24 အဲပင်းရင် ကိုယ်တော်ဟ “နင်ဘာကြားလဲဆိုတာဟို အာရုံစိုက်ပါ၊ နင်လို့ဟ တပါးသူအား စီရင်လဲ့အတိုင်း ဘုရားသခင်ဟလည်း နင်ဟို စီရင်လိမ့်မယ်၊ အဲထက်မက ပိုယွေ့ ပြင်းထန်စွာ ခံရမယ်။
အကျောန်းမှာ သူတပါးဟို နင်လို့ စီရင်လဲ့နည်းအတိုင်း ဘုရားသခင်ဟ နင်လို့ဟို စီရင်လိမ့်မယ်၊ အားပင်း သူတပါးလို့ဟို စီရင်ရာတွင် နင်လို့ အသုံးပြုလဲ့နည်းအတိုင်း နင်လို့ဟို စီရင်လိမ့်မယ်။
အဲပင်းရင် မိုးချေးသားတခုဟ ပေါ်လာယွေ့ သူလို့ဟို မိုးတိမ်ရိပ်နဲ့အတူ အုပ်ကာ “ဟေသူဟာ ငါ့ချစ်သား ဖြစ်အယ်၊ သူရဲ့ စကားဟို နားထောင်လော့” ဟု မိုးချေးသားဟ အသံထွက်ပေါ်လာအယ်။
“နင်လို့ စလို နားထောင်တာဟို ဂရုစိုက်ကြလော့၊ ဆိသူအား ထပ်ပင်း ပေးလိမ့်မယ်၊ မဆိသူဆေဟ ဆိလဲ့အရာကတစ်ဟိုပင် နှုတ်ယူလိမ့်မယ်” ဟု မိန့်အယ်။
ဟေသိုးခြံထဲဟ မဟုတ်သော အခြားသိုးလို့ဟိုလည်း ငါပိုင်သေးအယ်။ အေးသိုးလို့ဟိုလည်း ငါဆောင်ခဲ့ရမယ်၊ ငါ့ရဲ့ အသံဟို နားထောင်ပင်း သိုးအုပ်တအုပ်တည်းနဲ့ သိုးထိန်းတယောက်တည်း သူလို့ဟ ဖြစ်လာကြလိမ့်မယ်။
ငါ့သိုးလို့ဟ ငါ့အသံဟို နားထောင်ကြအယ်။ ငါဟ သူလို့ဟို သိယွေ့ သူလို့ဟလည်း ငါ့နောက်ဟို လိုက်ကြအယ်။
နင်လို့အား ငါ အမန်ဆိုတာဟ သေလွန်သောသူလို့ဟ ဘုရားသခင်ရဲ့ သားတော်အသံဟို ကြားယွေ့ ကြားသောသူလို့ဟ အသက်ဆှင်ရမဲ့အချိန် ရောက်လာမယ်ဖြစ်ရာ အခုပင် ရောက်လာလေပီ။
သက်သာလောနိတ်မြို့မှာ ဆိလဲ့သူများလို့ထက် ဗေရိမြို့မှာဆိလဲ့ လူများလို့ဟ ပိုပင်း စိတ်ထား မြင့်မြတ်ကြအယ်။ သူလို့ဟ သတင်းစကားဟို ရမ်းဆာ့ စိတ်အားထက်သန်စွာ နားထောင်ပင်း ပေါလု ပြောခဲ့လဲ့စကား မန်အယ် မမန်သိနိန်ရန် ကျမ်းစာဟို နေ့တိုင်း လေ့လာကြအယ်။
မျိုးစေ့ကတစ်ဟို ကြဲသောသူဟ ကတစ်ဟိုသာ ရိတ်သိမ်းရလိမ့်မယ်၊ ရမ်းဆာ့သော မျိုးစေ့လို့ဟို ကြဲသောသူဟ ရမ်းဆာ့ ရိတ်သိမ်းရလိမ့်မယ် ဖြစ်ကျောန်း သတိပြုလော့။
အဲကျောန့် လမ်းမားတိမ်းချော်မှု မဖြစ်ကြစေရန် ငါလို့ဟ ကြားရသော သမ္မာတရားဟို ပိုမိုယွေ့ပင် စွဲမြဲဆုပ်ကိုင်ထားရမယ်။
ဝိညာဉ်ရေးဆိုင်ရာ သန့်ဆှင်းသော နို့ရည်ဟို အမြဲတောင့်တသော မွေးကင်းစ လူပဲ့များလိုမျိုး ဖြစ်ကြလော့၊ အေးလို့မှသာ အဲနို့ဟို သောက်ခြင်းဖြင့် နင်လို့ဟ ကြီးပြင်းလာပင်း ကယ်တင်ခြင်းဟို ခံရမယ် ဖြစ်အယ်။
ချစ်ရသောသူလို့၊ ဝိညာဉ်တော် ခံယူရဆိတာဟု ဆိုသူတိုင်းဟို မယုံကြနဲ့။ သူလို့ ခံယူရဆိလဲ့ဆိုသော ဝိညာဉ်တော်ဟ ဘုရားသခင်ဆေမှ ဆင်းသက်လာလဲ့ ဝိညာဉ်တော် ဟုတ် မဟုတ် စစ်ဆေးကြလော့။ ပစာကို့ မိစ္ဆာပရောဖက်များဟ ဟေလောကဟို သွားကြပီ။