34 အဲပင်းရင် မိမိပတ်လည်နှိုက် ဝန်းရံလျက် ထိန်နေသူများဟို ကျေ့ရှုလျက် “ကျေ့လော့၊ ငါ့အမေနဲ့ ငါ့ညီများဟာ ဟေမှာဖြစ်အယ်။
အဲအခါ ယေရှုဟ “မကြောက်ကြနဲ့၊ သွားယွေ့ ငါရဲ့ညီအကိုများအား ဂါလိလဲပြေဟို သွားရန် ဟောကြားလော့။ သူလို့ဟ အေးပြေတွင် ငါ့ဟို မျော်ရကြလိမ့်မယ်” ဟု မိန့်အယ်။
ယေရှုဟ “ငါ့အမေ့၊ ငါ့ညီများဟ စသူလုန်း” ဟု ပြန်ယွေ့ မေးအယ်။
ကိုယ်တော်ဟ ရမ်းဆာ့အံဩခဲ့အယ်၊ ပစာကို့ လူများလို့ဟ ယုံကြည်ခြင်း မဆိကြဝူး။ အဲပင်းရင် ယေရှုဟ ပတ်ဝန်းကျင်ဆိ ရွာများဟို လှည့်လည်သွားယွေ့၊ လူလို့အား သွန်သင်အယ်။
ယေရှုဟလည်း “ငါဟ ခမည်းတော်ဆေဟို မတက်သွားရသေးလဲ့အတွက် ငါ့ဟို မထိနဲ့ဦး။ ငါ့ညီအကိုများဆေဟို သွားယွေ့ ‘ငါ့အဖဟူသော နင်လို့ရဲ့ ခမည်းတော်၊ ငါ့ ဘုရားသခင်ဟူသော နင်လို့ရဲ့ ဘုရားသခင်ဆေဟို ငါတက်သွားတော့မယ်’ ဟု သူလို့အား ပြောလော့” ဟု မိန့်အယ်။
ဘုရားသခင်ဟ ကြိုရွေးချယ်ထားသော သူလို့ဟို မိမိသားတော်ရဲ့ ပုံသဏ္ဌာန်တော်နဲ့အညီ ခွဲခန့်ထားအယ်။ အေးလို့ပြုလုပ်ခြင်းမှာ သားတော်ဟ ညီအကိုများထဲမှ သားဦးအရာ ဖြစ်စေချင်သောကျောန့် ဖြစ်အယ်။