10 အကျဉ်းကျခံနေခါ ငါ့သားဖြစ်သော ဩနေသိမ်အတွက် နင့်ဟို တောင်းပန်အယ်။
လူအုပ်ထဲမှ လူတယောက်ဟ “ဆရာ၊ ငါ့ရဲ့ သားဟို ကိုယ်တော်ဆေသို့ ခေါ်ခဲ့အယ်၊ ပစာကို့ သူထဲမှာ ညစ်ညူးသောနတ် ဆိနေပင်း၊ စကားမပြောနိန်သောကျောန့် ဖြစ်အယ်။
ညီအကို မောင်နှမလို့၊ ဘုရားသခင်ရဲ့ ကရုဏာအားဖြင့် နင်လို့ဟို ငါ တိုက်တွန်း နှိုးဆော်လိုတာဟ နင်လို့ရဲ့ ကိုယ်ခန္ဓာဟို ဘုရားသခင် နှစ်သက်လဲ့ သန့်ဆှင်းယွေ့ အသက်ဆှင်သော ယဇ်အဖြစ် ပူဇော်ကြလော့။ ဟေဟာဟ ကိုယ်တော်အား နင်လို့ ပြုအပ်သော စစ်မန်သော ဝတ်ပြုကိုးကွယ်ခြင်း ဖြစ်အယ်။
ဟေအရာများဟို ငါ ရေးလိုက်ခြင်းမှာ နင်လို့အား အဆှက်ရစေရန် မဟုတ်ဘဲ နင်လို့ဟို ငါရဲ့ ချစ်သားအဖြစ် သတိပေး ဆုံးမရန် ဖြစ်အယ်။
အကျောန်းမှာ ခရစ်တော်နှိုက် နင်လို့ဟို သင်ကြားပေးသောသူ ၁၀,၀၀၀ ဆိသော်လည်း အဖဟ တဦးတည်း ဖြစ်အယ်။ ငါဟ သတင်းကောင်းဟို နင်လို့ဆေ ဦးရင် ဟောပြောလာလဲ့အတွက် ငါဟ ခရစ်တော်နှိုက် နင်လို့ရဲ့ အဖ ဖြစ်အယ်။
ငါ့ချစ်လှစွာသော လူပဲ့သငယ်များ၊ နောက်တခါ အောင်ငဲမွေးသော အမေ့လိုမျိုးပင်၊ ခရစ်တော်ရဲ့ အသွင်သဏ္ဌာန်ဟ နင့်အထဲနှိုက် ဖြစ်ပေါ်လာလဲ့ တိုင်အောန် နင့်အတွက် အဲတိုင်းတိုင်း နာကျင်မှုမျိုးကို ခံစားလျက်နေရအယ်။
သူနဲ့အတူ ဩနေသိမ်လည်း လိုက်လာလိမ့်မယ်၊ ဩနေသိမ်ဟ ငါလို့ ချစ်သော ညီအကို၊ သစ္စာဆိသောသူ၊ နင်လို့ အသိုင်းဝိုင်းထဲဟ ဖြစ်အယ်။ သူလို့ဟ ဟေအရပ်တွင် ဖြစ်ပျက်သမျှဟို နင်လို့အား ပြောပြလိမ့်မယ်။
ယုံကြည်ခြင်းအားဖြင့် ငါ့သားအစစ်ဖြစ်သော တိမောသေဆေဟို စာရေးလိုက်အယ်၊ ဘုရားသခင်နဲ့ ငါလို့ရဲ့ သခင် ခရစ်တော် ယေရှုဆေမှ ကျေးဇူးတော်၊ ကရုဏာတော်နဲ့ ငြိမ်သက်ခြင်းဟ နင်လို့နှိုက် ဆိမန့်စေ။
ငါဟ တူညီသော ယုံကြည်ခြင်းအားဖြင့် စစ်မန်လဲ့ ငါ့အောင်နီငယ်ဖြစ်လဲ့ တိတုဆေဟို ဟေစာရေးလိုက်အယ်။ အဖဘုရားသခင်နဲ့ ငါလို့ရဲ့ ကယ်တင်ဆှင် ခရစ်တော် ယေရှုဆေမှ ကျေးဇူးတော်နဲ့ ငြိမ်သက်ခြင်းဟ နင်လို့နှိုက် ဆိပါစေသော။
သူသည် မခင်ဟ နင့်အတွက် အသုံးမဝင်သူဖြစ်ခဲ့ပေမဲ့လည်း အခုမှာ နင့်အတွက်ရော ငါ့အတွက်ပါ အသုံးဝင်သူဖြစ်လာအယ်။
ငါဟ သတင်းကောင်းအတွက် တုတ်ချေခံရခါ နင့်ကိုယ်စား ငါ့ဟို ကူညီဆောင်ရွက်ပေးနိန်ရန် သူ့ဟို ငါဆေနှိုက် ခေါ်ထားလိုအယ်။
ငါ့လူပဲ့သငယ်လို့ဟ သမ္မာတရားနှိုက် အသက်ဆှင် ဆော့က်လှမ်းနေကျောန်းဟို ကြားရတာထက် ဝမ်းမြောက်စရာ ကောင်းသော အရာဟ ငါနှိုက် မဆိ။