17 ယေရှုဟ အေးအရာဟို ကြားရင်၊ “ကျန်းမာသူလို့ဟ ဆရာဝန်ဟို မလိုအပ်ကြ၊ ဖျားနေသူသာလျှင် လိုအပ်ကြအယ်။ ဖြောင့်မတ်သောသူဟို ခေါ်ရန် ငါ လာတာ မဟုတ်၊ အပစ်သားများဟို ခေါ်ရန်လာအယ်” ဟု သူလို့အား ပြောလေအယ်။
“နင်လို့ဟ ဟေလူပဲ့သူငယ်ထဲမှ တစုံတယောက်ဟို မထီမဲ့မြင် မလုပ်မိစေဖို့ သတိထားကြလော့။ နင်လို့အား ငါပြောတာဟ၊ သူလို့ရဲ့ ခေါန်းခင်တမန်များဟ ခေါန်းခင်ဘုံဆှင် ငါ့ခမည်းတော်ရဲ့ မျက်မှောက်နှိုက် အမြဲတမ်း ခစားလျက် ဆိကြအယ်။
အေးတိုင်းတိုင်း နောင်တရသော အပစ်သားတယောက်အတွက် ဘုရားသခင်ရဲ့ ခေါန်းခင်တမန်များ ဝမ်းသာခြင်းဆိအယ်ဟု နင်လို့အား ငါဆိုအယ်” ဟု ပြောအယ်။
သားကြီးဟ ‘ကျေ့မန့်၊ ငါဟ နှစ်ပေါင်းများစွာ အဖအတွက် အစေခံလို အလုပ်လုပ် ပေးခဲ့အယ်၊ အဖရဲ့ အမိန့်ဟို တခါမှ မငြင်းဆန်ဖူးဝူး။ အဖ ငါ့အတွက် ပစာပေးခဲ့လဲ။ ငါ့သူငယ်ချင်းတွေနဲ့ ပျော်ပွဲစားဖို့ ဆိတ်သငယ်တကောင်ဟိုမှ မပေးဝူး။
အေးနည်းတိုင်းတိုင်း နောင်တရစရာမလိုလဲ့ ဖြောင့်မတ်သောသူ ကိုးဆယ့်ကိုးယောက်ထက် နောင်တရလဲ့ အပစ်သားတဦးအတွက် ခေါန်းခင်ဘုံနှိုက် ပိုယွေ့ ကြီးသော ဝမ်းမြောက်ခြင်းဆိလိမ့်မယ်ဟု နင်လို့အား ငါဆိုအယ်။
ယေရှုဟ အေးသူလို့အား၊ “နင်လို့ဟ လူလို့ဆေ့မှာ မိမိတတ်တိုင်း ဖြောင့်မတ်ကျောန်း ဖော်ပြတတ်သူများ ဖြစ်ကြအယ်၊ အဲလိုလဲ ဘုရားသခင်ဟ နင်လို့ရဲ့ စိတ်နေလုံးဟို သိဆိအယ်။ လူလို့ အမြတ်တနိုးထားသောအရာဟ ဘုရားသခင်ရဲ့ ဆေ့နှိုက် စက်ဆုပ်ဖွယ် ဖြစ်အယ်။
လူသားဟ ပျောက်ဆုံးသောသူများဟို ဆာရန်နဲ့ ကယ်တင်ရန် လာခြင်းဖြစ်အယ်” ဟု သူ့ဟို ပြောအယ်။
အေးသူလို့ဟလည်း “နင်ဟ မွေးစဟပင် တကိုယ်လုံးနှိုက် ဒုစရိုက်အပစ်စွဲသောသူဖြစ်ပင်း ငါလို့ဟို သွန်သင်ဖို့ ကြိုးစားနေတာလား” ဟု ဆိုပင်း တရားဇရပ်မှ နှင်ထုတ်လိုက်ကြအယ်။
ကိုယ်တော်နဲ့အတူဆိနေသော ဖာရိရှဲအချို့လို့ဟ အေးစကားဟို ကြားယွေ့၊ “ငါလို့ဟလည်း မျက်စေ့ကန်းသောသူများ ဖြစ်ကြသလော” ဟု မေးကြအယ်။
နောင်တရယွေ့ ဘုရားသခင်ဆေဟို ချဉ်းကပ်ကြစေရန်နဲ့ ငါလို့ သခင် ယေရှုဟို ယုံကြည်ကြစေရန် ငါဟ ယုဒလူများနဲ့ လူမျိုးခြားများအား လေးနက်စွာ သတိပေးခဲ့အယ်။
ပထဦးဆုံး ဒမာသက်မြို့နှိုက်ဆိသော သူလို့ဟို လည်းကောင်း၊ အဲပင်းရင် ယေရုရှလင်မြို့မှစပင်း ယုဒပြေတပြေလုံးဆိ လူလို့အား လည်းကောင်း၊ လူမျိုးခြားလို့အား လည်းကောင်း အပစ်များမှ နောင်တရပင်း ဘုရားသခင်ဆေဟို ပြောင်းလဲကာ သူလို့ဟို နောင်တနဲ့ ထိုက်တန်သောအမှုများဟို ပြုကြရန် ငါ ဟောပြောခဲ့အယ်။
ခရစ်တော်ဟ ငါလို့ဟို ခပ်သိမ်းသော တရားမဲ့ခြင်းထဲမှ ရွေးနုတ်ကယ်တင်ရန်နဲ့ ကောင်းသောအမှုနှိုက် စိတ်အားထက်သန်လဲ့ မိမိပိုင်သော လူမျိုးဟို မိမိအတွက် သန့်ဆှင်းစေရန် ငါလို့အတွက် မိမိကိုယ်ကို စွန့်အယ်။