15 ကိုယ်တော်ဟ “ကမ္ဘာတဝှမ်းလုံးသို့ သွားယွေ့ လူသတ္တဝါအပေါင်းလို့အား ဧဝံဂေလိတရားဟို ဟောကြလော့။
အဲလိုမို့ နင်လို့ဟ သွားယွေ့ လူမျိုးတကာလို့ဟို ငါ့တဘဲ့ ဖြစ်စေကြလော့။ သူလို့အား ခမည်းတော်၊ သားတော်၊ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ နာမဟို အမှီပြုယွေ့ နှစ်ခြင်းမင်္ဂလာဟို ပေးကြလော့။
အဲလိုလဲ အဆုံးချိန်မရောက်ခင်၊ သတင်းကောင်းဟို လူမျိုးအပေါင်းလို့အား ဟောပြောရကြမယ်။
နင်လို့ဟ ငါ့ဟို ရွေးကောက်ကြတာ မဟုတ်၊ ငါဟ နင်လို့ဟို ရွေးကောက်သဖြင့် နင်လို့ဟ သွားယွေ့ တည်ကြည်သောအသီးဟို သီးနိန်မယ်အကျောန်းနဲ့ ငါ့နာမဟို အမှီပြုယွေ့ ခမည်းတော်မှာ တောင်းသမျှလို့ဟို ရမယ်အကျောန်း နင်လို့ဟို ငါ ခန့်ထားအယ်။
တဖန် ယေရှုဟ “နင်လို့နှိုက် ငြိမ်သက်ခြင်း ဆိစေမန့်။ ခမည်းတော်ဟ ငါ့ဟို စေလွှတ်လဲ့အတိုင်း၊ နင်လို့ဟို ငါ စေလွှတ်မယ်” ဟု မိန့်အယ်။
ရွေးကောက်သော တမန်တော်များဟို သန့်ဆှင်းသော ဝိညာဉ်တော်အားဖြင့် မိန့်မှာပင်းနောက် ခေါန်းခင်ဟို ဆောင်ယူခြင်းခံသော နေ့တိုင်အောန် ဖြစ်ပျက်သမျှလို့ဟို ပထမစာစောင်နှိုက် ငါရေးသား ဖော်ပြခဲ့အယ်။
အဲလိုလဲ နင်လို့ အပေါ်ဟို သန့်ဆှင်းသော ဝိညာဉ်တော် ဆင်းသက်သောအခါ နင်လို့ဟ တန်ခိုးနဲ့ ပြေ့လိမ့်မယ်၊ နင်လို့ဟ ယေရုရှလင်မြို့၊ ယုဒပြေတပြေလုံးနဲ့ ရှမာရိပြေမှ စယွေ့ ကမ္ဘာမြေကြီး အဆုံးတိုင်အောန် ငါရဲ့ အကျောန်းဟို သက်သေခံသူများ ဖြစ်ကြလိမ့်မယ်” ဟု မိန့်အယ်။
အဲလိုလဲ သူလို့ ကြားဝူးလားလို့ ငါ မေးအယ်။ သူလို့ ကြားရကြပီ။ “သူလို့ရဲ့ အသံဟ မြေတပြင်လုံးနှိုက် ပျံ့နှံ့သွားအယ်။ သူလို့ရဲ့ စကားများဟလည်း ကမ္ဘာအဆုံးထိအောန် ရောက်လေပီ”
အခု စလိုပဲဖြစ်ဖြစ် ပရောဖက်များ ရေးသားသောအရာအားဖြင့် လူမျိုးအားလုံးလို့ဟ ဘုရားသခင်ဟို ယုံကြည်ကာ ကိုယ်တော်ရဲ့ စကားဟို နားထောင်လာကြစေရန် ထာဝရ အသက်ဆှင်လဲ့ ဘုရားရဲ့ အမိန့်အရ အေးအမန်တရားဟ သိသာထင်ဆှားလာလေပီ။
ကိုယ်တော်ဟ ကြွလာယွေ့ အဝေးနှိုက် ဆိသော နင်လို့ဟို လည်းကောင်း၊ အနီးနှိုက် ဆိသော သူလို့ဟို လည်းကောင်း သင့်မြတ် ငြိမ်းချမ်းခြင်းနဲ့ဆိုင်သော ကောင်းမြတ်သော သတင်းဟို ဟောပြောအယ်။
အဲလိုမို့ နင်လို့ဟ မိမိလို့ရဲ့ ယုံကြည်ခြင်းဟို အုတ်မြစ်လို ခိုင်မာစေရန် ဆက်လက် ထိန်းသိမ်းရကြမယ်၊ နင်လို့ဟ ဧဝံဂေလိတရားဟို ကြားသိရသောအခါ ရဆိခဲ့သော မျော်လင့်ခြင်းမှ နင်လို့တတ်တိုင်း မယိမ်းယိုင်စေနဲ့။ ကမ္ဘာအနှံ့အပြားသို့ ဟောပြောရန်ဖြစ်သော အဲဧဝံဂေလိတရားအတွက် အစေခံဟ ငါ ပေါလုပင် ဖြစ်အယ်။
နင်လို့ဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်အကျောန်းဟို အမန်သိမျော် ခံစားရတာနဲ့မျှ သတင်းကောင်းဟ နင်လို့ဆေဟို ပျံ့နှံ့ယွေ့ လာအယ်။ အဲတိုင်းတိုင်း သတင်းကောင်းဟ ကမ္ဘာတဝန်းလုံးသို့ ပျံ့နှံ့ယွေ့ ကောင်းချီးမင်္ဂလာများ ခံစားလျက် ဆိအယ်။
ခမည်းတော်ဟ သားတော်အား လောကဟို ကယ်တင်ရန် စေလွှတ်ကျောန်းဟို ငါလို့ တွေ့မျော်ရယွေ့ သက်သေခံကြအယ်။
အဲပင်းရင် အခြားသော ခေါန်းခင်တမန် တပါးဟ ခေါန်းခင်အလယ်နှိုက် ပျံသန်းနေတာဟို ငါ မျော်အယ်။ သူဟ မြေကြီးပေါ်တွင် နေထိန်ကြသူများ တည်းဟူသော တိုင်းနိုင်ငံ၊ လူမျိုးနွယ်စု၊ ဘာသာစကား အမျိုးမျိုးပြောဆိုသော လူမျိုးအသီးသီးလို့အား ဟောပြောရန် ထာဝရတည်လဲ့ သတင်းကောင်းဟို ယူဆောင်လာအယ်။