10 သူမဟ သွားယွေ့ ကိုယ်တော်ရဲ့ အဖော်များဟို ပြောပြခဲ့အယ်၊ သူလို့ဟ ငိုက မြည်တမ်းကြအယ်၊
လူငယ်ဟ ရမ်းဆာ့ ချမ်းသာသူ ဖြစ်သောကျောန့် အဲစကားဟို ကြားသောအခါ ဝမ်းနည်းလျက် ထွက်သွားလေအယ်။
အဲပင်းရင် လူသားရဲ့ နိမိတ်လက္ခဏာဟ မိုးခေါန်းခင်တွင် ပေါ်ထွန်းလာလိမ့်မယ်။ မိုးချေးသားဟိုစီးလျက် ကြီးသောဘုန်းတန်ခိုးတော်ဖြင့် လူသားကြွလာတာဟို မြေကြီးပေါ်ဆိ လူအပေါင်းလို့ဟ မျော်ကြသောအခါ ငိုကြွေးမြည်တမ်း ကြလိမ့်မယ်။
ယေရှုဟ “မင်္ဂလာဆောင်ပွဲတွင် အပေါင်းအဖော်များဟ သတို့သားနဲ့အတူ ဆိနေချိန်နှိုက် ဝမ်းနည်းပူဆွေးကြမယ်လော။ ဝမ်းနည်းမယ် မဟုတ်ဘဲ သူလို့ဆေမှ သတို့သားဟို ခွဲခွာယူဆောင်သွားမဲ့ နေ့ရက် ရောက်လာလိမ့်မယ်။ အဲအခါ သူလို့ဟ အစာဆှောင်ကြလိမ့်မယ်။
အေးခဏတွင် ဒုတိယအကြိမ် ကြက်တွန်လေအယ်၊ အဲအခါ ပေတရုဟ “ကြက် နေကြိမ်မတွန်ခင် နင်ဟ ငါ့ဟို မသိဟူယွေ့ သုံးကြိမ်မြောက်အောန် ငြင်းဆိုလိမ့်မယ်” ဟု ယေရှု ပြောခဲ့လဲ့စကားဟို ပြန်လည်သတိရသဖြင့် ချုံးပွဲချယွေ့ ငိုကြွေးလေအယ်။
ယေရှုဟ သူလို့အား “နင်လို့ဟ ခရီးသွားရင်းနဲ့ ပစာအကျောန်းအရာဟို ပြောနေကြနှင်း” ဟု မေးလေအယ်။ သူလို့ဟ မျက်နှာညှိုးငယ်စွာနဲ့ အဲနေရာတွင် တန်နေကြအယ်။
ဟေအကျောန်းအရာဟို ငါပြောသောကျောန့် နင်လို့ နေလုံးသားဟ ဝမ်းနည်းခြင်းနဲ့ ပြေ့လျက် ဆိကြအယ်။
အဲလိုမို့ မာဂဒလရွာသူ မာရိဟ တဘဲ့တော်လို့ဆေဟို သွားယွေ့ သခင်ဘုရားဟို ငါတွေ့မျော်ကျောန်းနဲ့ သခင်ဘုရားဟ စလို မိန့်ကျောန်းဟို ပြောကြားလေအယ်။