25 သူလို့ဟ ဘုရားသခင်နဲ့ ပတ်သက်လဲ့ အမန်တရားကို လိမ်လည်လှည့်စားခြင်းနဲ့ လဲလှယ်ပင်း သူလို့ဟ ထာဝရကာလတိုင်အောန် ချီးမွန်း ကိုးကွယ်ရမဲ့ ဖန်ဆင်းဆှင်ဟို ပယ်လောယွေ့ ဖန်ဆင်းထားသော အရာများဟို ကိုးကွယ်ကြအယ်။
“တစုံတယောက်ဟ သူလို့ မိဖဟို ငါ့ထက်ပိုယွေ့ ချစ်သူဟ ငါနဲ့မထိုက်တန်၊ တစုံတယောက်ဟ သူလို့ရဲ့သား အဲဟာမဟုတ်ရင် သမီးဟို ငါ့ထက်ပိုယွေ့ ချစ်သူဟ ငါနဲ့မထိုက်တန်။
“စသူမျှ သခင်နေဦး အစေဟို မခံနိန်။ သခင်တဦးဟို မုန်းယွေ့ တဦးဟို ချစ်လိမ့်မယ်။ သခင်တဦးဟို သစ္စာစောင့်ယွေ့ တဦးဟို မလေးမခန့်ပြုလိမ့်မယ်။ နင်လို့ဟ တချိန်တည်းနှိုက် ဘုရားသခင်ရဲ့ အစေနဲ့ လောကီစည်းစိမ်ရဲ့ အစေဟို မခံနိန်ကြ။
အဲပင်းရင် ကိုယ်တော်ဟ “အေးအိုးများမှ အခု ယေ ကတစ်ဟို ခပ်ယွေ့ ပွဲအုပ်ဆေ ယူသွားကြလော့” ဟု သူလို့အား မိန့်အယ်။ သူလို့ဟ ပွဲအုပ်ဆေဟို ယေ ယူသွားအယ်၊
ဘုရားသခင်ရဲ့ အမျက်တော်ဟ ခေါန်းခင်မှ ထင်ဆှားလျက် သမ္မာတရားဟို မတရားမှုဖြင့် တားဆီးပိတ်ပင်သော လူလို့ရဲ့ ဘုရားတရားမဲ့ခြင်းနဲ့ မတရားမှု အလုံးစုံလို့ အပေါ်သို့ သက်ရောက်အယ်။
သူလို့ဟ မသေနိန်သော ဘုရားသခင်ဟို ကိုးကွယ်ရမဲ့အစား သေတတ်သောလူ၊ ငက်များ၊ အကောင်များ၊ တွားတတ်သော သတ္တဝါများနဲ့ တူလဲ့ ရုပ်တုများဟို သူလို့ ဝတ်ပြုကိုးကွယ်ကြအယ်။
သူလို့ရဲ့ ကျော်ကြားလဲ့ ဟေဗြဲအမျိုးအနွယ်ဟ ဖိုးဖေးများမှ ဆက်သက်လာသူများ ဖြစ်ပင်း၊ ခရစ်တော်ဟ လူ့ဇာတိအားဖြင့် အေးသူလို့ရဲ့ အမျိုးအနွယ် ဖြစ်အယ်။ အရာအားလုံးဟို အစိုးရသော ဘုရားသခင်ဟို ထာဝရ ချီးမွန်းစေသတည်း။ အာမင်။
ငါဟ ဝါမပြောကျောန်းဟို သခင် ယေရှုရဲ့ ခမည်းတော်ဖြစ်သော ထာဝရ မင်္ဂလာဆိလဲ့ ဘုရားသခင် သိအယ်။
ဘုရားသခင်ဟ အသင်းတော်နှိုက် လည်းကောင်း၊ ခရစ်တော် ယေရှုနှိုက် လည်းကောင်း အမြဲတမ်း ဘုန်းကြီးစေသတည်း၊ အာမင်။
အကျောန်းမှာ အဲဒီလူတွေအားလုံးဟ နင့်ဟို ငါလို့ဆေ အလည်လာခါဟ နင့်လက်ခံပုံအကျောန်း၊ အသက်ဆှင်ယွေ့ စစ်မန်သော ဘုရားသခင်ဟို အစေခံရန် နင်ဟ ရုပ်တုများမှ ဘုရားသခင်ဆေ စလိုလှည့်လာကျောန်းဟို သူလို့ ပြောပြအယ်၊
ဟေဟာဟ မင်္ဂလာဆိသော ဘုရားသခင်ရဲ့ ဘုန်းအသရေနဲ့ ပြေ့စုံလဲ့ ကောင်းမြတ်လဲ့သတင်းနဲ့ ကိုက်ညီအယ်၊ အဲကောင်းမြတ်သော သတင်းကောင်းဟို ငါ့အား ပေးအပ်ထားပီ။
ထာဝရ ဘုရင်၊ ဖောက်ပြန်ပျက်စီးခြင်းနဲ့ ကင်းသော မမျော်ရလဲ့ တပါးတည်းသော ဘုရားသခင်နှိုက် ကမ္ဘာအဆက်ဆက် ဘုန်းတော်နဲ့ ဂုဏ်တော်ဆိမန့်စေ။ အာမင်။
သစ္စာဖောက်သောသူ၊ မဆင်မခြင်ပြုသောသူ၊ မောက်မာသောသူ၊ ဘုရားသခင်ဟို နှစ်သက်တာထက် ကာမဂုဏ်ခံစားခြင်းဟို သာယွေ့ နှစ်သက်သောသူ၊
ဘုရားသခင်ရဲ့ သားတော်ဟ ကြွလာယွေ့ စစ်မန်သော ဘုရားသခင်ဟို သိဆိနိန်လဲ့ အသိဉာဏ်ဟို ငါလို့အား ပေးတာဟိုလည်း ငါလို့ သိကြအယ်။ အဲကျောန့် ငါလို့ဟ စစ်မန်သော ဘုရားသခင်နှိုက် လည်းကောင်း၊ ဘုရားသခင်ရဲ့ သားတော် ယေရှု ခရစ်တော်နှိုက် လည်းကောင်း ဆိကြအယ်။ ကိုယ်တော်ဟ စစ်မန်သော ဘုရားသခင် ဖြစ်ပင်း ထာဝရ အသက်လည်း ဖြစ်အယ်။