49 သူလို့ဟ ယေပေါ်မှာ ကိုယ်တော် လမ်းဆှောက်နေတာဟို မျော်ကြအယ်။ သူလို့ဟ “ကဆေ” ဟု ထင်မှတ်ယွေ့ အော်ကကြအယ်။
လေဆန်သောကျောန့် တဘဲ့တော်လို့ဟ တက်ခတ်ယွေ့ ပင်ပန်းကြတာဟို မျော်သောအခါ ကိုယ်တော်ဟ ယေပေါ်မှာ လမ်းဆှောက်ယွေ့ သူလို့ဆေဟို လာအယ်။ အချိန်ဟ မိုးမလင်းခင် ဖြစ်အယ်၊ ကိုယ်တော်ဟ သူလို့ အနီးမှ ဖြတ်ကျော်ယွေ့ သွားအယ်၊
သူလို့အားလုံးဟ ကိုယ်တော်ဟို မျော်သောအခါ ကြောက်လန့်နေကြအယ်။ အဲအခါ ကိုယ်တော်ဟ “အားမငယ်ကြနဲ့၊ ငါရီးဝဲ့၊ မကြောက်ကြနဲ့” ဟု သူလို့အား ပြောလေအယ်။
သူလို့ဟ ကဆေခြောက်နေစာရီးဟု ထင်နေကြသဖြင့် ကြောက်လန့်ယွေ့ တုန်နေကြအယ်။