47 မာဂဒလမြို့သူ မာရိနဲ့ ယောသပ်ရဲ့ အမေ့ မာရိလို့ဟ ယေရှုရဲ့ အလောင်းဟို ပစာနေရာနှိုက် ထားကြတာဟို ကျေ့ကြအယ်။
အေးသူလို့အထဲတွင် မာဂဒလမြို့သူ မာရိ၊ ယာကုပ်နဲ့ ယောသပ်လို့ရဲ့ အမေ့ဖြစ်သူ မာရိနဲ့ ဇေဗေဒဲရဲ့ပေါင်အိုမလို့ ပါကြအယ်။
လုတ်တိုင်းဆေ့တွင် မာဂဒလမြို့သူ မာရိနဲ့ တခြားမာရိလို့ဟ ထိန်လျက် ဆိနေကြအယ်။
ဥပုသ်နေ့ပင်းနောက် တနင်္ဂနွေနေ့ မိုးလင်းခါနီး အချိန်နှိုက် မာဂဒလမြို့သူ မာရိနဲ့ တခြားမာရိလို့ဟ လုတ်တိုင်းဟို သွားကျေ့ကြအယ်။
အဝေးကနေ လှမ်းကျေ့နေလဲ့ အမျိုးသမီးအချို့ ဆိနေအယ်။ အေးသူလို့အထဲတွင် မာဂဒလမြို့သူ မာရိ၊ မောင်ငယ် ယာကုပ်နဲ့ ယောသပ်လို့ရဲ့ အမိဖြစ်သူ မာရိနဲ့ ရှာလုံလို့ ပါအယ်။
ယောသပ်ဟ ပိတ်ချောဟို ဝယ်ယွေ့ အလောင်းဟို လက်ဝါးကပ်တိုင်မှ ချယွေ့ ပိတ်ချောဖြင့် ပတ်ကာ၊ ကျောက်ဆောင်ဟို ထွင်းထားလဲ့ လုတ်တိုင်းဂူနှိုက် ထားလေအယ်။ အဲပင်းရင် လုတ်တိုင်းဝတွင် ကျောက်တုံးကြီးဟို လှိမ့်ချလိုက်အယ်။
ဥပုသ်နေ့ လွန်သွားသောအခါ၊ မာဂဒလမြို့သူ မာရိ၊ ယာကုပ်ရဲ့ အမေ မာရိနဲ့ ရှာလုံလို့ဟ ယေရှုရဲ့ အလောင်းဟို သွားယွေ့ လိမ်းရန် ဆီမွှေးများဟို ဝယ်ယူကြအယ်။
ဂါလိလဲပြေမှ ယေရှုနဲ့ လိုက်လာခဲ့ကြသော အမျိုးသမီးများဟလည်း ယောသပ်နောက်ဟို လိုက်ယွေ့ လုတ်တိုင်းဟို လည်းကောင်း၊ ယေရှုရဲ့ အလောင်းဟို စလို ထားတာဟို လည်းကောင်း တွေ့မျော်ကြအယ်။