26 အဲအမျိုးသမီးဟ ရှုရိတွင် ဆိသော ဖိနိတ်နယ်မှ မွေးဖွားလဲ့၊ တပါးအမျိုးသား ဖြစ်အယ်။ မိမိရဲ့ သမီးထဲမှ နတ်ဆိုးဟို မောင်းထုတ်ပေးရန် ယေရှုအား တောင်းပန်အယ်။
အဲဒေသတွင် နေထိန်သူ ခါနာန် အမျိုးသမီးတယောက်ဟ ကိုယ်တော်ဆေဟို လာယွေ့ “ဆရာ၊ ဒါဝိဒ်ရဲ့သားတော်၊ ကျွန်မဟို သနားမန့်။ ကျွန်မရဲ့ သမီးဟ နတ်ဆိုးစွဲသဖြင့် ရမ်းဆာ့ ဝေဒနာခံလျက် နေအယ်” ဟု ဆှောက်အယ်။
ယေရှုရဲ့ သတင်းဟ ရှုရိပြေ တဆှောက်လုံးတွင် ပျံ့သွားပင်း၊ လူလို့တွင် နတ်ဆိုးဝင်သောသူ၊ ဝက်ရူးစွဲသောသူ၊ လေဖြတ်သောသူ၊ မကျန်းမာသောသူမှ စယွေ့ အမျိုးမျိုးသော အနာရောဂါစွဲကပ်သူ ဝေဒနာဆှင်များဟို အထံတော်သို့ ခေါ်ခဲ့ကြပင်း ယေရှုဟ အဲလူအပေါင်းလို့ဟို ရောဂါပျောက်ကင်း စေအယ်။
ညစ်ညူးသော နတ်ပူးဝင်နေသော မိနီငယ် တအူးရဲ့မိခင်ဟ ယေရှု အကျောန်းဟို ကြားရင် တန်းလာယွေ့ သူရဲ့ ခြေတော်ရင်းတွင် ဒူးထောက်လေအယ်။
အားပင်မဲ့ ယေရှုဟ “လူပဲ့သငယ်လို့ဟို ဦးရင် ဝအောန်ကျွေးပါရစေ။ လူပဲ့သငယ်လို့ရဲ့ အစားအစာဟို ယူယွေ့ ခွေးများဆေ လောချခြင်းဟ မမန်ပေ” ဟု သူမအား ဖြေလေအယ်။
အေးလိုမို့ ယုဒလူမျိုးများနဲ့ လူမျိုးခြားတွေကြား ကွာခြားမှု ဆိဝူး။ ကျွန်များနဲ့ လွတ်လပ်သူများ၊ ယောက်ျားနဲ့ မိန်းမကြား ကွာခြားမှု မဆိ၊ နင်လို့ဆိသမျှဟ ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်း ဖြစ်ကြအယ်။
အဲလိုမို့ ယုဒအမျိုးနဲ့ လူမျိုးခြား၊ အရေဖျားလှီးခြင်း ခံရသူနဲ့ အရေဖျားလှီးခြင်း မခံရသူ၊ ယဉ်ကျေးသူ၊ လူရိုင်းများ၊ ကျွန်နဲ့ ကျွန်မဟုတ်သောသူ ဟူယွေ့ ကွဲပြားခြားနားမှု မဆိတော့ချေ။ ခရစ်တော်ဟ အလုံးစုံလို့နှိုက် ဆိယွေ့ အလုံးစုံ ဖြစ်အယ်။