Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရောမ 1:14 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

14 ယဉ်ကျေးသူ ဖြစ်စေ၊ ရိုင်းပျသူ ဖြစ်စေ၊ ပညာတတ် ဖြစ်စေ၊ ပညာမဲ့ ဖြစ်စေ၊ လူအပေါင်းလို့ရဲ့ သတင်းကောင်းပြောရမဲ့ အကြွေးဟ ငါနှိုက်တင်လျက် ဆိအယ်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရောမ 1:14
31 ပူးပေါင်းရင်းမြစ်များ  

အဲအချိန်တွင် ယေရှုဟ “ခေါန်းခင်နဲ့ မြေကြီးရဲ့ အဆှင်သခင်ဖြစ်သော အဖ၊ ကိုယ်တော်ဟ အသိပညာဆှင်များအား သိခွင့်မပေးဘဲထားလဲ့အရာများဟို ပညာမဲ့သူလို့အား ဖွင့်ပြသဖြင့် ကျေးဇူးတော်ဟို ချီးမွန်းအယ်။


သန့်ဆှင်းသော ဝိညာဉ်တော်အားဖြင့် ယေရှုဟ ဝမ်းမြောက်ခြင်းနဲ့ ပြေ့နေချိန်နှိုက် ကိုယ်တော်ဟ “အဖ၊ ခေါန်းခင်နဲ့ မြေကြီးရဲ့ အဆှင်၊ ပညာဆိများနဲ့ ဉာဏ်ထက်မြက်သောသူများအား ဟေအရာလို့ဟို အောင်းထားလျက် မသိနားမလည်သော သူများဟို ပြသပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ မန်အယ်၊ အဖ၊ အေးလို့ ဖြစ်ပျက်ရလဲ့အကျောန်းဟ ကိုယ်တော် အလိုဆိသောကျောန့် ဖြစ်အယ်။


အဆှင်ဟ ‘သွားလော့၊ ရပ်ဝေးဆိ လူမျိုးခြားလို့ဆေ နင့်ဟို ငါ စေလွှတ်လိမ့်မယ်’ ဟု ငါ့ဟို ပြောခဲ့အယ်။”


ကျွန်းသူ ကျွန်းသားလို့ဟ ငါလို့ ပေါ်တွင် ထူးခြားသော ချစ်ခင်ကြင်နာမှုဟို ပြသကြအယ်။ မိုးရွာသဖြင့် အေးလာသောကျောန့် အေးသူလို့ဟ မီးဖိုပင်းရင် ငါလို့အား လက်ခံကြိုဆိုကြအယ်။


သူ့ရဲ့ လက်မှ တန်းလန်းကျနေသော မြွေပွေးဟို ကျွန်းသူကျွန်းသားလို့ မျော်သောအခါ “အေးသူဟ လူသတ်သမား ဖြစ်ရမယ်။ ပင်လယ်တွင် အသက်ဘေးမှ လွတ်မြောက်သော်လည်း တရားမျှတမှု နတ်ဘုရားမဟ သူ့အား အသက်ဆှင်ခွင့် မပြု” လို့ အချင်းချင်း ပြောဆိုကြအယ်။


အဲလိုလဲ သခင်ဘုရားဟ အာနနိအား “သွားလော့၊ ဟေလူဟ လူမျိုးခြားများ၊ ဘုရင်များနဲ့ ဣသရေလအမျိုးသားလို့အား ငါရဲ့ နာမဟို ကြေညာရန် ငါ ရွေးချယ်ထားသော တန်ဆာပလာ ဖြစ်အယ်။


သူလို့ဟ ကိုယ့်ကိုယ်ကို ပညာဆိအယ်လို့ ဟောကြပေမဲ့လည်း သူလို့ဟ ပညာမဲ့သူများ ဖြစ်ကြအယ်။


ညီအကို မောင်နှမလို့ နင်လို့ဟ မိမိလို့တတ်တိုင်း ပညာသတိဆိသောသူဟု မထင်မှတ်ကြစေရန် ဟေလျှို့ဝှက် နက်နဲသောအရာဟို မသိဘဲ မနေစေလိုပါ။ လျှို့ဝှက်နက်နဲသော အရာဟ ဣသရေလလူမျိုးနှိုက် မာကျောခက်ထန်သူ အချို့ဆိခြင်းမှာ လူမျိုးခြားလို့ စုံလင်စွာ ဝင်ရောက်လဲ့အထိ ဖြစ်ပင်း


အချင်းချင်း သဟဇာတဖြစ်အောန် နေထိန်လော့။ မာနမကြီးပါနဲ့၊ အဲလိုလဲ နိမ့်ကျသော သူလို့ဟို အပေါင်းအဖော်လုပ်ရန် ဆန္ဒဆိပါ၊ ကိုယ့်ကိုယ်ကို ပညာဆိအယ်လို့ မထင်ပါနဲ့။


အချင်းချင်း ချစ်ခြင်းမှတပါး စလို အကြွေးမျှ မတင်စေနဲ့။ သူတပါးဟို ချစ်လဲ့သူဟ ပညတ်တရားဟို စောင့်ထိန်းသူ ဖြစ်အယ်။


နင်လို့ရဲ့ နာခံမှုဟ လူတိုင်း ကြားသိရလဲ့အတွက်ကျောန့် နင်လို့အပေါ်နှိုက် ငါ ဝမ်းမြောက်ခြင်း ဆိအယ်။ ကောင်းလဲ့အရာနှိုက် နင်လို့ဟ ပညာဆိများ ဖြစ်ပင်း မကောင်းသောအမှုနဲ့ ပတ်သက်ပင်း အပစ်ကင်းသူများ ဖြစ်စေလိုအယ်။


အေးကျောန့် ညီအကို မောင်နှမလို့ ငါလို့နှိုက် တာဝန်ဆိသော်လည်း ဇာတိပကိအားဖြင့် အသက်ဆှင်ကြရန် မဟုတ်။


အားပေမဲ့ ငါနားမလည်လဲ့ ဘာသာစကားဟို ပြောဆိုသူဟ ငါ့အဖို့ လူမျိုးခြား ဖြစ်အယ်။ ငါဟလည်း သူ့အဖို့ လူမျိုးခြား ဖြစ်လိမ့်မယ်။


နင်လို့ဟ စိတ်နေလုံးအားဖြင့် သာလျှင် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းယွေ့ ဆုတောင်းပြုရင် ပရိသတ် ဝတ်ပြုခြင်းနှိုက် သာမန်လူတယောက်ဟ နင်လို့ ပြောဆိုသမျှ စကားများဟို နားမလည်နိန်သဖြင့် ပစာသို့ နင်လို့ရဲ့ ဆုတောင်းဟို “အာမင်” ဟု ဝန်ခံနိန်မလုန်း။


ဘုရားသခင် ပေးသောအရာလို့ဟို ငါလို့ ဟောပြောသောအခါ လူ့ပညာဟ သင်ကြားပေးသော စကားအားဖြင့် မဟုတ်ဘဲ ဝိညာဉ်တော်ဟ သင်ကြားပေးသော စကားအားဖြင့် ဟောပြောယွေ့ ဝိညာဉ်ရေးနဲ့ ဆိုင်သောအရာလို့ဟို ဝိညာဉ်သဘောအားဖြင့် ငါလို့ ဟောပြောကြအယ်။


စသူမျှ မိမိတတ်တိုင်း မလှည့်စားစေနဲ့။ နင်လို့တွင် အကြင်သူဟ ဟေလောကရဲ့ စံနှုန်းအရ ပညာဆိ ဖြစ်တာဟု ကိုယ့်ကိုထင်တတ်အယ်။ အဲသူဟ ပညာဆိဖြစ်လာစေရန် လူမိုက် ဖြစ်မန့်စေ။


ငါလို့ဟ မိမိတတ်တိုင်း အဆင့်အတန်း ခွဲခြားခြင်း အဲဟာမဟုတ်ရင် မိမိတတ်တိုင်း ရမ်းဆာ့ အကဲဖြတ်သူများနဲ့ နှိုင်းယှဉ်ဝံ့မယ် မဟုတ်။ စလောက် မိုက်မဲကြသလဲ၊ ကိုယ့်စံနှုန်းတွေနဲ့ တိုင်းတာပင်း ကိုယ့်စံနှုန်းနဲ့ကိုယ် စီရင်ဆုံးဖြတ်ကြအယ်။


နင်လို့ဟ ရမ်းဆာ့ ပညာဆိသောသူများ ဖြစ်ယွေ့ သူရူးလို့ဟို ဝမ်းမြောက်စွာ သည်းခံတတ်အယ်။


အဲလိုမို့ ယုဒအမျိုးနဲ့ လူမျိုးခြား၊ အရေဖျားလှီးခြင်း ခံရသူနဲ့ အရေဖျားလှီးခြင်း မခံရသူ၊ ယဉ်ကျေးသူ၊ လူရိုင်းများ၊ ကျွန်နဲ့ ကျွန်မဟုတ်သောသူ ဟူယွေ့ ကွဲပြားခြားနားမှု မဆိတော့ချေ။ ခရစ်တော်ဟ အလုံးစုံလို့နှိုက် ဆိယွေ့ အလုံးစုံ ဖြစ်အယ်။


အဲကျောန့် ငါဟ ဘုရားသခင် ရွေးကောက်သော လူစုတော်ရဲ့အတွက် စလို ဒုက္ခဆင်းရဲဟို မဆိုခံအယ်၊ ဟေလိုခံခြင်းမှာ သူလို့ဟလည်း ထာဝရ ဘုန်းအသရေနဲ့တကွ ယေရှု ခရစ်တော်အားဖြင့် ကယ်တင်ခြင်းဟို ခံရစေရန် ဖြစ်အယ်။


အကျောန်းမှာ မခင်ဟ ငါလို့ဟလည်း မိုက်မဲသောသူ၊ မနာခံသောသူ၊ မားယွင်းသောသူများဖြစ်ကြပင်း အမျိုးမျိုးသော တပ်မက်ခြင်းနဲ့ ကာမဂုဏ်ခံစားခြင်းလို့နှိုက် ကျွန်ခံယွေ့ မကောင်းမှုနဲ့ မုန်းခြင်းလို့နှိုက် ကျင်လည်ကြကာ မုန်းခြင်းခံရလျက် အချင်းချင်းဟိုလည်း မုန်းလျက်နေကြအယ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ