13 ကိုယ်တော်ဟ သူလို့ ဆေမှ ထွက်ယွေ့၊ လှေထဲဟို ပြန်လာပင်း အိန်တဖက်သို့ စတင်ပင်း ကူးလေအယ်။
သူလို့အတွက် စိတ်မပူကြနဲ့၊ သူလို့ဟ မျက်မမြင်များဟို လမ်းပြလဲ့ မျက်မမြင်များ ဖြစ်ကြအယ်။ မျက်မမြင်တယောက်ဟ တခြားမျက်မမြင်တယောက်အား လမ်းပြသောအခါ သူလို့ နေယောက်စလုံးပင် တွင်းထဲဟို ကျလိမ့်မယ်” ဟု မိန့်အယ်။
“သန့်ဆှင်းသောအရာဟို ခွေးလို့အား မပေးကြနဲ့၊ သူလို့ဟ လှည့်ပင်း နင်လို့ဟို တိုက်ခိုက်လိမ့်မယ်။ နင်လို့ရဲ့ ပုလဲရတနာများဟို ဝက်လို့ဆေ့မှာ မချထားကြနဲ့၊ သူလို့ဟ အဲအရာလို့ဟို မိမိလို့ခြေဖြင့်နင်းချေပင်း သွားကြလိမ့်မယ်။
အဲလိုလဲ ယေရှုဟ သက်ပြင်းချပင်းတော့ “ဟေနေ့ခေတ် လူများဟ နိမိတ်လက္ခဏာဟို ပစာကျောန့် တောင်းကြလုန်း၊ ငါ နင့်ဟို ပြောတာဟ၊ ဒီလိုလူတွေဟ သက်သေဟို ပေးလိမ့်မယ် မဟုတ်” ဟု ပြောလေအယ်။
တဘဲ့တော်လို့ဟ မုန့်အလုံအလောက် ယူလာရန် မေ့သွားပင်း လှေပေါ်တွင် သူလို့နဲ့အတူ မုန့်တလုံးသာ ဆိအယ်။
အေးနောက် ဂါရစလူ အားလုံးလို့ဟ ရမ်းဆာ့ ကြောက်လန့်ကြသဖြင့် မိမိလို့အရပ်မှ ထွက်သွားဖို့ ယေရှုဟို ပြောကြအယ်။ အေးကျောန့် ယေရှုဟ လှေပေါ်ဟို တက်ပင်း ပြန်သွားအယ်။
နင်လို့ဟ အလင်းရဲ့လူပဲ့သငယ်များဖြစ်စေရန် နင်လို့နှိုက် အလင်းဆိစဉ်အခါ အလင်းဟို ယုံကြည်ကြလော့” ဟု မိန့်လေအယ်။ အေးလိုမိန့်ပင်းမှ ယေရှုဟ ထွက်ကြွယွေ့ အေးသူလို့ဟို တိမ်းဆှောင်လျက် နေလေအယ်။
တဖန် ယေရှုဟ “ငါ သွားရလိမ့်မယ်၊ နင်လို့ဟ ငါ့ဟို ဆာပေမဲ့လည်း နင်လို့ဟ မိမိအပစ်နှိုက် သေကြလိမ့်မယ်။ ငါသွားမဲ့အရပ်သို့ နင်လို့ မလာနိန်ကြ” ဟု မိန့်အယ်။
ယုဒလူလို့ဟ သူ့ဟို မကောင်းသောအရာများ အကျောန်းဟို ပြောဆိုသောအခါ၊ ပေါလုဟ မိမိအဝတ်မှ ဖုန်များဟို ပုတ်ချယွေ့ သူလို့အား “နင်လို့ သေကြေပျက်စီးကြရင် နင်လို့ရဲ့ တာဝန်ပင် ဖြစ်အယ်၊ ငါ့မှာ တာဝန် မဆိတော့ပီ။ အခုမှစယွေ့ ငါဟ လူမျိုးခြားလို့ဆေ သွားတော့မယ်” ဟု ဆိုအယ်။
ငါလို့ဟ အာရှနယ် ကမ်းခြေ တဆှောက်ဆိသော သင်္ဘောဆိပ်မြို့များဟို သွားခါနီးဖြစ်လဲ့ သင်္ဘောတစီးပေါ်ဟို တက်ယွေ့ ရွက်လွင့်ကြအယ်။ အေးသင်္ဘောဟ အာဒြမုတ္တိမြို့မှ လာသော သင်္ဘော ဖြစ်အယ်။ မာကေဒေါနိပြေမှ သက်သာလောနိတ်မြို့သား အာရိတ္တာခုဟလည်း ငါလို့နဲ့အတူပါလာအယ်။