55 သူလို့ဟ ပတ်ဝန်းကျင်အရပ်ရပ်ဟို ပြေးသွားယွေ့ ကိုယ်တော်ဆိလဲ့ သူလို့ ကြားလဲ့နေရာဟို လူနာများဟို ထမ်းစင်များနဲ့ မခဲ့ကြအယ်။
ယေရှုရဲ့ သတင်းဟ ရှုရိပြေ တဆှောက်လုံးတွင် ပျံ့သွားပင်း၊ လူလို့တွင် နတ်ဆိုးဝင်သောသူ၊ ဝက်ရူးစွဲသောသူ၊ လေဖြတ်သောသူ၊ မကျန်းမာသောသူမှ စယွေ့ အမျိုးမျိုးသော အနာရောဂါစွဲကပ်သူ ဝေဒနာဆှင်များဟို အထံတော်သို့ ခေါ်ခဲ့ကြပင်း ယေရှုဟ အဲလူအပေါင်းလို့ဟို ရောဂါပျောက်ကင်း စေအယ်။
သူလို့ဟ လှေမှ ဆင်းဆင်းချင်း၊ လူလို့ဟ ကိုယ်တော်ဟို မှတ်မိကြအယ်။
ယေရှုဟ နေရာတိုင်း၊ ကျေးရွာများ၊ မြို့များ၊ လယ်တောများဟို သွားယွေ့၊ လူလို့ဟ လူနာများအား ဆေးဟို ခေါ်သွားယွေ့ ကိုယ်တော်ရဲ့ ဝတ်လုံဖျားဟို တို့ထိခွင့်ပြုရန် တောင်းပန်ကြအယ်။ တို့ထိခွင့်ရသော သူလို့ဟ ကျန်းမာလာကြအယ်။
လူလို့ဟ လူနာများဟို လမ်းမပေါ်ဟို သယ်လာပင်း ခုတင်များနဲ့ အိပ်ယာများပေါ်တွင် ထားကြကာ ပေတရု လာသောအခါ သူ့ရဲ့အရိပ်ဟိုပင် အေးလူနာအချို့လို့အပေါ်ဟို ကျရောက်စေရန် ကြိုးစားကြအယ်။