35 မိုးချုပ်စပြုသောအခါ၊ တဘဲ့တော်လို့ဟ ကိုယ်တော်ဆေဟို လာယွေ့ ပြောကြအယ်၊ “ဟေအရပ်ဟ လူသူမဆိလဲ့ အရပ်တခုဖြစ်ပင်း အချိန်လည်း နောက်ကျပါပီ။
ယေရှုဟ ယောဟန်ရဲ့ သတင်းဟို ကြားသောအခါ အဲအရပ်မှ တကိုယ်တည်း ဆိတ်ကွယ်ရာ အရပ်ဟို လှေဖြင့် သွားအယ်။ အေးအကျောန်းဟို လူလို့ကြားရင်၊ သူလို့ရဲ့ မြို့ရွာများကို ထားခဲ့ပင်း ကိုယ်တော်ရဲ့ နောက်တော်ဟို ကုန်းကျောန်းနဲ့ လိုက်ကြအယ်။
ယေရှုဟ လှေမှ တက်သောအခါ လူအုပ်ကြီးဟို မျော်ရင်၊ သူလို့ဟ သိုးထိန်း မဆိသော သိုးများနဲ့ တူသောကျောန့် သူလို့ကို သနားခြင်း ဆိအယ်။ အေးလိုမို့ ကိုယ်တော်ဟ သူလို့ဟို ရမ်းဆာ့သော အရာလို့ဟို စတင်သွန်သင်လေအယ်။
သူလို့ဟ အနီးအနား ကျေးရွာများဟို သွားယွေ့ စားစရာတခုခုဟို ဝယ်နိန်ရန် လူလို့အား အဝေးဟို စေလွှတ်ပါ” ဟု ပြောအယ်။