဖြင့် ငါလို့အား ပေးသော ကျေးဇူးတော်ကျောန့် ဖြစ်အယ်၊
အဲကျောန့် ငါဟ ဘုရားသခင် ရွေးကောက်သော လူစုတော်ရဲ့အတွက် စလို ဒုက္ခဆင်းရဲဟို မဆိုခံအယ်၊ ဟေလိုခံခြင်းမှာ သူလို့ဟလည်း ထာဝရ ဘုန်းအသရေနဲ့တကွ ယေရှု ခရစ်တော်အားဖြင့် ကယ်တင်ခြင်းဟို ခံရစေရန် ဖြစ်အယ်။
ကိုယ်တော်ဟ ငါလို့ပြုခဲ့လဲ့ ဖြောင့်မတ်သော အကျင့်အားဖြင့် မဟုတ်ဘဲ မိမိရဲ့ ကရုဏာတော်နဲ့အညီ အသစ်မွေးဖွားခြင်းနဲ့ဆိုင်သော ဆေးကြောခြင်းနဲ့ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ အသစ်ပြုပြင်ခြင်းလို့အားဖြင့် ငါလို့ဟို ကယ်တင်အယ်။
သူ့ဟို နင်ဆေ ငါပြန်ပို့လိုက်အယ်။ သူဟ ငါ့ရဲ့အသည်းနေလုံး ဖြစ်အယ်။
ခေါန်းခင်တမန်အားလုံးလို့ဟ ကယ်တင်ခြင်းဟို အမွေဆက်ခံမဲ့သူများရဲ့ အမှုဟို ဆောင်ရွက်ရန် စေလွှတ်ခြင်းခံရလဲ့ အစေခံ ဝိညာဉ်များ ဖြစ်ကြတာ မဟုတ်လော။
ဟေမျှလောက်ကြီးမြတ်လဲ့ ကယ်တင်ခြင်းဟို လျစ်လျူရှုရင် ငါလို့ဟ အပစ်ဒဏ်မှ စလို လွတ်နိန်ကြမှာတုန်း၊ သခင်ဘုရားဟ ဦးရင် ဟောပြောသော ဟေကယ်တင်ခြင်းတရားဟ ကြားနာသော သူလို့မှတဆင့် ငါလို့ဆေနှိုက် အတည်ပြုခြင်း ခံရအယ်။
အပစ်ဆိသောသူဟို မားယွင်းသောလမ်းမှ ပြန်စေသောသူဟ အပစ်ဆိသောသူရဲ့ စိတ်ဝိညာဉ်ဟို သေခြင်းမှ ကယ်တင်ယွေ့ ရမ်းဆာ့သော အပစ်လို့ဟို ဖုံးအုပ်တတ်တာဟု အဲသူဟ သိမှတ်စေ။