7 အဲအချိန်တွင် ဗာရဗ္ဗနာမယ်ဆိသော အမျိုးသားတဦးဟ ပုန်ကန်ထကြွမှုနှိုက် လူသတ်မှုကျူးလွန်ခဲ့သော သူပုန်များနဲ့အတူ အကျဉ်းထောင်ထဲတွင် ဆိနေအယ်။
အေးအချိန်နှိုက် ယေရှု ဗာရဗ္ဗဟု ခေါ်လဲ့ နာမယ်ဆိုးနဲ့ အကျဉ်းသား တယောက် ဆိအယ်။
ပိလတ်မင်းဟ ပသခါပွဲ ကျရောက်လေတိုင်း လူလို့တောင်းဆိုလဲ့ စလိုအကျဉ်းသမား တယောက်ဟို လွတ်ငြိမ်းချမ်းသာခွင့် ပေးလေ့ဆိအယ်။
လူအုပ်လို့ဟ ရောက်လာကြပင်း သူလို့ လုပ်လေ့ဆိလဲ့အရာဟို သူလို့အတွက် လုပ်ပေးဖို့ ပိလတ်မင်းဟို တောင်းဆိုကြအယ်။
ပုန်ကန်ထကြွမှု၊ လူသတ်မှုကျောန့် ထောင်ထဲရောက်နေသောသူဟို လူများ တောင်းဆိုလဲ့အတိုင်း လွှတ်ပေးပင်းရင် ယေရှုဟို သူလို့ လုပ်ချင်သမျှအတိုင်း လုပ်ကြစေဖို့ အပ်လိုက်အယ်။