15 လူရဲ့ အပြင်မှ ဝင်လဲ့အရာဟ လူဟို စုတ်ပဲ့စေနိန်ဝူး။ အတွင်းမှ ထွက်လဲ့အရာဟသာ လူဟို စုတ်ပဲ့စေနိန်အယ်။”
မြွေပွေးအမျိုးလို့၊ နင်လို့ဟ ဆိုးယုတ်သောသူများဖြစ်လျက် စလို ကောင်းလဲ့စကားဟို ပြောနိန်ကြမလုန်း။ စိတ်နေလုံးနှိုက် ပြည့်လျှံနေလဲ့အရာများဟို နှုတ်ဟ ဖော်ပြတတ်အယ်။
ယေရှုဟ “နင်လို့ဟလည်း သူများလို့ထက် ခုတိုင်အောန် အသိဉာဏ်ကင်းမဲ့လျက် ဆိနေကြသေးသလော။
အဲပင်းရင် ယေရှုဟ လူအုပ်လို့အား သူ့ဆေဟို တဖန်ခေါ်ပင်း ပြောအယ်၊ “ငါ့ စကားဟို နင်လို့အားလုံး နားထောင်ယွေ့၊ နားလည်ကြလော့။
ပေတရုဟ သူလို့အား “ယုဒအမျိုးသားလို့အတွက် လူမျိုးခြားများဆေ အလည်အပတ်သွားခြင်း အဲဟာမဟုတ်ရင် ပေါင်းဖော်ခြင်းဟ ဘာသာတရားဟ တားမြစ်ထားတာဟို နင်လို့တတ်တိုင်း ကောင်းစွာသိကြအယ်။ အဲလိုလဲ စသူဟိုမျှ စုတ်ပဲ့သောသူ အဲဟာမဟုတ်ရင် မသန့်စင်သူ ဟု မမှတ်ယူရန် ဘုရားသခင်ဟ ငါ့အား ဖော်ပြပီ။
ဘုရားသခင်ရဲ့ နိုင်ငံတော်ဟ အစားအသောက်နဲ့မဆိုင်၊ အဲလိုလဲ သန့်ဆှင်းသော ဝိညာဉ်တော်မှ ရဆိသော ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်းနဲ့ ဝမ်းမြောက်ခြင်း ဖြစ်အယ်။
နင်လို့ရဲ့ ဩတ္တပ္ပစိတ်ဟို ထောက်ယွေ့ ဆေးတွင် ရောင်းလဲ့ စလိုအသားဟို မဆို စစ်ဆေးမေးမြန်းခြင်း မပြုဘဲ ဝယ်ယွေ့ စားကြလော့။
သန့်ဆှင်းသော သူလို့အတွက် ခပ်သိမ်းသောအရာလို့ဟ သန့်ဆှင်းကြအယ်။ အဲလိုလဲ ညစ်ညူးယွေ့ ယုံကြည်ခြင်း မဆိသော သူလို့အတွက်ဟ စလိုအရာမှ မသန့်ဆှင်းတာ သာမက သူလို့ရဲ့ စိတ်နေလုံးနဲ့ အသိစိတ်လို့ဟလည်း ညစ်ညူးကြအယ်။
ထူးခြားသော သွန်သင်ချက် အမျိုးမျိုးနောက်ဟို လိုက်ပါ မသွားကြနဲ့။ အကျောန်းမှာ စားစရာအားဖြင့် မဟုတ်ဘဲ ကျေးဇူးတော်အားဖြင့် စိတ်နေလုံးဟို တည်မြဲစေခြင်းဟ ကောင်းမြတ်အယ်။ စားစရာအားဖြင့် အသက်ဆှင် ဆှောက်လှမ်းသောသူလို့ဟ အကျိုးဟို မရဆိကြပေ။
အဲအရာလို့ဟ စားစရာ၊ သောက်စရာနဲ့ ဆေးကြောသန့်စင်ခြင်း ဝတ်များနဲ့ဆိုင်အယ်။ ဟေဟာဟ ပြင်ပနဲ့ ဆိုင်လဲ့ စည်းမျဉ်းများ ဖြစ်ယွေ့ ခပ်သိမ်းသောအရာလို့ဟို ဘုရားသခင် အသစ်ပြုပြင်မဲ့ ကာလတိုင်အောန်သာ တည်ဆိနေကြအယ်။