6 ခရစ်တော်အတွက် ငါလို့နှိုက်ဆိလဲ့ ကောင်းသော အရာအားလုံးလို့ဟို သိခြင်းအားဖြင့် နင့်ရဲ့ ယုံကြည်ခြင်းနဲ့ဆိုင်သော မိတ်သဟာယ ဖွဲ့ခြင်းဟ ထိရောက်မှုဆိသောအရာ ဖြစ်လာစေရန် ငါဆုတောင်းအယ်။
ငွေဒင်္ဂါး ငါးပိဿာရသူဟ ခုတုံးပင် သွားယွေ့ အဲပိတ်ဆန်များဖြင့် ကူးသန်းရောင်းဝယ်မှုဟို လုပ်သဖြင့် အမြတ် ငွေဒင်္ဂါး ငါးပိဿာဟို ရအယ်။
အေးတိုင်းတိုင်း လူလို့ဟ နင်လို့ရဲ့ ကောင်းသောအကျင့်ဟို မျော်ယွေ့ ခေါန်းခင်ဘုံနှိုက်ဆိသော နင်လို့အဖရဲ့ ဂုဏ်တော်ဟို ချီးမွန်းစေရန် နင်လို့ရဲ့ အလင်းဟို လူလို့ရဲ့ ဆေ့မှာ ထွန်းလင်းစေကြလော့။
သူရဲ့ စိတ်နေလုံးနှိုက် မထင်ဆှားသောအရာလို့ဟ ထင်ဆှားပြန်ယွေ့ သူဟ ပျပ်ဝပ်လျက် “ဘုရားသခင်ဟ နင်လို့တွင် အမန်ဆိအယ်” ဟု ဘုရားသခင်ဟို ကိုးကွယ်လိမ့်မယ်။
ပစာကို့ ရမ်းဆာ့ကြီးသော ထင်ခါးဟ အဆင်သင့် ငါ့အား ဖွင့်လျက် ဆိအယ်။ ဆီးတားသော သူအများလည်း ဆိကြအယ်။
နောက်ဆုံးအနေဖြင့် ညီအကို မောင်နှမလို့၊ မန်ကန်သောအရာ၊ မွန်မြတ်သောအရာ၊ လျောက်ပတ်သောအရာ၊ ဖြူစင်သောအရာ၊ နှစ်သက်ဖွယ်သောအရာနဲ့ အသရေဆိသောအရာ တည်းဟူသော ကောင်းမြတ်သောအရာနဲ့ ချီးမွန်းဖွယ်သောအရာလို့ဖြင့် စိတ်နေလုံးဟို ပြေ့စေကြလော့။
အဲအကျောန်းကျောန့် နင်လို့ရဲ့ သတင်းဟို ကြားရလဲ့နေ့မှစယွေ့ ငါလို့ဟ နင်လို့အတွက် အစဉ်မပြတ် ဆုတောင်းလျက် နေအယ်။ နင်လို့ဟ ဝိညာဉ်တော် ချပေးသော ဉာဏ်ပညာ၊ သိနားလည်မှု အလုံးစုံလို့နဲ့ ပြေ့စုံသဖြင့် ဘုရားသခင်ရဲ့ အလိုတော်ဟို ကောင်းစွာ သိဆိကြစေရန် ဘုရားသခင်အား ငါလို့ ဆုတောင်းကြအယ်။
လူသစ်ဟို ဝတ်ဆင်ကြလေပီ။ ဖန်ဆင်းသောသူရဲ့ ပုံသဏ္ဌာန်နဲ့အညီ မန်သော အသိပညာအားဖြင့် အသစ်ပြုပြင်လျက် နေအယ်၊ ဟေသို့ပြုခြင်းမှာ နင်လို့ဟ ကိုယ်တော်ဟို ပြေ့ဝစုံလင်စွာ သိကျွမ်းလာကြစေရန် ဖြစ်အယ်။
ငါလို့ရဲ့ လူများဟလည်း အသီးမသီးသောသူ မဖြစ်မဲ့အကျောန်း အရေးတကြီး လိုအပ်သော အရာများအတွက် ကောင်းသောအမှုလို့ဟို ပါဝင်လုပ်ဆောင်ရန် သင်ယူကြရမယ်။
အကျောန်းမှာ ဘုရားသခင်ဟ နင်လို့ရဲ့ လုပ်ဆောင်မှုဟို လည်းကောင်း၊ သန့်ဆှင်းသူလို့ဟို မခင်ဟ နင်လို့ လုပ်ကျွေးပြုစုသလို အခုလည်း လုပ်ကျွေးပြုစုလျက် ကိုယ်တော်ရဲ့ နာမတော်ဟို ထောက်ယွေ့ နင်လို့ပြသော ချစ်ခြင်းမေတ္တာလို့ဟို လည်းကောင်း၊ မေ့လျော့လဲ့တိုင်အောန် တရားမျှတမှု ကင်းမဲ့တာ မဟုတ်။
ငါ့ညီအကို မောင်နှမလို့၊ လူတစုံတယောက်ဟ ယုံကြည်အယ်ဟု ဆိုသော်လည်း အကျင့်အားဖြင့် သက်သေမပြနိန်ရင် ပစာ အကျိုးဆိမှာလုန်း။ အဲယုံကြည်ခြင်းဟ သူ့အား ကယ်တင်နိန်မှာလုန်း။
ယုံကြည်ခြင်းဟလည်း အဲတိုင်းတိုင်း ဖြစ်အယ်။ အကျင့်နဲ့ ကင်းသော ယုံကြည်ခြင်းဟ တပါးတည်းဆိသောကျောန့် အသေ ဖြစ်အယ်။
ဘုရားဟို မသိသော သူလို့အလယ်တွင် ကောင်းစွာ အသက်ဆှင် နေထိန်ကြလော့။ အေးလို့လုပ်ရင် သူလို့ဟ နင်လို့ဟို မကောင်းမှုပြုသူများအဖြစ် ပုတ်ခတ်ပြောဆိုပေမဲ့လည်း နင်လို့ရဲ့ ကောင်းသောအမှုဟို မျော်ယွေ့ ဘုရားသခင် ကြွလာသော နေ့ရက်နှိုက် ဘုန်းတော်ဟို ချီးမွန်းကြလိမ့်မယ်။
အေးနည်းတူ ပေါင်အိုမလို့၊ နင်လို့ရဲ့ ဖိုးအိုများရဲ့ အုပ်စိုးခြင်းဟို နာခံကြလော့။ အေးလို့လုပ်ရင် တချို့ဖိုးအိုလို့ဟ နှုတ်ကပတ်တရားဟို မယုံကြည်ကြရင်တောင် နင်လို့ရဲ့ ကြောက်ရွံ့ရိုသေမှုနဲ့ သန့်ဆှင်းစင်ကြယ်သော အသက်ဆှင် နေထိန်မှုကို မျော်လျက် ပေါင်အိုမရဲ့ စကားအားဖြင့် မဟုတ်ဘဲ၊
အဲလိုလဲ နူးညံ့ခြင်းနဲ့ ရိုသေခြင်းဟို ဆိကြလော့။ နင်လို့ဟ ကဲ့ရဲ့ခံရသောအခါ၊ ခရစ်တော်ရဲ့ နောက်လိုက်များ အဖြစ် နင့်ရဲ့ ကောင်းသောအကျင့်ကို မကောင်း ပြောသောသူလို့ဟ သူလို့ ပြောသော စကားအတွက် ဆှက်ကြစေရန် နင်လို့ စိတ်ဟို ကြည်လင်စေကြလော့။
အကျောန်းမှာ ဟေပါရမီများဟ နင်လို့နှိုက် ဆိယွေ့ တိုးပွားနေတာဆိုရင် နင်လို့ဟ ငါလို့ရဲ့ သခင် ယေရှု ခရစ်တော်ဟို သိခြင်းအရာနှိုက် အကျိုး မဆိသောသူ၊ အသီးအသီးသောသူ ဖြစ်ကြလိမ့်မယ် မဟုတ်။